30.8.08

တစ်နှစ်ပြည့် အမှတ်တရ

မိမိရဲ့ ဘလော့ကို ၂၃-၁၀-၂၀၀၇ ရက်နေ့ ကတည်းက စတင်ရေးသား လာခဲ့သည်မှာ တစ်နှစ်ပင် ပြည့်မြောက် တော့မည် ဖြစ်ပါတယ်။ ဘလော့ရေးနေစဉ်အတွင်း အခက်အခဲမျိုးစုံကို ရှာဖွေဖြတ်သန်းခဲ့ရပါတယ်။ မိမိရဲ့ ဘလော့ဟာ အများသူငှာ အတွက် အကျိုးထိရောက်မှု ရှိ/မရှိကိုတော့ ခုချိန်ထိ မသိရှိရသေးပါ။ မိမိအနေနှင့် ဖတ်မိသော် အကျိုးရှိစေ ဆိုသော အတွေးကို လက်ကိုင်ပြုပြီး ရေးသားခဲ့ပါတယ်။ အမှန်ဆိုလျှင် မိမိသည် လခစား အလုပ်သမား ဖြစ်သည့်အတွက် အားလပ်ချိန် နည်းပါတယ်။ သို့ပေမယ့် အားလပ်သည့် အချိန်တိုင်းတွင် ဘလော့ကို ပြေး၍ အားဖြည့် ရေးသားနေပါတယ်။

စာဖတ်သူအချို့၏ comment များဟာ ကျွန်တော်အတွက် အမောပြေ စေပါတယ်။ နည်းပညာ အသေးစား လေးများသာ ရေးနိုင်သေးတဲ့ အတွက် တကယ်အားပေး ဖတ်ရှုသည့် စာဖတ်သူများကို အားနာမိပါတယ်။ အားလပ်သည့်အချိန်များမှာ တိုးတက်သည့် နည်းပညာများကို အားဖြည့် ရေးသားသွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မောင်စေတနာ

7 ယောက် မှတ်ချက်ပြုသည်:

မောင်မောင် said...

နာမယ်နဲ့လိုက်ဖက်အောင် စေတနာထားတတ်တဲ့ ဘလော့မို့ လို့ ကျွန်တော်အမြဲ အားပေးနေပါတယ်ဗျာ။
ဆက်လက်ပြီး များများရေးနိုင်ပါစေ။

ဒီဇင်ဘာနှင်း said...

တစ်နှစ်ပြည့် အမှတ်တရမှသည် နောင်နှစ်ပေါင်းများစွာတိုင် အမှတ်တရနှစ်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ

တင့်ထူးရွှေ said...

ဟေး ဘရို ... ဆက်သာချဗျို့ ၊ အားပေးနေတယ် ၊ပို့စ်ကောင်းလေးများနဲ့ ရှေ့ဆက်နိုင်ပါစေ ..။

နေမျိုး said...

ကိုစေတနာကိုအမြဲအားပေးနေတယ်ဆိုတာပါပဲ့
အရမ်းလေးစားဂုဏ်ယူပါတယ်။ဆက်လုပ်ပါ
အမြဲအားပေးနေတယ်နော်

kothantzin said...

စေတနာ ရောင်ပြန်ဟပ်စမြဲပါ ကိုစေတနာရေ
စေတနာများစွာအတွက် ကျေးဇူးကမ္ဘာပါ
အသိနောက်ကျလို့ စိတ်မကောင်းဖြစ်မိပါတယ်
ပညာပါရမီ ဆက်လက်ဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလျှက်

Anonymous said...

အကိုရေ့ အကိုကြိုးစားသမျှ အားလုံးဟာ အရမ်းကို
တန်ဖိုးရှိလှပါတယ်။ အကို့ကိုလည်းအရမ်းလေးစားပါ
တယ်။ ဆက်လက်ကြိုးစားပါ။ အမြဲအားပေးနေတယ် သိလား။ အကိုအခုတနှစ်ပြည့်ဆိုတော့လည်း
နောင် နှစ်ပေါင်းများစွာတည့်တံ့နိုင်ပါစေ။ ယခုအခြေ
အနေထက်များစွာတိုးတက်နိုင်ပါစေလို့ ကျနော်ဆု
တောင်းပေးလိုက်ပါတယ် အကို။ အကို အမြဲတမ်း
ကျန်းမာချင်း၊ချမ်းသာချင်းသုခများစွာခံစားရပါစေ...
အကို့ကိုအမြဲအားပေးနေတဲ့ နေမျိုး

အောင်ပွင့် said...

ကိုစေတနာကိုအရမ်းလေးစားဂုဏ်ယူပါတယ်။ဆက်လုပ်ပါ
အမြဲအားပေးနေတာမက အစ်ကိုထံမှ ယခုမှစ၍သင်ဆဲပါနော်။ Thank you Brother.