27.10.08

စာအုပ် လုပ်ကြရအောင်

ယခု ဖော်ပြမယ့် စာအုပ် ပြုလုပ်မည့် နည်းလမ်းကို လူတိုင်း သိပြီး ဖြစ်နိုင်သလို မသိသူ များစွာ ရှိမည် ဖြစ်ပါသည်။ သို့ကြောင့် ဖော်ပြပေးလိုက်ပါသည်။ Microsoft Word တွင် စာအုပ်ထုတ်ဝေသည့် ပုံစံချပြီး Printout ထုတ်နိုင်သည်။ အောက်ပါအတိုင်း ပြုလုပ်ပါ။
(၁) မိမိရိုက်ချင်သည့် စာရွက်ကို ရွေးပါ။ (ဥပမာ - A4 ၊ Legal)
(၂) ပြီးလျှင် Page Setup သို့သွား၍ Margin ကို မိမိစိတ်ကြိုက် ပြုပြင်ပါ
(၃) စာအုပ်ဖြစ်သည့်အတွက် Margins ----- Orientation မှ Landscape ကို ရွေးချယ်ပါ
(၄) အောက်တွင် ပြသထားသည့်အတိုင်း Margins ၏ Pages ရှိ multiple pages: တွင် Book Fold ကို ရွေးချယ်ပါ။ Sheets per booklet: Auto ကို ရွေးချယ်ပါ။



(၅) ပြီးလျှင် Ok ။
(၆) စာ စတင်ရိုက်နိုင်ပါပြီ။ Print out ထုတ်သည့်အခါတွင် စာအုပ်တစ်အုပ် ပုံစံကို Auto Print ထုတ်ပေးသွားမှာ ဖြစ်ပါသည်။ အဆင်ပြေချောမွေ့ကြပါစေ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

Thanks for many of your posts that I've used as a reference for my blog.