25.8.09

Open With ပြဿနာ

မိမိတို့ရဲ့ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ My Computer ထဲက Local Disk (C:) တို့ (D:) တို့ ဖွင့်တဲ့အခါ Open မဖြစ်ပဲ Open With Box ပေါ်တဲ့ စက်တွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေပါ။ အေက်က ပြထားတဲ့ ပုံလို ဖြစ်ခဲ့ရင်ပေါ့။




ဒီလို ပြုလုပ်ရပါလိမ့်မယ်။

၁) Start မှ Run ။ ပြီးရင် cmd ကို ရိုက်ဖွင့်ပါ။
၂) cmd box ပေါ်လာလျှင် cd\ ကို ရိုက်ပြီး enter ခေါက်ပါ။
၃) attrib -r -h -s autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။
၎) del autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။ Yes or No မေးခွန်းတွင် Y ကို နှိပ်လိုက်ပါ။
၅) ပြီးလျှင် d: ကို ရိုက်၍ enter ခေါက်ပါ။ ပြီးလျှင် အဆင့်(၃)နှင့် (၄)တွင် လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ပါ။
(အကယ်၍ Local Disk သည် (C:) (D:) (E:) တို့ ရှိခဲ့လျှင် အထက်က ပြသည့်နည်းအတိုင်း ပြုလုပ်ပါ။ d: နေရာတွင် e: ကို ပြုလုပ်သွားရမည် ဖြစ်သည်။)
၆) Restart ပြုလုပ်ပါ။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

လုပ်လိုမရဘူးအစ်ကိုရေ ဘယ်လိုလုပ်ရမလဲ ကိုယ်ပိုင်စက်မှာပဲလုပ်လိုရတာလား ....cyberတွေမှာရောလုပ်လိုရလားအစ်ကို ပြောပြပေးပါအုန်းနော်...ဒီမှာလုပ်တာလိုပ်လိုမရလို