တောင်းဆိုသူတွေများလို့ မိမိတို့ဘလော့တွေမှာ feedburner ထည့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအတိုင်း ပြုလုပ်ကြပါ။
၁) ဒီဆိုက်ကို http://feedburner.google.com/fb/a/account အရင်ဦးဆုံး ဖွင့်ပါ။
၂) ပြီးလျှင် မိမိ ဘလော့ရေးသည့် Gmail Account ဖြင့် ၀င်ပါ။
၃) Burn a feed right this instant. Type your blog or feed address here: စာသားအကွက်တွင် မိမိရဲ့ ဘလော့ကို ရိုက်ထည့်ပါ။ အောက်တွင် ပြသထားပါတယ်။

* အရေးကြီးသည်မှာ အောက်ဆုံးတွင် ကွင်းဝိုင်းထားသော လင့်ကို Copy ယူထားရမှာ ဖြစ်ပါတယ်။ ပြီးလျှင် Next ။
၎) အောက်က ပုံတွင် ပြသထားသည့်အတိုင်း RSS : ကို ရွေးပြီး Next ။

၅) Feed Title တွင် မြန်မာလို မရေးမိဖို့ပါ။ အင်္ဂလိပ်လို မိမိရဲ့ ဘလော့နာမည်ကို ဖြည့်ပါ။

၆) Feed Address တွင် အပေါ်တွင် Copy ကူးခိုင်းခဲ့သော လင့်ကို ဖြည့်လိုက်ပါ။ Next ။
၇) နောက်တစ်ကွက်တွင် Next ။

၈) အောက်ကလို ပေါ်လိမ့်မယ်။

၉) Publize Tab ကို ရွေးပါ။ Email Subscriptions ကို ရွေး။ Activate ကို နှိပ်။

၁၀) မြင်နေရတဲ့ ကုဒ်တွေကို Copy ယူပြီး မိမိတို့ရဲ့ Layout က HTML မှာ Past ချလိုက်။ ဒါဆို အိုကေပြီ။

အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်မှပဲ အီးမေးလ်နဲ့ ဘယ်နှစ်ယောက် ဖတ်သလဲဆိုတာ ဖော်ပြပေးပါ့မယ်။ အဆင်ပြေစေချင်တဲ့ .......... ။
မောင်စေတနာ
7 ယောက် မှတ်ချက်ပြုသည်:
ကျေးဇူးပါ ကိုစေတနာရေ...အခုလိုပြောပြပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း.....အဆင်ပြေသွားပါပြီ
ကိုစေတနာရေ ကျွန်မ အဆင့်(၅) နဲ့ဆက်မလုပ်ဘူးဖြစ်နေတယ်... အဲဒီလင့်ကိုကူးပြီးတော့ Next ကိုမသွားဘူး အဲဒီမှာပဲ ပြန်၂ပေါ်နေတယ် :)
ရသွားပါပြီ ကိုစေတနာ ကျေးဇူးတင်ပါတယ်..
ဒီနေ့ပဲ ဒီဆိုဒ်ကိုတွေ့တယ်။ ဒီနေ့ပဲ ဒါလေးကိုလုပ်ဖြစ်သွားတယ်။ အခုလိုတင်ပြတာ ကျေးဇူးပါပဲ ကိုစေတနာ။
မနေ့က အဲဒါကို ကိုယ့်ဘာသာကိုယ် လုပ်နေတာ တစ်နေကုန်တာပဲ.. ဘယ်နေရာ မှားနေလဲလည်း မသိဘူးလေ.... မရတာပဲ သိတာ... ခု ဒီနေ့ကျ ကိုစေတနာ့ပို့စ်ကို ဖတ်ပြီး လုပ်လိုက်တာ ခဏပဲ.... ကျေးဇူးတင်လိုက်တာ ပြောမနေနဲ့.... :))))
ကျေးဇူးအနန္တပါပဲ ကိုစေတနာရေ
အကိုေ၇ html မှာpast လုပ် ပြီး save တာ မ၇ဘူးဖြစ်နေတယ်
Post a Comment