28.10.08

File list များကို အလွယ်တကူ Print ထုတ်ခြင်း

မိမိတို့ စက်ထဲမှာ ရှိတဲ့ စာရွက်ဖိုင်လေးများကို စာအုပ်များထဲတွင် ဘောပင်နှင့် ရေးသွင်း၊ ထည့်သွင်း မှတ်သား နေမည့်အစား ကွန်ပျူတာဖြင့် ထုတ်ယူမည်ဆိုပါက ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ နည်းလမ်းသည်လဲ ခက်ခက်ခဲခဲ မဟုတ်ပါ။ အသုံးဝင်သော နည်းလမ်းဖြစ်သည့် အတွက် ဖော်ပြပေးလိုက်ပါသည်။

၁) Notepad ကို ဖွင့်ပါ။
၂) Notepad ထဲတွင် အောက်ပါ စာသားကို Copy ကူးယူ ထည့်လိုက်ပါ။

@echo off
dir %1 /o:g > c:\directory.txt
start /w notepad /p c:\directory.txt
del c:\directory.txt
exit

၃) ပြီးလျှင် print_directory.bat နာမည်ဖြင့် Save လိုက်ပါ။
၎) မိမိ ထုတ်ချင်သည့် ဖိုင်နာမည်များရှိသည့် Folder (ဥပမာ-C: ထဲရှိ Folder တစ်ခုထဲရှိ File list များကို ထုတ်ချင်ပါက) ထဲသို့ အဆိုပါ ဖိုင်ကို ထည့်ပြီး Click နှစ်ချက်နှိပ်ပါက Cmd Box ပေါ်လာပြီး Print ထုတ်ပေးသွားပါလိမ့်မည်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

nyimuyar said...

very useful, and thanks for sharing