Photo တွေအတွက် အလှဆင်ဖို့ Frame တွေ ရှာကြည့်တာ စိတ်တိုင်းကျကို မတွေ့သေးဘူး။ ရလာတော့လဲ ရက် ၃၀ ပဲသုံး။ အကြာကြီးမရဘူး။ Full Version ကို ရှာရတာ ကြာတော့ ငြီးငွေ့မိသလို ဖြစ်လာတယ်။ တော်တော်နဲ့ မရဘူး။ တစ်ချို့က Crack file တွေ။ တစ်ချို့က Patch ဖိုင်တွေ။ သုံးကြည့်တော့ အဆင်မပြေဘူး။ မိမိရဲ့ Window XP SP3 ကြောင့်။
ချားတူးကို လံနေတာပဲ။ Window XP SP3 က။ ဘာတင်တင် လက်မခံတာက များနေတယ်။ SP2 တုန်းက အဆင်ပြေတယ်။ Window ပဲ ပြန်ချရမလို ဖြစ်နေတယ်။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ Photo Frame Software ကောင်းလေး ရခဲ့တယ်။ လိုင်စင်နဲ့။ အပြည့်သုံးလို့ရတယ်။ လိုအပ်ရင် ယူပေါ့။ Download လုပ်ယူပေတော့။

မောင်စေတနာ

2 ယောက်က ဒီလိုမြင်တယ်:
ကိုစေတနာရေ PHPဖွင့်ထားတဲ့ free web hosting
မှာ ဘယ်လိုsing upလုပ်ရလဲခင်ဗျ ကျွန်တော်အဲဒီမှာ
ဖိုင်တစ်ခုဆောက်ချင်လို့ပါ ဘယ်လိုရှာရတယ်ဆိုတာပါပေါ့
PHP fileကိုရော ဒေါင်းလုပ်ချထားဘို့လိုမလားခင်ဗျာ
အီးမေးမသိလို့ဒီကနေရေးလိုက်တာပါ
အေးကြူ
PHP ကတော့ ဖရီးပေးတာ အောက်က ဆိုက်တွေပါပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်လဲ သိပ်နားလည်တဲ့အတွက် အများကြီး မပြောနိုင်ပါဘူး။
http://www.000webhost.com/order.php
http://www.0fees.net/signup.php
မောင်စေတနာ
Post a Comment