26.12.09

Window Movie Maker

Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။


ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်း ယူပေးတော့။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ကိုစေတနာခင်ဗျာ
ကျွန်တော် မသိတာလေးတစ်ခုလောက် မေးချင်လို.ပါ။ ကျွန်တော် Window Movie Maker ကိုသုံးပြီး Photo Slide show ကို MP3 သီချင်းတစ်ပုဒ် နောက်ခံထားပြီး လုပ်ကြည်.ပါတယ်။ ရပါတယ်။
တကယ်လို.အဲဒီ MP3 သီချင်းကိုပဲ စာသားတွေမပါပဲ တီးလုံးချည်းသက်သက် နောက်ခံထားပြီး စောစောကလို Photo Slide show နဲ.တွဲလို.ရတဲ.နည်း (WMM မှာ )ရှိရင် ကျေးဇူးပြုပြီး ပြောပြ ပေးပါခင်ဗျာ။
Window Movie Maker နဲ.မရဘူးဆိုရင် တခြားဘာနဲ.များရနိုင်သေးလဲပြောပြပေးပါဦး။
ကျေးဇူးတင်ပါတယ်။
ကျွန်တော်.ရဲ. mail က ukomgnewcomer@gmail.com ပါ။
လေးစားလျက်
KKA

Anonymous said...

အရမ်းကိုကျေးဇူးတင်ပါသည်။
အသံဖမ်းဖို့အတွက် window 7 မှာ ဘယ်လိုလုပ်ရမှန်း
မသိဖြစ်နေတုံး ကိုစေတနာရဲ့ blog မှာတွေ့လိုက်ရတော့ အရမ်းကိုဝမ်းသာပြီး ကျေးဇူးအထူးတင်ပါသည်။