5.11.09

Window 7 တဲ့လား


မိမိစက်က Window XP SP3 ပါ။ သုံးနေရင်းနဲ့ အမည်မသိဗိုင်းရပ်စ် ကိုက်ခံလိုက်ရတယ်။ ၀င်းဒိုးဖွင့်လိုက်ရင် Desktop က ဖိုင်တွေ Icon တွေ မပေါ်တော့ဘူး။ စိတ်လေသွားတယ်။ မိမိကလဲ ဒီ Window ကို ဖြုတ်ချချင်နေတာ ကြာပြီ။ အခုတော့ Window အသစ် ပြန်တင်ရတော့မယ်ပေါ့။ တင်မယ့် တင် Window 7 ကို တင်ချင်မိတယ်။ အင်တာနက်က ရှာတော့လဲ လင့်တွေက အသေတွေများတယ်။ Microsoft က ဖျက်ခိုင်းတယ်ဆိုပဲ။

ဒါနဲ့ ဆိုင်မှာ သွားဝယ်လိုက်တယ်။ DVD တစ်ချပ်ပေါ့။ တစ်ထောင်ပဲ ပေးရတယ်။ ပြီးတာပဲ။ အလုပ်ရှုပ်လဲ သက်သာတယ်။ ရောက်ရောက်ချင် Window တင်တယ်။ အရင် အဟောင်းကို မဖြတ်မိတော့ Over ဖြစ်ပြီး ပိုလေးသွားတယ်။ Drive C: ကို ကြည့်လိုက်တော့ ပြည့်နေတယ်။ အမ် . . . တစ်ခုခုတော့ မှားမှန်းသိလိုက်တယ်။

ဒါနဲ့ အသစ်ပြန်တင်တယ်။ Window XP တင်နည်းနဲ့ ကွာတယ်။ ဒါနဲ့ Format ချဖို့တွေဘာတွေက သူက ဖုံးထားတယ်။ ဖော်ကြည့်မှရတာ။ ကွန်ပျူတာ ကိုင်လာတာ ကြာပီဆိုတော့ ဘာလာလာ အိုကေနေတယ်။ နည်းလမ်းတွေကို ကောင်းကောင်း ကိုင်တွယ်တတ်နေပြီလေ။ (ဟီး ကြွားတာ)

Window 7 တင်တာ မြန်လိုက်တဲ့ ဖြစ်ချင်။ အယ် ... မိမိစက်က Intel (R) Core(TM)2 Duo CPU 2.8GHz 2.79 GHz , 1,00 GB, 32 bit Operation System , 160 HD ပါ။ Window 7 ကို ကောင်းကောင်းနိုင်တယ် ဆိုရမယ်။ Window က ခဏပဲ တင်ရတယ်။ မြန်လိုက်တာ။ ဒီတစ်ချက်နဲ့တင် ကျေနပ်နေပြီ။

Desktop ပေါ်ရောက်ပြီ။ မြင်ကွင်းက Vista အတိုင်း။ ဒါပေမယ့် ပေါ့ပါးနေတယ်။ ကြိုက်ပြန်ပြီ တစ်ချက်။ ဟိုလုပ် ဒီလုပ်ပေါ့။ စမ်းတယ်။ စက်ပိတ်ကြည့်တယ်။ မြန်တယ်။ Good ။ ပြန်ဖွင့်တယ်။ မြန်တယ် Good ။ အယ် ပြဿနာက စပြီ။ မိမိမှာ ရှိတဲ့ ပရင့်တာက Canon Laser Shot LBP 1120 ။ သူက Window XP ထိပဲ လက်ခံတယ်။

စိတ်လေသွားတယ်။ ဘာလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ Network ချိန်ထားတဲ့ ကွန်ပျူတာတွေက XP SP3 တွေ ။ Network လှမ်းခေါ်လိုက်တယ်။ ပြီးတော့ Printer ကို Connect လုပ်လိုက်တော့ ထုတ်လို့ရသွားတယ်။ ဟူး .. သက်ပြင်းချမိတယ်။ တော်သေးတယ်။

ဘာပဲပြောပြော Window 7 လေးနဲ့ အဆင်ပြေနေတာတော့ အမှန်ပဲ။ ထူးခြားတဲ့ မြင်ကွင်းတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကို မြင်တွေ့ ခံစားရင်း ... . .. .


မောင်စေတနာ

4 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

Window 7 ကိုကြားနေတာကြာပြီအစ်ကိုရ
ဗစ်စတာထက် သာတယ်လို့တော့ဖတ်ရကြားရတယ်
ကျွန်တော်လဲပြောင်းရင်ကောင်းမလားလို့ ပေါ့တယ်ဆို
လို့ ဘာအားနည်းချက်များရှိလဲမသိဖူးခင်မျာ့
အခုဘလော့တွေဆိုက်တွေဝင်တာပြီးတော့မြန်မာဖောင့်တွေ
နဲ့ရော အားလုံးအဆင်ပြေလားသိချင်တယ်အစ်ကို
း) ဖတ်တာရေးတာတွေရောပေါ့ဗျာ
ကောင်းတယ်ဆိုရင် ဝင်းဒိုးပြောင်းထည့်ချင်လို့
း)

11 said...

အဲဒီအတွက်ဘာမှမပူနဲ့ font တွေလဲအကုန် အတူတူပါပဲ။
ဒီထက်ကောင်းတာက XP compatible mode ပါလို့ အဆင်မပြေတဲ့ software တွေ လည်းသွင်းလို့ရပါတယ်။
security ကို ပိတ်သုံးရင်ပိုအဆင်ပြေမယ်။
၂ ခါလောက်မေးမေးနေတာခက်တယ်။

သုံးကြည့်ပါ။
window တင်ချိန်က ၁၅ မိနစ် နဲ့ ၂၀ ကြားပဲကြာပါတယ်။
format ချတာ အတားမြန်တာ စိတ်ဝင်စားဖို့ကောင်းတယ်။
window 7 ရဲ့ အထူးအားသာချက်တွေပဲပေါ့။

သုံးကြည့်ဖို့ တိုက်တွန်းပါတယ်
ကျွန်တော်လဲ Copy ခွေနဲ့ စက်တော်တော်တင်ကြည့် တယ် အဆင်ပြေတယ် driver မတင်ရတာပိုကောင်းတယ်လေ (graphic တင်မှ ဂိမ်းပိုကောင်းမည်)
Internet လည်း သုံးလို့တော်တော်အဆင်ပြေတယ်

ညီလေး said...

ဟီး ကြွားလက်စနဲ့window တင်နည်းလေးပါကြွား လိုက်ပါလား အကိုရာ။ ကျွန်တော်အခုသုံး နေတာwindow xp ပါ အပြောင်းလဲလေးဖြစ် သွားအောင် window 7သုံးကြည့်မလားလို့ပါ။ ဟဲ ဟဲ အားလည်းနာတယ် ကျေးဇူးလည်းအများ ကြီးတင်တယ် ကူညီပါနော်

waiyan said...

window 7တင်နည်းလေးပြောပြပါလားအကို