24.11.09

အတွေး အက်ဆေး

မိမိအနေနဲ့ လောကကြီးမှာ နေရတာ ပျော်လာမိသည်။ သူမအကြောင်းများကို တွေးမိလျှင် ပိုပျော်သည်။ ရာသီတိုင်းမှာ ပွင့်တဲ့ ပန်းတွေက နဂိုမြင်ကျထက် ပိုလှလာသည်။ ကျေးငှက်များ အော်သံများက သာယာ လာသည်။ လောကကြီးမှာ လှပတဲ့အရာတွေ၊ သာယာတဲ့ အသံတွေ များစွာ ရှိနေမှန်း သိလာရသည်။

သူမကို ချစ်သည်။ သူမ၏ အလှသည် ရိုးရှင်းပြီး ကြည့်ကောင်းသည်။ သူမ၏ အသံသည် မိမိ၏ နားတွင် ချိုသာနေသည်။ သူမနှင့် ပတ်ဝန်းကျင်သည် လိုက်ဖက်နေသည်။ သူမကို ချစ်တတ်လာတော့ အချစ်ဆိုတာကို ဒီလို နားလည်လာသည်။ ပေးဆပ်ခြင်း၊ အကောင်းမြင်ခြင်း၊ နားလည်ပေးခြင်း၊ ခွင့်လွှတ်ပေးခြင်းနှင့် အနိုင်မယူခြင်း တို့ဖြစ်သည်။

မိမိအတွက် အချစ်ဆိုတဲ့အရာက သူမဆီက ရယူခြင်းထက် သူမကို ဘာတွေ ပေးဆပ်ရမလဲသာ တွေးမိသည်။ ချစ်တဲ့သူတိုင်း ဖြစ်တဲ့ စိတ်ပဲ ဖြစ်လိမ့်မည်။ သူမ စိတ်ပျော်စေချင်သည်။ သူမ စိတ်ညစ်စေမယ့် အရာကို မလုပ်မိအောင် ဆင်ခြင်မိသည်။ သူမအတွက် ဘာပေးဆပ်ရင် သူမ ပျော်လေမလဲသာ အမြဲတွေးလာမိသည်။

ဒါ့အပြင် ယခင်ကထက် လောကကြီးကို အကောင်းမြင်လာသည်။ ဟိုသီချင်းကို ကြားယောင်မိသည်။ အချစ်နဲ့ အရာရာ အကောင်းတိုင်း ဖြစ်စေမယ်။ မိမိသည်လည်း အရာအားလုံး ယခင်ထက် ပိုမို အကောင်းမြင်လာသည်။


မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

း) အမှန်တွေပဲဗျာ ဟုတ်တယ်ဗျ
ထောက်ခံတယ် ကျွန်တော်လဲအဲဒီလိုပဲ
အရင်က ပေါ့ပျက်ပျက် အဲ ပျော်ပျော်နဲ့ လွတ်လပ်နေတဲ့
ကျွန်တော် ချစ်သူကြောင့် အရာရာအလေးထားတယ်
ပြီးတော့ သူ့ကိုသိပ်ချစ်တော့ မျှော်လင့်ချက်တိုင်းဟာ
ရင်ခုန်ဖို့ကောင်းတယ် အစ်ကိုရေ
သူ့အပြုံးမျက်နှာကို အမြဲမြင်ချင်မိတယ်း)

ဒါနဲ့စကားစပ်ဗျာ ကျွန်တော့်ဘလော့လေးတွေ့တယ်ဟုတ်
ကျွန်တော်နောက်ခံ တန်းပလိတ်တွေ ဒေါင်းပြီးလုပ်
ချင်လို့ဗျာ ဘလော့တွေမှာညွန်းတဲ့ လင့်ခ်တွေတိုင်း
သွားပြီး ဒေါင်းတယ်အစ်ကိုရ
ဒေါင်းပြီးရင် ရတဲ့ဖိုင်ကိုဖွင့်ကြည့်တယ် ဘာကုဒ်မှလဲ
ပါဖူးဗျာ ကျွန်တော်ပဲမလုပ်တတ်တာလားပဲ ကျွန်တော့်
ဘလော့လေးအခုထိ အသက်မဝင်သေးဖူးဖြစ်နေတယ်
ဒေါင်းတယ် တခုပြီးတခု ကုတ်တွေဖူးဗျား)

Unknown said...

ကောင်း တယ်အကိုရာ အကိုပြောတာနဲ့ အဒီသီချင်းလေး တောင်နားထောင်ချင်လာတယ် ဘယ်သူ ဆိုတာလည်း သိရင်ပြောပြပေးပါလား အကို :)

ကျေးဇူးအထူးတင်လျက်

Anonymous said...

စိုင်းထီးဆိုင်ပါ။

မောင်စေတနာ