27.2.10

ရတနာသူ

တန်ဖိုးကြီးတဲ့ စကားမို့
တန်ဖိုးထားကာ ပြောမိတယ်
သက်ဆုံးတိုင် ချစ်ပါ၏။

ပန်းတစ်ပွင့်လို လှတဲ့သူမို့
ယုယစွာ ပြောမိတယ်
နူးညံ့စွာ ချစ်ပါ၏။

သိမ့်မွေ့စွာ ယဉ်တဲ့သူမို့
မြတ်နိုးစွာ ပြောမိတယ်
ရင်သိမ့်တုန် ချစ်ပါ၏။

ငါစိတ်မှာ တန်ဖိုးမြှင့်
အလေးထား မြတ်နိုးမိလို့
လေးနက်စွာ ချစ်ပါ၏။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

ချစ်စေဗျာချစ်စေ
အရင်ဆုံးလာဖတ်သွားပါတယ်ဗျားး)

leomark said...

ရတနာသူဆိုလို့ ခင်မောင်တိုး သီချင်းများလားလို့။ ဟီးး
ဘယ်ဟုတ်မလဲ...။ ဟဲဟဲ..
ဂလိုလေးလည်း လုပ်ပါအုံး။း)