20.8.10

အသံပြဿနာ

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာက အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။



သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။ ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။


၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

အသံထွက်မထွက် စမ်းကြည့်ပါ။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။


မောင်စေတနာ

4 ယောက် မှတ်ချက်ပြုသည်:

အရွင္နာဂ..(အိႏၵိယ) said...

ကိုစေတနာရေ..ကျေးဇူးအရမ်းတင်ပါတယ်...နောက်လဲ တင်ပါအုံး မသိတာလေးတွေ သိရတာပေါ့..ကျေးဇူးပါ

ကိုနေ said...

ကိုစေတနာ ရေ ကျေးဇူးအများကြီးတင်ပါတယ်.. တခြားသူတွေကိုလည်း ဝေမျှခွင့်ပြုပါလို့ တောင်းခံပါရစေ...

Anonymous said...

ဦးဦးစေတနာ ကျနော်လဲ ဒေါင်းသွားပြီဗျ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ..

Anonymous said...

ကျနော်run လို့မရဖြစ်နေတယ်ဗျာကူညီပါဦး