23.9.09

ယုံကြည်ပါ

တစ်ဘ၀မှာ တစ်ခါသာ
ဆုံတွေ့ရပါတဲ့
ကိုယ်တို့ဘ၀တွေရယ်။

ဆုံတွေ့စဉ် တစ်ဘဝ
တစ်ခဏတောတွင်းမှာ
ကြာမြင့်စွာ ချစ်ကာဖြင့်။

အိုအောင်မင်းအောင်
ပေါင်းဖို့ရန်
ဆုတွေဖြင့် တောင်းဖို့ရာ။

မလိုပါ ဒီဆုများ
သက်ဆုံးတိုင် ချစ်ဖို့ရယ်
ယုံကြည်ပါ ဒီ မောင်ကို။

ချစ်ကာဖြင့် ချစ်နေမှာ
ကြာမြင့်စွာ မနားတမ်း
ချစ်နေမည့် မောင်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

ဟိန်းနီ said...

လာလည်ပါတယ်အကို cbox မပေါ်လို့ ဒီမှာပဲနှုတ်ဆက်ခဲ့ပါတယ်