5.8.09

blog ၏ အသုံးဝင်မှုများ

ဘလော့ရေးသားသူများ မေးလေ့ရှိပါတယ်။ ဘလော့နဲ့ ပတ်သက်တာများ များများရေးသားပေးဖို့ပါ။ မိမိအနေနဲ့ သူများတွေလို ဂရုကြီး မဟုတ်တော့ ဘလော့အကြောင်း ရေးသားဖို့ ခက်ခဲပါတယ်။ သို့ပေမယ့် မိမိသိလောက် ရေးသား ဖော်ပြပေးလိုက်ပါတယ်။

ဘလော့ရေးသားသူများ .... မိမိတို့ရဲ့ ဘလော့မှာ Feed gadget ကို ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းချင်သူများ အောက်ပါအတိုင်း ပြုလုပ်ပါ။

၁) မိမိတို့ ဘလော့အကောင့်ကို ၀င်ပါ။ ပြီးလျှင် Layout ကိုဖွင့်ပါ။ Layout တွင် Add Gadget ကို ကလစ်ပါ။


၂) Feed Gadget ကို ရွေးချယ်ပါ။



၃) Title တွင် မိမိကြည့်ချင်သည့် ၀က်ဆိုက်လိပ်စာကို ရိုက်ထည့်ပြီး Continue ကို နှိပ်ပါ။ (ဥပမာ- www.mgsaytanar.blogspot.com)



၎) ပြီးလျှင် Show တွင် မိမိကြည့်ချင်သည့် အကြောင်းအရာကို ရွေးပါ။ (ဥပမာ- ၅ ခု)
၅) ပြီးလျှင် Save ။

ဒါဆို မိမိဘလော့မှာ အဆိုပါဝက်ဆိုက်မှာ အသစ်တက်လာသည့် (၅)ခုကို အမြဲ Update လုပ်ပေးနေမှာ ဖြစ်ပါတယ်။ အသုံးတည့်နိုင်ပါစေ။

မောင်စေတနာ

4 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

အကိုရေ
ကျေးဇူးတင်ပါတယ် ဗျား
ကျနော်က ရန်ကုန်ကပါ ..ဒီမှာ ဘလော့လုပ်ရတာ polysolve က ကျော်ခွနေရတာပါဗျား..
အဲ့မှာ အကို့ကိုမေးချင်တာတစ်ခုရှိပါတယ်
အဓိက ပြဿနာက layout ကသွားတဲ့ add a gadget ကို မတွေ့ဘူး အကို..
ရယ်မယ်ဆို ရယ်စရာပဲလားမသိဘူး
အားလုံးတွေ့နေတာကို ကျနော် မတွေ့ဘူးဖြစ်နေလို့
ကူညီနိုင်ရင် ကူပေးပါဦးအကို ရေ
ကျနော်က အခုမှ စသင်တဲ့ လူမို့လို့ပါဗျာ
ကျေးဇူးပါ အကို ..
အကို့ ကို လေးစားလျက်
ဇေယျ
............................

Anonymous said...

အင်း မတွေ့ဘူးဆိုတော့ စဉ်းစားစရာပါပဲ။ ပုံနဲ့ သေချာဝိုင်းပြထားပါတယ်။ အဲဒါကို မတွေ့ဘူးလား။ ကျော်ဝင်လို့လဲ ဖြစ်နိုင်ပါတယ်။ အစကနေ ပြန် ၀င်ပြီး လုပ်ကြည့်ပါအုံး။

တစ်ခါမရ နှစ်ခါကြိုးစားပါ။


မောင်စေတနာ

Anonymous said...

DuctSnickutty
rwpd

alinyaung said...

အကို ညီလေးလည်း အခု မှ ဘလော့ စလုပ်တာပါ..
အကို ရှင်းပြတာတွေက အရမ်း အသုံးဝင်ပါတယ် အကို...
ကျေးဇူးပါအကို....နောက်လည်း ဆက်လက်ရှင်းပြပါနော်...
ကျေးဇူးတင်လျှက်...ညီလေး...