6.9.09

Disk Cleanup Scheduled လုပ်နည်း

မိမိတို့ရဲ့ စက်တွေကို လေးလံစေတယ်ဆိုတဲ့ အချက်တွေထဲမှာ Temp file တွေက တစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု အဲဒီ Temp File တွေကို Schedule လုပ်ပြီး နေ့စဉ် ရှင်းထုတ်တဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။ မဖြစ်မနေ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် လုပ်စေချင်ပါတယ်။


အဆင့်(၁)

၁) Start မှ Run တွင် cleanmgr /sageset:50 ရိုက်ထည့်ပါ။
၂) Box ပေါ်လာလျှင် အားလုံးကို အမှတ်ခြစ်ပေးလိုက်ပါ။
၃) OK ။

အဆင့်(၂)

၁) Control Panel က Scheduled Tasks ဆိုတာကို ဖွင့်ပါ။
၂) Double Click လုပ်ပြီး ဖွင့်ပါက Wizard Box ပေါ်လာလိမ့်မယ်။


၃) Next လုပ်ပါ။
၎) Disk Cleanup ဆိုတာကို ရှာပါ။ Next ။


၅) နေ့စဉ် ဖျက်/ရှင်းတာ ကောင်းတဲ့အတွက် Daily သာ ရွေးပါ။ Next ။


၆) စပြီး လုပ်ချင်တဲ့ အချိန်ကို ထည့်ပါ။ မိမိအနေနဲ့ကတော့ နံနက် ၁၀ နာရီကို လုပ်ပါတယ်။ Next ။



၇) Next ။



၈) Check Box ကို အမှန်ခြစ်ပေးပြီး Finish ။


၉) Finish လုပ်လိုက်ပါက အောက်က Box ကျလာလျှင် Ok ။



၁၀) နောက်တစ်ခု ထပ်ကျလာလိမ့်မယ်။ အဲဒီမှာ Run : အကွက်ရဲ့ နောက်ဆုံးမှာ /sagerun:50 ဆိုတာကို ရိုက်ထည့်ပါ။


၁၁) Apply လုပ်လိုက်ပါက Password များ တောင်းပါလိမ့်မည်။ အပေါ်တွင် ပေးခဲ့ပါက ဖြည့်ပါ။ မပေးခဲ့ပါက မဖြည့်ပါနှင့်။


ဒါဆိုရင် နေ့စဉ် မိမိတို့ သတ်မှတ်တဲ့ အချိန်ရောက်တိုင်း စက်က အော်တို ဖျက်/ရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အချိန်တွေ၊ ဦးနှောက်တွေ မလိုတော့ပါဘူး။ မေ့စရာလဲ မလိုတော့ဘူးပေါ့။

အထက်ပါ နည်းလမ်းအတိုင်း Disk Defragmenter လဲ လုပ်၍ ရပါတယ်။ လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဆောင်ကြည့်ကြပါ။ အဆင်ပြေပါစေ။


မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ကိုစေတနာရေ.. ကျွန်တော်လုပ်ကြည့်တာ scheduled Task ဘောက်ထဲက status မှာ could not found လို့ပြနေပါတယ်..ဘာဖြစ်တာပါလဲခင်ဗျာ..ကူညီပါဦး..

kothantzin said...

ကိုစေတနာရေ.. ကျွန်တော်လုပ်ကြည့်တာ scheduled Task ဘောက်ထဲက status မှာ could not found လို့ပြနေပါတယ်..ဘာဖြစ်တာပါလဲခင်ဗျာ..ကူညီပါဦး..

Unknown said...

CorelDraw graphic suite x3
15 ရက်ဖြစ်နေလို့
လိုင်ဆင်ကီးလေးတွေ လုပ်ပုံအဆင့်ဆင့်လေး ရေးပေးပါ ... ကိုစေတနာရဲ့ စာဖတ်ပရိတ်သတ်ပါ ....