16.8.09

Boot Win xp Fast

Window အတက်မြန်တဲ့ နည်းလမ်းများကို ဖော်ပြခဲ့တာ များနေပြီ ဖြစ်ပါတယ်။ ဒီတစ်ခါလဲ နည်းလမ်းကောင်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ကွန်ပျူတာမှာ အမှားအယွင်းနဲ့ အန္တရာယ်မဖြစ်စေဘဲ ကောင်းမွန်စေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အောက်က အဆင့်တွေအတိုင်း ပြုလုပ်ပါ။

အဆင့်(၁)

- အရင်ဦးစွာ Notepad ကို ဖွင့်ပါ။
- "del c:\windows\prefetch\ntosboot-*.* /q" စာသားကို ကူးထည့်လိုက်ပါ။
- ပြီးရင် ntosboot.bat နာမည်နဲ့ c:\ အောက်တွင် Save လုပ်လိုက်ပါ။
- Start မှ Run .... gpedit.msc ကို ရိုက်ပါ။
- Computer Configuration အောက်မှ Windows Settings ကို Double Click လုပ်ပါ။
- Script (Startup/Shutdown) ကို Click လုပ်ပါ။ Shutdown ကို Double Click လုပ်ပါ။
- Add မှ Brows မှ အပေါ်တွင် Save လုပ်ခဲ့သော ntosboot.bat ဖိုင်ကို ရှာ၍ Open လုပ်ပါ။
- ပြီးရင် Ok , Apply , Ok လုပ်ပါ။

အဆင့်(၂)

- Start မှ Run ........ devmgmt.msc ကို ရိုက်ဖွင့်ပါ။
- IDE ATA/ATAPI controllers ကို Double Click လုပ်ပါ။
- Primary IDE Channel ကို Right Click လုပ်ပြီး Properties ကို ဖွင့်ပါ။
- Advanced Settings ကို ရွေးပါ။ device 0 နှင့် device 1 အောက်ရှိ device type တွင် autodetect အစား none ကို ရွေးပါ။ ပြီးလျှင် Ok ။
- Secondary IDE channel ကိုလည်း အပေါ်အတိုင်း ပြုလုပ်ပါ။
- ပြီးလျှင် Restart ချပါ။

ဒါဆိုရင် ကွန်ပျူတာ ၀င်းဒိုးတက်တာ လျှင်မြန်လာပါလိမ့်မယ်။ အားလုံးကို အဆင်ပြေစေချင်တဲ့ ........... ။

မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

mgsaytanar.blogspot.com is very informative. The article is very professionally written. I enjoy reading mgsaytanar.blogspot.com every day.
online cash advance
payday loans canada

လွင်ပြင် said...

အကိုက စေတနာဆိုတဲ့နာမည်နဲ့လိုက်ဖက်တယ်ဗျာ နည်းပညာတွေက အရမ်းကို အဆင်ပြေတာဗျ နောက်လည်းများများတင်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ်ဗျ

Anonymous said...

I love reading an article that can make men and women think.
Also, thanks for allowing for me to comment!


Here is my web page ... tao of badass