Showing posts with label Game များ. Show all posts
Showing posts with label Game များ. Show all posts

28.11.10

Animal Game


မအားလပ်လို့ Post အသစ်များ ရေးမတင်နိုင်တာ အတော်ပင် ကြာပါပြီ။ မိမိ အပျင်းပြေ ဆော့ကစားနေတဲ့ ဂိမ်းလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ သိတဲ့လူတွေ သိပါတယ်။ Animal Game လေးပါ။ အင်စတောလုပ်စရာ မလိုပါဘူး။ ပေါ့ပါးပြီး ဆော့ကစားလို့ ကောင်းပါတယ်။

တူညီတဲ့ အကောင်လေးတွေကို အချိန်တိုအတွင်းမှာ ချိတ်ဆက်ပေးရတဲ့ ကစားနည်းလေးပါ။ မျက်စိလျင်မြန်မှု၊ ဥာဏ်ရည် မြင့်မားမှုကို ပေးစွမ်းနိုင်တယ်လို့တော့ ဖတ်ဖူးပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ မျက်စိတော့ တော်တော်ညောင်းပါတယ်။ စိတ်ဝင်စားရင်ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

15.9.10

Governor of Poker 2


အပျင်းပြေတယ်လို့ ဆိုရမယ့် ဂိမ်းပါ။ စိတ်လှုပ်ရှားစရာ မလိုပဲ ဆော့ကစားလို့ ကောင်းပါတယ်။ Governor of Poker Game လေးပါ။ ဆော့ချင်လို့ ရှာဖွေထားတာပါ။ စာဖတ်သူများကို ပြန်လည်မျှဝေပေးပါတယ်။ Upload Site အခက်အခဲကြောင့် ဖိုင်လေးခု ခွဲတင်ထားပေးပါတယ်။ winrar နဲ့ ပြန်ပေါင်းရမှာပါ။ အဆင်ပြေပါစေ။

Download (1) , Download (2) , Download (3) , Download (4)

မောင်စေတနာ

23.3.10

Tank Wars Game


အပျင်းပြေ ဆော့ကစားဖို့ အင်စတောလုပ်စရာမလိုပဲ ဖိုင်ဆိုဒ်သေးတဲ့ ဂိမ်းလေးတွေ ဖော်ပြ ပေးချင်ပါတယ်။ လွယ်ကူစွာ ဆော့ကစားနိုင်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းလေးပါ။ Tank Wars Game အမည်ရပါတယ်။ ဆော့ကစားချင်သူများ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

19.11.09

Red Alert 2 Game

၂၀၀၃/ ၂၀၀၄ တုန်းက သဲကြီးမဲကြီး ဆော့ကစားတဲ့ ဂိမ်းပါ။ ထမင်းမစား၊ ဟင်းမစားနဲ့ နေ့မအိပ်၊ ညမအိပ် ဆော့ကစားတဲ့ ဂိမ်းလဲ ဖြစ်ပါတယ်။ အဲဒီဂိမ်းကတော့ လူတိုင်းသိတဲ့ Red Alert Game ပါ။ စစ်တိုက်ရာမှ ငွေကြေးတောင့်တင်းဖို့၊ လူအင်အားများဖို့၊ ပရိယာယ်ကြွယ်ဝဖို့ စတာတွေ အများကြီးလိုတဲ့ ဂိမ်းလေးပါ။


နေရာတိုင်းမှာလဲ ရှိနေပါတယ်။ မိမိလဲ သူငယ်ချင်းတစ်ယောက် အကူအညီကြောင့် ရခဲ့တာပါ။ သူငယ်ချင်း ပို့ပေးလို့ ဒီဂိမ်းလေးကို ရရှိခဲ့ပြီး ဆော့ကစားခဲ့တာပါ။ အခု လိုအပ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download (1) Download (2) ယူပေတော့။

မောင်စေတနာ

8.11.09

ဆိုင်ကယ်ပြိုင်မောင်းမယ်


ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။

မောင်စေတနာ

17.10.09

Cartoon Network Game


Cartoon Network က နာမည်လဲ တော်တော်ကြီးသလို ကလေးလူကြီး ကြိုက်တဲ့ ရုပ်မြင်လိုင်းတစ်လိုင်း ဖြစ်ပါတယ်။ မိမိတောင် ကာတွန်းကားများနဲ့ လက်မလွှတ်သေးပါဘူး။ (ဟီး ကလေးစိတ် မကုန်သေးဘူးလို့ မပြောနဲ့နော်) အင်တာနက် သုံးရင်းနဲ့ ထူးထူးခြား ဂိမ်းလေး ရလာတယ်။ Cartoon Network Game တွေ။ ၅၁ မျိုးတောင် ပါတယ်။

ဂိမ်းတွေက Flash တွေဆိုတော့ Install လုပ်စရာ မလိုသလို တော်တော် ပေါ့ပါးတယ်။ ရှိလှ ဂိမ်းတစ်ခုကို 1 MB ပေါ့။ အပျင်းပြေ လျှောက်ဆော့ကြည့်တာ တစ်မျိုးတော့ ကောင်းတယ်။ ဆော့ရင်းနဲ့ အိပ်ပျော်သွားတယ်။ ဟီး။ နောက်တာ။ လိုချင်ရင် ယူစေဗျာ။ Download ။

မောင်စေတနာ

14.8.09

Mario Forever Game


မိမိတို့ ကလေးဘ၀တုန်းက ဂိမ်းစက်တွေ စပေါ်တော့ Family Game ပါ။ နောက်တော့ နီပန်ဒိုး။ ပြီးတော့ Sony Game။ PS2 ... PS3 , Network Game စသဖြင့် ပေါ်လာခဲ့တယ်။ မည်သည် ဂိမ်းအမျိုးအစားနဲ့ ကစားနည်းသစ်တွေ ပေါ်စေခဲ့မူ မိမိတို့ရဲ့ အသည်းမှာ စွဲနေခဲ့တဲ့ ကစားနည်းတစ်ခုကတော့ Mario Game လေးပါ။

အဲဒီ ဂိမ်းလေးကို ဆော့ကစားချင်စိတ် ဖြစ်မိတာနဲ့ အင်တာနက်မှာ ပြန်လည်ရှာဖွေခဲ့ပါတယ်။ ဖရီးနဲ့ အပြည့်ဆော့လို့ရတာကို ရှာရသေးတယ်။ ရလာတော့ ကွန်ပျူတာထဲ သွင်းပြီး ဆော့ကြည့်တယ်။ အရင်အတိုင်းပဲ ဆော့ကောင်းဆဲပါ။ ကဲပါလေ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

13.7.09

Secret Maryo Game


တစ်နေ့က အပျင်းပြေ Super Mario ဆော့ချင်တာနဲ့ ဒေါင်းယူခဲ့တာ လိုချင်တာ မရပဲ Mario နဲ့ ခပ်ဆင်ဆင် ဂိမ်းလေးတစ်ခု ရခဲ့ပါတယ်။ ဆော့ကြည့်တော့ ကောင်းတယ် ဆိုရမယ်။ ဒါကြောင့် စာဖတ်သူတွေလဲ အပျင်းပြေ ဆော့ကစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download ယူပါ။ ပျော်ရွှင်ပါစေ။

မောင်စေတနာ

11.7.09

Cbox တောင်းဆိုချက်


ကိုသုခမိန်ရေ . .. ကြောင်ရုပ်မလိုချင်ရင်တော့ ဒါလေးတစ်ခု ရှိပါတယ်။ နောက်ထပ်မရှိတော့ပြီမို့ ထပ်မတောင်းဆို နဲ့တော့နော်။ ဒီမှာ ယူပါဗျာ။ ပျော်ရွှင်စေချင်တဲ့။


မောင်စေတနာ

10.7.09

ကြောင်မွေးမယ်


မိမိရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ ကြောင် မွေးချင်တယ်ဆိုရင်တော့ ဒီမှာသာ ယူလိုက်ပါ။ ကြောင်ရုပ်ကလေးက ချစ်စရာကောင်းပြီး အရမ်းအဆော့သန်ပါတယ်။ မွေးတဲ့သူများ နိုင်အောင် ထိန်းဖို့တော့လိုတယ်နော်။ ကြောင်ချစ်သူများ ပျော်ရွှင်ပါစေ။


မောင်စေတနာ

25.6.09

Quake 3 Arena Game


Counter Game နဲ့ နင်လား ငါလားပဲ။ ပစ်မယ် ခတ်မယ်။ ကွန်ပျူတာ ဂရပ်ဖစ် အများကြီး မလိုဘူး။ ဆော့ကောင်းတယ်။ ခေတ်မီတယ်။ ဆော့ပြီးရင် ဆော့ချင်လိမ့်မယ်။ ကြိုက်တဲ့ ဇာတ်ကောင်ကို ရွေးဆော့နိုင်တယ်။ ရန်သူကို အမုန်း ပစ်ခတ်လို့ ကောင်းတဲ့ သေနတ်တွေ ပေးတယ်။ ပြောရင်နဲ့ ဆော့ချင်နေပြီး မဟုတ်လား။ ယူတော့ဗျာ ဒီမှာ Download ။

မောင်စေတနာ

1.2.09

Hello Mario Game


Mario Game ကလေးဘ၀ထဲက သည်းသည်းမဲမဲ ဆော့ကစားခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ယခု အသက်အရွယ် အရလဲ ဂိမ်းများကို ဆော့တဲ့အခါ red alert 2 ၊ warcraft တို့ ကစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ ကောင်းတုန်းဖြစ်တဲ့ Mario Game လေးကို ရံဖန်ရံခါ ကစားတတ်ပါတယ်။



မိမိလို ကစားချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်း(၂)မျိုး ထည့်သွင်း ထားပါတယ်။ အပေါ်မှာ ပြထားတဲ့ ဂိမ်းက မှိုပွင့်နဲ့ ပစ်မယ်ဆိုရင် Z Key ကို နှိပ်ရပြီး ခုန်ချင်တယ် ဆိုရင် A Key ကို နှိပ်ရပါတယ်။ အောက်ပုံက ကစားနည်းကတော့ သေနတ်နဲ့ ပစ်ရတာပါ။ Mouse Left Click နဲ့ ပစ်ခတ်ရပါတယ်။ (၂)မျိုးပေါင်းမှ ( 2 MB)ကျော်ပဲ ရှိပါတယ်။ ပေါ့လွန်းပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

12.1.09

ရန်သူစခန်းကို ၀င်ရောက်စီးနင်းမယ်

ဂြိုလ်သားလိုလို အကောင်တွေ ကျွန်းစခန်းကို တိုက်လေယာဉ်များ ဆင်းသက်ပြီး မိမိက ကွန်မန်ဒို စစ်သား တစ်ဦး အနေဖြင့် စစ်တိုက်ရမည် ဖြစ်သည်။ ကောင်တာ ဂိမ်းနှင့် ခပ်ဆင်ဆင်ပင်။ စိတ်ဝင်စားဖွယ် ကောင်းလောက်အောင် မြင်ကွင်းစုံ ပါဝင်သည်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။


မောင်စေတနာ

8.1.09

သရဲတွေ သတ္တ၀ါတွေနဲ့ ပစ်ခတ်မယ်

ညကြီး မှောင်ကြီးမဲကြီးထဲမှာ ကိုယ်က တစ်ယောက်ထဲ။ လက်ထဲမှာက သေနတ်တစ်လက်။ ရန်သူတွေကို နှိမ်နင်းဖို့ သရဲအိမ်ကို ရောက်နေတယ်။ သရဲတွေအပြင် မိချောင်းလို အကောင်တွေက ရှိသေးတယ်။ ဒင်းတို့ကို သတ်ဖြတ်လိုက်ရင် သေနတ်ကျည်တောင့်တော့ ရတယ်။ ဒါကြောင့် သူတို့ကိုလဲ သတ်ဖြတ် မိမိအတွက်လဲ ကျည်ဆံရတော့ ပစ်ပေတော့။ ဂိမ်းကြော်ငြာဝင်နေတာပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

3.1.09

Zoombieshooter ဂိမ်းဆော့ဝဲလ်


မိုးရေထဲမှာ မချမ်းနိုင်ပါဘူး။ ကိုယ်လျှောက်ရမယ့် လမ်းပေါ်မှာ ကြွက်တွေက ရောက်လာခဲ့တယ်။ ကြွက်ကိုက်တာ နာမနာတော့ မသိဘူး။ များများကိုက်ရင် သေတာပါပဲ။ ဒီတော့ ကြွက်မြင်ရင် ဓါးနဲ့ ခုတ်ရ၊ သေနတ်နဲ့ ပစ်ရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ ဒီကြားထဲ လူသေကောင်တွေက တစ်မျိုး။ ကိုယ်က လူစွမ်းကောင်း ဇာတ်လိုက် မင်းသားလေး။ တွေ့သမျှ ဓါတ်ဆီတိုင်ကီ တွေကအစ ပစ်ခတ်နေရတယ်။ ကိုယ်အသက် ရှင်သန်ဖို့။

ဂိမ်းကြော်ငြာကနေ ဘယ်ရောက်မှန်း မသိတော့ဘူး။ အထက်ကပြောသလို ဇာတ်လမ်းဂိမ်းလေးပါ။ အပစ်အခတ် ၀ါသနာပါသူများ၊ သဲထိပ်ရင်ဖို ကစားချင်သူများ စိတ်ပျော်စေမယ့် ဂိမ်းလေးပါ။ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

27.12.08

Tank Car နဲ့ စစ်တိုက်မယ်


ဂိမ်းတွေ စပေါ်တော့ နီပန်ဒိုဂိမ်းစက်တွေ ဖြစ်ပါတယ်။ နီပန်ဒိုဂိမ်းစက်မှာ ကစားနည်းတွေက မှိုကစားနည်း၊ မိမိစခန်းကို စောင့်ရှောက်တဲ့ တင့်ကား ကစားနည်း၊ အတုံးဆက်နည်း ... စသဖြင့် ဆော့ကစားခဲ့ကြရမှာပါ။ အဲဒီတုန်းက ကလေးတိုင်း ဆော့ကစားဖူးတဲ့ တင့်ကားဂိမ်းလေးကို ကွန်ပျူတာနဲ့ ဆော့လို့ရအောင် ပြုလုပ်ထားပါတယ်။ မိမိစကားကို အုတ်တွေနဲ့ ကာထားမယ်။ ဘယ်ညာကနေ ရန်သူတင့်ကားတွေ ထွက်လာမယ်။ မိမိက စခန်းချုပ်ကို စောင့်ရှောက်ပြီး ရန်သူတင့်ကားတွေကို တိုက်ခိုက်မယ်။ အဲဒီ ကစားနည်းလေးပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

13.12.08

ဖိုက်တာဂိမ်း

မိမိက တစ်ယောက်ထဲ လူဆိုးများက ဆယ်ယောက်မက ချရမယ့် ဂိမ်းလေးပါ။ ယခုဂိမ်းကို အင်စတောလုပ်စရာ မလိုပါ။ ဂိမ်းပြုလုပ်ထားပုံကလဲ ရိုးရှင်းလှပါတယ်။ စက်ထဲမှာ ပေါ့ပေါ့ပါးပါး ထည့်ထားနိုင်ပြီး အပျင်းပြေ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒေါင်းယူလိုက်ပါ။


မောင်စေတနာ

21.10.08

သရဲတွေ သတ္တ၀ါတွေနဲ့ ပစ်ခတ်မယ်

သေနတ်ပစ်တာ ခတ်တာ ၀ါသနာ ပါသူများအတွက်ပါ။ ဒီဂိမ်းလေးကတော့ ညအမှောင်ထဲ အိမ်ကြီးထဲမှာ သရဲတစ္ဆေများကို ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ နည်းနည်းတော့ ကစားလို့ ကောင်းပါတယ်။ ကျွန်တော် အားလပ်တဲ့ အချိန်တွေမှာ ကစားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ စာဖတ်သူများလဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂိမ်းအရွယ်အစားဆိုဒ်က 9 MB ပဲ ရှိပါတယ်။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူပါ။ ဂိမ်းဆော့ဝဲလ် များများ ဖော်ပြပေးဖို့ တောင်းဆိုတဲ့ မသဇင်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

12.10.08

မြန်မာဖဲ စကားနိုင်ပြီ

ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူနိုင်ပါတယ်။


မောင်စေတနာ

6.10.08

FOOTBALL MANAGER 2008 ဂိမ်းဆော့ဝဲလ်

ဘောလုံးဝါသနာရှင် အားကစားသမားများအတွက်ပါ။ ကြိုက်နှစ်သက်သူများ စိတ်တိုင်းကျမှာပါ။ အောက်မှာ ပေးထားတဲ့ လင့်(၁၁)ခုလုံးကို ဒေါင်းလုပ် ယူရမှာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

FOOTBALL MANAGER 2008 (513MB)


ဓါတ်ပုံ


Download Link:

1.http://ifile.it/mgilk4b


မောင်စေတနာ