1.6.08

အင်္ဂလိပ်အဘိဓာန်လေး သုံးကြစို့

ရုံးပိတ်ရက်တွေမှာ ပျင်းပျင်းနဲ့ Web ပေါ် လျှောက်လည် ခဲ့တာ ဆော့ဝဲလ်ကောင်း လေး တစ်ခု ရခဲ့ပါတယ်။ ယနေ့ ခေတ်ဟာ အိုင်တီခေတ် ဖြစ်တာနဲ့အညီ နည်းပညာတွေဟာလဲ လိုက်လို့ မမီနိုင်အောင်ပါပဲ။ (ဒါပေမယ့် မီအောင် လို့ ဒရွတ်တိုက် လိုက်နေတယ် ဟီး ဟီး) ယနေ့ခေတ်ဟာ ကွန်ပျူတာ ခေတ်ဖြစ်တာနဲ့ အညီ မိမိ သိချင်တဲ့ အင်္ဂလိပ် မြန်မာ အဓိပ္ပါယ် များကို အဘိဓာန် စာအုပ်ကြီးနဲ့ လှန်ရှာနေရမယ့် ခေတ်မဟုတ် တော့ပါဘူး။

ကွန်ပျူတာနဲ့ အချိန်တိုအတွင်း ရှာနိုင်အောင် နည်းပညာ ပညာရှင်များဟာ ကြိုးစား ပမ်းစား ပြုလုပ်နေကြပါပြီ။ အင်္ဂလိပ် - အင်္ဂလိပ် သုံးလို့သာ ရတဲ့ bobylon ဆော့ဝဲလ်တွင် အင်္ဂလိပ် - မြန်မာ အဘိဓာန် အသုံးပြုလို့ ရအောင် ဆော့ဝဲလ်လေးကို ပဒုမ္မာဝက်ဆိုက်က တီထွင်ကြံဆ ပြုလုပ်ထားပြီး မျှဝေ ပေးထားပါတယ်။ စာဖတ်သူများ သိပြီးလျှင်လဲ သိပြီမှာပါ။ သို့သော် လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ Bobylon ကို ဒီမှာ Click လုပ်ယူပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်အဖြစ် အသုံးပြုရန် ဖိုင်ပါ ပါရှိပါတယ်။

အသုံးပြုနည်းကို ပြောပြပါမယ်။ အရင် ဦးစွာ babylon ဆော့ဝဲလ်ကို အင်စတော လုပ်ပါ။ ပြီးပါက file ကို ဖွင့်လိုက်ပါ။
ပြီးလျှင် ညာဘက် ထောင့်ထိပ်တွင် ရှိသော Option ကို နှိပ်လိုက်ပါ။



အထက်တွင် ပြထားသည့်အတိုင်း install dictionaries from disk ကို ရွေးလိုက်ပါ။ Open box ကျလာလိမ့်မည်။ ထိုအခါတွင် အင်္ဂလိပ် - မြန်မာ အဘိဓာန်ဖိုင်လေးကို မိမိ သိမ်းထားသည့် နေရာမှာ Open လုပ်ပါ။ သူ့ဟာ သူ အင်စတော လုပ်သွားပါလိမ့်မယ်။ ခဏစောင့်ပါ။ နှစ်မိနစ်လောက် ကြာတဲ့အခါမှာ စတင် အသုံးပြုလို့ ရပါပြီ။

ဒီဆော့ဝဲလ်ရဲ့ အားသာချက်က မိမိ မသိတဲ့စာလုံးပေါ်မှာ Ctrl + Right Click နှိပ်ရုံဖြင့် အဘိဓာန် ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ သီးသန့် ရိုက်ရှာစရာ မလိုပါ။ ရိုက်ရှာချင်လဲ ရပါတယ်။ ကဲ ပျော်ရွှင်နိုင်ကြပါစေ။ အဆင်မပြေတာ များရှိပါက Comment မှာ ရေးသွားပါ။ ပြန်လည် ဖြေကြားပေးပါမယ်။


မောင်စေတနာ

12 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

I was very happy when I saw that program.But it is not valid for win 32 after downloded and installed.

Please help.It is very useful to me to study the english book.

မောင်စေတနာ said...

ဘယ်လို ပြဿနာဖြစ်ပြီး ဘယ်လိုဖြစ်နေတာ ကျွန်တော်လဲ နားမလည်ဘူးဖြစ်နေတယ်ဗျို့။ သေချာသိချင်ရင် အီးမေးလ်နဲ့ မေးနိုင်ပါတယ်။. အစွမ်းကုန်ကူညီပါမယ့်။

မောင်စေတနာ

ပြည်ချစ်သား said...

ကျေးဇူးပဲဗျို့..ကြားဖူးတာကြာပြီ.အခုမှပဲ သိတော့တယ်...တကယ်ကို ကျေးဇူးတင်ပါတယ်..ဒီထက်ပိုပြီး ရေးနိုင်ပါစေဗျာ..

Unknown said...

လုပ်ပါအုံးဗျာ ဘလော့ပေါ်မှာ သီချင်းတွေတင်ချင်တာဗျာ ဘလော့ကိုဝင်ကြည့်တဲ့သူကိုလည်း ဒေါင်းလော့ပေးချင်တယ်ဗျာ မလုပ်တတ်လို့ ကျေးဇူးပြုပြီးတင်ပေးပါအုံး

putra said...

babylon ကအခုexpireဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ။ကူညီပါအုံး........

putra said...

babylon ကအခုexpireဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ။ကူညီပါအုံး........

putra said...

babylon ကအခုexpireဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ။ကူညီပါအုံး........

Anonymous said...

ကိုမောင်ဇာခင်ဗျာ။

expire ဖြစ်သွားရင်လဲ အပေါ်မှာ ဖော်ပြထားတဲ့ လုပ်နည်းတွေအတိုင်းသာ ပြန်လုပ်လိုက်ပါ။ ပြန်သုံးလို့ရပါတယ်။

မောင်စေတနာ

Usoethein said...

ကျွန်တော်ဒေါင်းထားတဲ့vision8ကoptionsမပါလိုဘယ်လိုလုပ်ရမလဲ။ကူညီပါဦး။ဒါကို၎ရက်ရှိပြီ

Anonymous said...

8 version ဆိုရင်တော့ Translate ဘေး Configuration ဆိုတဲ့ အရာလေး ရှိပါတယ်။ အဲဒီမှာ ပြောင်းလဲနိုင်ပါတယ်။

မောင်စေတနာ

ကိုနေ said...

အကိုမောင်စေတနာ ခင်ဗျာ... လေးစားလျှက်ပါ.. အဘိဓာန်အသုံးပြုဖို့.. လိုင်စင်တောင်းနေပါတယ်.. ဘယ်လိုလုပ်ရမယ်ဆိုတာလေးကို ဖြေကြားပေးစေလိုပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်

မောင်ကြီး said...

အစ်ကိုရေ လုပ်ပါအုံးဗျာ
Window XP မှာ Run ရှာမရ ဖြစ်နေလို့ပါ