5.10.09

လေးနက်မှု(၂)

ချစ်တယ် စကားလုံး
အဆက်မပြတ် ပြောမိရင်
စကားလုံးများက
ဧ၀ရက်တောင်ထက် မြင့်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ရွတ်မိရင်
စကားလုံးများက
သမုဒ္ဒရာထက် ကျယ်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ဖွင့်ဟမိရင်
စကားလုံးများက
စင်္ကြာဝဠာထက် ကြီးမားသွားမလား။

မည်သို့ပင်ဆိုစေ
ချစ်တယ် . . . ။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: