31.10.09

(၂)နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခဲ့ပြီ။ ဘလော့ကို ကွန်နက်ရှင် ကောင်းတဲ့အခါ စိတ်ဓာတ်တက်ကြွစွာ ရေးလိုက်၊ ကွန်နက်ရှင် ကျတဲ့အခါ စိတ်ပျက်စွာ နားလိုက်နဲ့ အခုတော့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီ။ ဘလော့ကို ပြန်သုံးသပ်ကြည့်မိတယ်။ ဘာတွေများ စာဖတ်သူတွေအတွက် အကျိုးပြုနိုင်သလဲ။

နည်းပါ့။ ဆော့ဝဲလ်တွေက အသေးစားလေးတွေ။ မိမိသုံးမိတော့ ကြိုက်ရင် တင်မိတဲ့ အရာလေးတွေ။ စာပေတွေက ခံစားချက် ပေါ်တိုင်း ရေးတာတွေ။ နည်းလမ်းတွေက အကင်းလေးတွေ။ ကဗျာတွေက ကဗျာမပီ စာမမြည်လေးတွေ။ အင်း ကောင်းတာ တစ်ခုမှ မပါပါလား။

မှတ်ချက်တွေ ပြန်စစ်ကြည့်တယ်။ ပို့စ်ပေါင်း(၄၂၅)မှာ မှတ်ချက်က ငါးဆယ်ပင် မပြည့်။ စာဖတ်သူစာရင်းကို ကြည့်မိ၏။ တစ်နေ့ကို ခန့်မှန်းခြေ နှစ်ရာနီးပါး လာရောက် ဖတ်ရှုကြ၏။ Cbox တွင် လာလည်တယ်လို့ ပြောသလို မှတ်သွားတယ်၊ ကျေးဇူးတင်တယ်၊ နောက် စာတွေမရေးနဲ့၊ မင်းက ဘာကောင်လဲ စသဖြင့် ရေးသွားကြတယ်။ လူအမျိုးမျိုး၏ Feedback များ။

ဘာပဲပြောပြော ရေးသားလာခဲ့တာ (၂)နှစ်တော့ ပြည့်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်အချိန် ရပ်တန့်မလဲဆိုတာ မသိနိုင်ပါ။ အမြဲတမ်းတည်တံ့ဖို့ဆိုတာ ပြောရခက်တဲ့ လောကကြီးမို့ မိမိအနေဖြင့် ကြိုးစား၍ အပေါစာ စာပေများ ဆက်လက်ရေးသားနိုင်ရန် စိတ်ကူးရင်း . . . . .


မောင်စေတနာ

9 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

လာအားပေးသွားတယ်အစ်ကိုရေ ဘလော့ရေးတာ ၂နှစ်
ဆိုတဲ့ အချိန်ကာလာအတွင်းမှာ အစ်ကိုဘလော့က လူ တော်တော်များများကိုအကျိုးပြုပါတယ် ဒါသေချာတယ် ကျွန်တော့်လဲအစ်ကိုဆီမှာ လာပြီးလေ့လာသင်ယူနေတာ ပါပဲ နောက်နှစ်ပေါင်းများစွာ တည်တံနိုင်ပါစေ စာရေး နိုင်ပါစေလို့ဆုတောင်းပေးသွားတယ်အစ်ကို
း)

mg kyi poae said...

ကိုစေတနာရေ..
နှုတ်ဆက်စကားမဆိုဖြစ်ပေမဲ့.. အမြဲတမ်းပဲ ရောက်ဖြစ်ခဲ့ပါတယ်။ စေတနာနဲ့ ဝေမျှပေးတာတွေ ပြသပေးတာတွေကို လာရောက်သင်ယူဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လလို လက်သင်တွေအတွက်ကတော့ ကိုစေတနာလို ဝေမျှတဲ့ ဘလော့ဟာ ပြောမပြတတ်အောင် အကျိုးရှိစေခဲ့ပါတယ်။ ဆက်လက်ပြီး ပညာဒါနလေးပြုနိုင်ပါစေခင်ဗျာ။

Co2zeиith said...

ဆရာ အကြောင်းကြောင်းကြောင့် အရင်ကလောက်မရောက်ပေမဲ့ အမြဲသတိရရှိနေတုန်း Babylon လေးနဲ့ ကျေးဇူးတင်နေတာ မောင်စေတနာ ရဲ့အိမ်လေးက ကျွန်နေ့ခြေရာတွေ ကောင်တာတွေသိမှာပါ။

phyomg said...

ကျနော်လဲ ဘာမှမရေးသွားဖြစ်ပေမဲ့....
အမြဲလာပီးလေ့လာသင်ကြားပါတယ်ခင်ဗျာ..
အခုလိုဝေမျှပြသပေးထားတာတွေကိုကျနော့်လို
ဘာမှမသိသေးတဲ့သူအတွက်တော့အရမ်းအကျိုးရှိပါတယ်ခင်ဗျ....
ကျေးဇူးတင်ပီးလေးစားလျက်ပါ..ကိုစေတနာ..

ဒါနဲ့ကိုစေတနာ..ဒီမှာပဲတခါထဲမေးချင်တာလေးရေးသွားမယ်နော်..စိတ်မရှိပါနဲ့...
window 7 မှာ portable တွေဖွင့်လို့မရဘူးလားဟင်
ကျနော်ဘယ်ဟာကိုဖွင့်၂ stop working ပဲပြနေလို့...
ဘယ်လိုလုပ်ရမလဲဆိုတာ...ကူညီပီးရှင်းပြပါအုံးနော်...ကိုစေတနာ...
လေးစားစွာဖြင့်...

Anonymous said...

Window 7 မှာ Portable က ဖွင့်လို့ရပါတယ်။ တစ်ခုခုမှားလို့ ဖြစ်တာ နေမှာ။ ပြန်စစ်ကြည့်ပါ။

မောင်စေတနာ

စုဘူး said...

"စေတနာသည် လူတိုင်းနှင့်ထိုက်တန်သည်"ဆိုတဲ့ စကားလေး အတိုင်း စေတနာအရင်းခံနှင့် မိမိတက်စွမ်း
သလောက် အသိပညာဗဟုသုတလေးတွေ မျှဝေပေးတာ
တစ်ကယ့်ကိုလေးစားထိုက်ပါတယ်....

Xman_နတ်လူမုန်း said...

စေတနာနဲ့ပြောပြတာပါ
Comment လိုချင်လို့စာရေးရင်တော့ အားရှိမှာမဟုတ်ဘူး
ကိုလုပ်စရာရှိတာလုပ်ပါဗျာ
ခွေးဟောင်တိုင်သာ ထကြည့်နေမယ်ဆိုရင်
အိပ်ရေးပျက်တယ်ဗျာ

ကိုလုပ်ချင်တာကို ဖြစ်အောင်သာ
လုပ်သွားပါ

အားပေးလျှက်ပါဗျာ ____
ကျေးဇူးလဲထာဝရတင်လျှက်ပါ _____
ကွှန်တော်လည်း
Ning.com တည်ထောင်သူတစ်ယောက်ပါ

ကျွန်တော့ရဲ့ဆိုက်ကို မသေခင် နောက်ဆုံးအချိန်ထိ
ဖက်တွယ်သွားမှာပါ ။။။
http://futuredream.ning.com/profiles/blogs/3050997:BlogPost:95210 ဒီနေရာလေးကစာကို
ဖတ်ကြည့်ပါ အားခဲ့ရင်ပေါ့ Sign up လုပ်စရာမလိုပါဘူး
ခင်ဗျာ ဒီအတိုင် ကလစ်ပြီးဝင်ဖတ်လို့၇ပါတယ် ။။။

r said...

ကောင်းပါတယ်အကို ဆက်လုပ်ပါ။ မသိတာရှိလဲ မေးမယ်နော်။

ral said...

ကျနော်က အကို့ဘလော့ကိုတော်တော်ကြိုက်ပါတယ်။ စေတနာသည်လူတိုင်းနဲ့ထိုက်တန်သည် တဲ့။ သိပ်ကောင်းတဲ့ သဘောထားပဲ။ ဆက်လုပ်ပါ။ ကျနော်အားပေးနေမယ်။
ကျနော်က စာရေးရတာတော့ပျင်းတယ်ဗျ။ တခါတလေ လိုချင်တာယူသွားပြီး ကွန်းမန့်လေးတောင် မပေးခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်။