13.9.11

Smart PC

တစ်နေ့သ၌ ကျွန်ုပ်သည် နားအေးပါးအေး ရှိလှသည့် ရုံးပိတ်ရက်ဖြစ်သော စနေနေ့တွင် အေးဆေး ငြိမ်သက် စွာဖြင့် အနားယူနေလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုရဲမြင့် ရောက်ရှိလို့ လာလေ၏။ 

ဗျို့ . . . ကိုစေတနာ . . .  လူပျင်းစည်းစိမ်ကို ခံစားနေပါလား .  .
ဟုတ်ပါ့ . . . ကိုရဲမြင့်ရာ . . . ။ ဒါနဲ့ ဘာကိစ္စတုန်း။ အေးဆေးပဲ မဟုတ်လား . . .
အေးတော့ အေးပါရဲ့ဗျာ . . . နို့ပေမယ့် ကြုံတုန်းတော့ တစ်ခုတော့ မေးချင်သား . . .
မေးပါ . . . မေးပါ . . .
အိမ်က ကွန်ပျူတာက တစ်နေ့ထက် တစ်နေ့ ပိုများ လေးလာသလို့ဗျာ . . . . error တွေကလည်း ပြလိုက်တာမှ ဖတ်လို့တောင် မရဘူး ။ ဆေးကောင်းလေးရှိရင် ညွှန်းပါအုံးဗျာ ဟု၍ မေးလေ၏။
ကျွန်ုပ်လည်း နောက်ချင်သည် စိတ်ဖြင့် ရယ်မော၍သာ နေလေ၏။ ကိုရဲမြင့်တစ်ယောက် စိတ်မရှည်သလို အမူအရာဖြင့် ကြည့်နေလေရာ 

စိတ်တော့ ထိန်းပါ ကိုယ့်လူ . . . ပြောပြဆို ပြောပြရမှာပေါ့

ဒီဆော့ဝဲလ်လေး သုံးကြည့်ရင် စက်ကို ပေါ့စေပြီး error တွေလည်း တော်တော် ရှင်းပေးနိုင်ပါရဲ့။ အကျိုးအာနိသင် အနေနဲ့ကတော့
၁) Fix Registry Problem
၂) Fix invalid shortcuts 
၃) Clean up your tracks . .. .  etc . .

သုံးကြည့်လိုက်ရင် စက်လည်း မြန်လာနိုင်သလို error တွေလည်း ရှင်းလင်းပေးနိုင်တယ်။ အဆင်ပြေလိမ့်မယ်လို့ ထင်ပါရဲ့ ကိုယ့်လူ  . . .ဟု ရှင်းပြလိုက်လေ၏။ 


ကိုစေတနာ ကောင်းတယ်ဆိုရင် ယုံမှားမရှိပါဘူး . . . ဆော့ဝဲလ်အမည်နဲ့ ဆော့ဝဲလ်သာ ပေးပါတော့ ဟု တောင်းလေ၏။ ဆော့ဝဲလ်အမည်က Smart PC ဖြစ်ပြီး ဆော့ဝဲလ်ကိုတော့ ဒီမှာသာ ယူသွားပေတော့ဗျာ။ 

ဒီအတိုင်းကြီးတော့ မလုပ်လိုက်ပါနဲ့။ Install လုပ်ပုံလေးတော့ မစပါအုံး ဟု မေးလေ၏။ ဒါက မခက်ပါဘူး . . . Smart PC နဲ့ Key ဖိုင် ထည့်ပေးထားပါတယ်။ Smart PC ကို Install လုပ်ပြီးရင် မဖွင့်ပဲ ပိတ်ထားလိုက်ပါ။ Key ဖိုင်ကို Run ။ Yes လုပ် ။ Ok ဆိုရင် Full Version ဖြစ်ပြီးသုံးလို့ရပါပြီ ဟု ဖြေကြားလေ၏။

ကောင်းပါ့ . . . ဒါဆိုရင် ကော်ဖီလေးတစ်ခွက်လောက်တော့ ချီးမြှင့်ချင်လို့ ခြေတော် ကြွနိုင်ပါရဲ့လား ကိုစေတနာ . . ဟု မေးလေရာ ကျွန်ုပ်လည်း မဆိုင်းမတွပင် ထိုင်ခုံမှ ဖင်ကြွလို့ နေပြီး အကောင်းဆုံးပေါ့ ကိုယ့်လူရာ ဟု ပြောကြားရင်း Tea Shop သို့ ထွက်ခွာခဲ့တော့လေ၏။
မောင်စေတနာ

6 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ကျေးဇူးပါကိုကြီး ကိုစေ.........
ညီကတော့အကိုဆိုဒ်ကိုအမြဲလာလည်နေကြဘဲ...
အထဲမှာရှိတဲ့ဆော့ဝဲတွေလည်းဒေါင်းထားတယ်.......
ကိုစေ......ကိုစေ အရာရာအဆင်ပြေပါစေဗျာ.
လေးစားလျှက်

အချိုင်း said...

မယုံ ပါဘူး ကိုစေ ရာ ..... ကော်ဖီတစ်ခွက်တော့ ဟုတ်မထင်ပေါင် ...
ဟိုဟာ လေးများ ဖြစ်နေမလား ဗျာ စာသံကိုက ဖတ်ရတာ ဟိုအသံနဲ့  ဗျ ...
ဟားဟားဟဟ....

saisaynaw said...

ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။ ဒေါင်းသွားတယ်
အစ်ကိုရဲ့သင်ပြမှုကြောင့် ကျနော် computer အကြောင်း နဲနဲသိလာပါတယ်။

palartoo11 said...

down သွားပါတယ် အစ်ကို။ window 7 အတွက်
virtual drive pro လေးများရနိုင်ရင် ကူညီပေးပါခင်ဗျာ

Unknown said...

ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို

ုစိုင်းအေးချို said...

အစ်ကိုရေ...ဒီမှာ clickhere နဲ့ စာရင်းတွေကို တင်ပြချင်လို့ ပါဗျာ....အဲဒါ အစ်ကို အဆင်ပြေရင် အမြန်လေးရှင်းပြပေးစေချင်ပါတယ်။