10.3.10

အပျော်

ချစ်ပါတယ် စကားလုံးကြောင့်
ရင်ခွင်တစ်ခုလုံး
ဗြောင်းဆန်ရပြီ။

မထင်မှတ်ပဲ ပျော်ရွှင်ရလို့
မျက်ရည်ပင် မဆည်နိုင်
ငိုမိပါသည်။

ပြောလာတာ ဟုတ်လေလားဟု
နားကိုပင် မယုံနိုင်လို့
တွေးမိပါသည်။

အတိုင်းမသိ ၀မ်းသာမိ၍
ထိုစကားကို အကြိမ်ကြိမ်ကြားဖို့
ဒီတစ်ညဖြင့်
မအိပ်တော့ပြီ။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

leomark said...

အာဟာ..အာဟာ..ဦးကျော် ဆိုတဲ့ သီချင်းလေ . သိတယ်မဟုတ်လား။ ဟာမိုနီလိုက်ပေးတယ်နော်. အဟဲ..။ ငို သေးတယ်လား။ အဟီးး..အော်...ယုံလိုက်ပါ တိုတိုရယ်။ ဟားဟား..ဟား.။ အိပ်ပါဗျာ။ ရိကော်ဒါလေးနဲ့ ကူးထားလိုက်ဗျာ။ ပြန်ကြားချင်တဲ့ အချိန် ဖွင့်ပေါ့။ ပြန်ပြောခိုင်းလိုက် ။ ဟီးးး
ထပ်တူ ၀ိုင်း ၍ ပျော်သွားပါတယ်ဗျာ။

zuezue said...

ဒီကဗျာလေးလဲအရမ်းကိုကြိုက်ပါတယ်ကဗျာလေးတွေအားလုံးပဲကောင်းတယ်..