30.8.13

Myanmar Blogger Forum 7th Anniversary



တစ်နေ့သ၌ ကျွန်ုပ်သည် ရည်ညွှန်းစာကြည့်တိုက်ရှိ အင်တာနက် ဂျာနယ်ကို ဖတ်ရှုနေရင်း Myanmar Blogger Forum ကျင်းပမည့် အစီအစဉ်ကို သိရလေ၏။ အဆိုပါ အခမ်းအနားသို့ တက်ရောက်ချင်စိတ် တဖွားဖွား ဖြစ်မိလေသည်။ 

သြော် . . . ကျွန်ုပ်အနေဖြင့် ဘလော့လောကထဲကို ၂၃.၁၀.၂၀၀၇ ရက်နေ့တွင် ၀င်ရောက်သည်မှာ ယခုဆိုလျှင် ခြောက်နှစ်ပင် ပြည့်တော့မည်။ Myanmar Blogger သည်လည်း ယခုဆိုလျှင် ၇ နှစ်ပင် ပြည့်မြောက်ခဲ့သော်လည်း ဘလော့အခမ်းအနားများကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ 

ယခု ကျင်းပပြုလုပ်မည့် Myanmar Blogger Forum ကို တက်ရောက်ချင်မိ၏။ ကျင်းပမည့် ၃၁ ရက်တွင် ကျွန်ုပ်သည် ရန်ကုန်သို့ လာရာ လမ်းခရီးတွင်ပင် ရှိလိမ့်မည်။ အခမ်းအနားက ၂ ချက်ထိုးတွင် စတင်မည်။ ကျွန်ုပ်က ၃ ချက်ထိုးမှ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ရောက်ပေလိမ့်မည်။ တက်ရောက်ရမည့် နေ့ရက်တွင် ရန်ကုန်သို့ ရောက်ရှိသော်လည်း အချိန်မမီချေ။ 

လွန်ခဲ့ပြန်ပြီး Myanmar Blogger Society ရေ. . . . . 

မောင်စေတနာ

4 ယောက် မှတ်ချက်ပြုသည်:

Unknown said...

နောက်ထပ်အသစ်မတင်တော့ ဘူးလား။

Unknown said...

နောက်ထပ်အသစ်မတင်တော့ ဘူးလား။

Unknown said...

နောကမထပ်ဒီနေရာကိုပြန်မလာတော့ ဘူးလား ???

Unknown said...

ဘလော့နဲပတ်သက်ပြီး နည်းနည်းလောက်ရှင်း ပြပါလားဟင်။ fb နဲ့ ဘယ်လိုကွာခြားလဲ။