18.5.10

mgy.exe တဲ့လား

ခုတစ်လော mgy.exe ဗိုင်းရပ်စ်က တော်တော် စန်းထနေတယ်။ စက်တိုင်းလိုလို ၀င်နေတယ်။ မိမိကို လာရောက် အကူအညီတောင်း ဖြေရှင်းခိုင်းတာလဲ ဒီဗိုင်းရပ်စ်ပဲ။ မိမိစက်ကတော့ AVG ၊ USB Disk Security ရယ် တင်ထားတော့ ၀င်လာတာနဲ့ သတ်နေနိုင်တော့ မ၀င်ဖြစ်ဘူး။ ဒါကြောင့် ဘာတွေ ဒုက္ခပေးမှန်းလဲ မသိဘူး ဖြစ်နေလေရဲ့။

မနေ့ညက မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလို့ သွားကြည့်တော့ mgy.exe က ၀င်နေတယ်။ Strick ၊ Right Click ၊ regedit ၊ msconfig ၊ Task Manager ၊ Folder Option စတာတွေ တစ်ခုမှ ခေါ်လို့ မရဘူး။ ပထမတော့ mgy.exe remover ဆိုတာ ရှိတယ်လို့ အင်တာနက်မှာ ကြော်ငြာထားတာ တွေ့ဖူးတယ်။ ဒါနဲ့ မိမိ Strick ထဲ ထည့်ပြီး သွားသတ်ကြည့်တယ်။ အဆင်မပြေပါဘူး။ စက်သာ restart ခဏ ခဏ ကျနေတာ။

ဒါနဲ့ မိမိ အရင် ဗိုင်းရပ်စ်တွေ ဖယ်ရှားနေကျ နည်းလမ်းလေးတွေ သုံးပြီး လုပ်ကြည့်တာ အဆင်ပြေခဲ့ပါတယ်။ စာဖတ်သူများလဲ mgy.exe ၀င်မွှေခဲ့ရင် အဆင်ပြေအောင် ဖော်ပြပေးလိုက်ပါတယ်။

၁) ဗိုင်းရပ်စ် တော်တော်များများကို ဖယ်ရှားပေးနိုင်တဲ့ Trojan Fast Scan ကို ဖွင့်ပါ။
(Protable ဖြစ်တဲ့အတွက် အင်စတော လုပ်စရာ မလိုပါ။)
၂) Scan ဖတ်နေစဉ် ဗိုင်းရပ်စ်တွေ့ပါက အသံမြည်ပါလိမ့်မယ်။
၃) ဗိုင်းရပ်စ်အမည်များကို မှတ်သားထားပါ။ ဥပမာ-mgy.exe
၎) မှတ်သားပြီးပါက Exclude ကို နှိပ်ပါ။
၅) Scan ဆက်ဖတ်နေပါလိမ့်မယ်။ ဗိုင်းရပ်စ်တွေ့တိုင်း မှတ်သားလိုက် Exclude နှိပ်လိုက် လုပ်ပါ။
၆) ပြီးပါက ဗိုင်းရပ်စ် အသက်မ၀င်စေရန် Prossess Exploer ကို run လိုက်ပါ။
၇) ကွန်ပျူတာတွင် အလုပ်လုပ်နေသော ဗိုင်းများကြားတွင် mgy.exe ကို တွေ့ရပါလိမ့်မည်။ ၎င်း၏ အပေါ်တွင် Smms.exe (နာမည် မမှတ်မိတော့ပါ။ S နဲ့ စတာတော့ သေချာသည်) ဖိုင်ကို တွေ့ပါလိမ့်မည်။ Right Click လုပ်ပါ။ Kill (Shift + Delete) လုပ်ပါ။
၈) ပြီးပါက RatsCheddar ကို run ပြီး Task Manager , Regedit, Folder Option, တို့ကို Enabled လုပ်ပါ။
၉) My Computer မှ Local Disk (C:) ကို သွားပါ။ Folder Option တွင် View tab ကို သွားပါ။ Hidden files and folders တွင် Show hidden files and folders ကို ရွေးပြီး Ok လုပ်ပါ။
၁၀) C: အောက်တွင် mgy.exe ကို ရှာပြီး Shift + Delete လုပ်ပါ။
၁၁) C: ရှိ Window ထဲတွင် mgy.exe ကို ရှာပါ။ Shift + Delete လုပ်ပါ။
၁၂) Restart ချပါ။
၁၃) ကွန်ပျူတာ ပြန်တက်လာပါက အဆင့်(၁၀)နှင့် (၁၁)တို့အတိုင်း ပြန်ရှာကြည့်ပါ။ မတွေ့ပါက ရှင်းပါပြီ။ အဆင်ပြေပါစေ။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

Unknown said...

Thank you ပါ ကိုစေတနာ . .

Anonymous said...

Trojan Fast scan ကို ဘယ်မှာ ဖွင့်ရမလဲ ကျေးဇူးပြုပြီး လမ်းညွှန်ပေးစေချင်ပါတယ်