14.10.08

ကျွန်တော်နှင့် သီတင်းကျွတ်ည

ဒီနေ့ တစ်နေ့လုံး အိပ်လိုက် စားလိုက် နေခဲ့သည်။ ညနေ ရောက်တော့ ကျွန်တော်ရဲ့ အစ်ကိုရင်း တမျှ ခင်ရတဲ့ အစ်ကိုတစ်ယောက်နဲ့ ထုံးစံအတိုင်း လမ်းလျှောက် ဖြစ်သည်။ မနေ့ကရယ် ဒီနေ့ရယ် သပြေကုန်းရှိ လ္ဘက်ရည်ဆိုင်အထိ လမ်းလျှောက် ဖြစ်သည်။ သီတင်းကျွတ်လပြည့်ည ဖြစ်တဲ့အတွက် နေရာတိုင်းတွင် မီးရောင်စုံ ထိန်လင်းနေသည်။ လူတကာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရယ်ရယ်မောမောဖြင့် လမ်းသလား နေကြသည်။ ကားလမ်းပေါ်တွင် ဆိုင်ကယ်များမှာလဲ ပလူပျံနေသည်။ ဆိုင်ကယ်များသည် များသောအားဖြင့် စုံတွဲလေးများ ဖြစ်သည်။ အားကျ မိသည်။ ဒီလိုနေ့မျိုးဆိုတာ မိမိအတွက် မဟုတ်ပါလားဟု တွေးမိသည်။

စုံတွဲလေးများ လက်ချင်း ချိတ်ပြီး သွားနေတာ မြင်ရတော့ တစ်ခုခုကို လွမ်းသလို ခံစားရသည်။ မိမိကိုယ် မိမိလဲ အားငယ်မှုကို ခံစားလိုက်ရသည်။ သီတင်းကျွတ် လပြည့်နေ့သည် မိမိအတွက် အထီးကျန် နေ့ရက် တမျှပင်။ အမှန်တော့ ဒီနေ့က ကျွန်တော့်ကို မွေးဖွားတဲ့ လပြည့်ည ဖြစ်သည်။

လ္ဘက်ရည်သောက်ပြီး အပြန်လမ်းတွင် စုံတွဲလေးများ၊ ရယ်မောနေသော မိသားစုများကို ကြည့်ရင်း လွမ်းဆွတ် တမ်းတမှုများဖြင့် လေးပင်စွာ ပြန်လာတော့သည်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Younggun said...

အစ်ကို့မွေးနေ့လပြည့်နေ့မှာပဲ မာကျူရီဂြိုဟ်က အတည့်ပြန်သွားပြီး စန်းဆိုတဲ့ တနင်္လာနဲ့ အားအပြည့်မြင်ပါတယ်။ ဒီထက်ပညာရည်မြင့်မားပြီး အတွေးသစ်စိတ်ကူးသစ်တွေရလာဦးမယ်လို့ ထင်ပါတယ်။ ပညာနဲ့ ပိုက်ပိုက်တွေ တနင့်ကြီး ရလာဦးမှာပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ ဗေဒင်ဟောတာ မဟုတ်ဘူးနော်။