6.1.10

အမည်မဲ့

လှုပ်ရှားမှုတိုင်း
ရင်ကို လှုပ်ခတ်
ငေးမောရပြီ
ပန်းတစ်ပွင့်လို
လှတဲ့သူ။

စွဲလမ်းမှု
စိတ်အစဉ်
မောဟိုက်ရပြီ
လပြည့်ဝန်းလို
အေးချမ်းတဲ့သူ။

လှရက်သူမို့
မျက်ဝန်းမှာ
အစဉ်သာပေါ်
တန်ဖိုးထားကာ
ချစ်ရတဲ့သူ။

ချစ်စိတ်တွေ
တားဆီးမရ
စွန့်လွှတ်အနစ်နာခံ
ပေးဆပ်ပြီး
ချစ်သွားမယ့်သူ
ငါ . . . ။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

future said...

ညီဒီကဗျာလေးကို ကူးသွားပါတယ်
ဒီနေ၇ာလေးမှာ တင်ထားပေးပါတယ်ညီ
http://futuredream.ning.com/profiles/blogs/3050997:BlogPost:109087
အဲဒီနေရာလေးကို ဝင်ကြည့်လို့ရပါတယ်
Sigm up မလုပ်ဘဲ ကလစ်လိုက်တာနဲ့
ကြည့်လို့ရပါတယ်ဗျာ အားပေးလျှက်ပါညီ

7blue said...

ကဗျာတွေနဲ့ဘဲ ပျော်နေသလား
ပန်းကလေးကိုရော နမ်းကြည့်သလား
စွဲလန်းမှုကိုရော ယုံကြည်ပလား
လ၀န်းလေးကရော သိနေပလား
သက်ဆုံးတိုင်ဖို့ရော အဆင့်သင့် ဖြစ်ပလား

ပျော်ရွှင်ပါစေ ကိုစေတနာရေ