2.10.09

လေးနက်မှု

ရင်ခွင်က
တဒိတ်ဒိတ်နဲ့
စကားလုံး တစ်စုံကြောင့်
နှလုံးသားက
ခုန်နေတယ်။

မျက်ဝန်းက
ပြာလဲ့လဲ့
စကားလုံး တစ်စုံကြောင့်
မျက်ဝန်းက
လင်းလက်နေတယ်။

ပါးစပ်ဖျားက
တလှုပ်လှုပ်
စကားလုံး တစ်စုံကြောင့်
ဖွင့်ဟဖို့
ကြိုးစားနေတယ်။

ကဲ
ပြောလိုက်ပြီ
စကားလုံး တစ်စုံ။

ငါ မင်းကို
တစ်ဘ၀လုံးအတွက်
ချစ်တယ်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Unknown said...

ရိုးမြေကျချစ်တယ်ပေါ့
ကောင်းတယ်ဗျာ
ရိုးရိုးလေးနဲ့
ကြိုက်တယ်
း)