18.8.09

Blog Menu Tab ပြုလုပ်ပုံ အဆင့်ဆင့်

မိမိတို့ရဲ့ ဘလော့မှာ Menu Tab လေးတွေ လုပ်ချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ လုပ်နည်းတွေ ကတော့ အောက်က အတိုင်း ပြုလုပ်ပါ။

အဆင့်(၁)

၁) ဒီလင့်လေးကို ဖွင့်ပြီး ပုံကို ဒေါင်းလုပ်ယူပါ။ (မိမိတို့ နှစ်သက်ရာ ပုံကို တင်နိုင်သည်)
၂) ပြီးလျှင် မိမိတို့နှစ်သက်ရာ ဆိုက်တစ်ခုတွင် upload တင်ပါ။


အဆင့်(၂)

၁) ဒီဖိုင်ကို ဖွင့်၍ Copy ယူပြီး Layout မှ Add a gadget တွင် HTML ကို ရွေးပါ။
၂) Copy ကူးထားသည်များကို Past ချပါ။
၃) အထဲတွင် ရှိသော လင့်များနေရာတွင် မိမိတို့၏ Label နာမည်များနှင့် လင့်များကို ပြောင်းလဲပါ။
(ဥပမာ- မူလစာမျက်နှာ ၊ ၎င်းနှင့်ဆိုင်သော လင့်)
၎) ပြီးလျှင် Ok ။

အဆင့်(၃)

၁) Layout တွင် Edit HTML ကို ဖွင့်ပါ။
၂) ပြီးလျှင် အောက်က ကုဒ်များကို ရှာပါ။

* Footer
----------------------------------------------- */
#footer-wrap1 {
clear:both;
margin:0 0 10px;
padding:30px 0 0;
}
#footer-wrap2 {
color:$titleTextColor;
}
#footer {
padding:8px 15px;
}
#footer hr {display:none;}
#footer p {margin:0;}
#footer a {color:$titleTextColor;}
#footer .widget-content {
margin:0;
}

/** Page structure tweaks for layout editor wireframe */
body#layout #main-wrap1,
body#layout #sidebar-wrap,
body#layout #header-wrapper {
margin-top: 0;
}

body#layout #header, body#layout #header-wrapper,
body#layout #outer-wrapper {
margin-$startSide:0,
margin-$endSide: 0;
padding: 0;
}

body#layout #outer-wrapper {
width: 730px;
}

body#layout #footer-wrap1 {
padding-top: 0;
}

တွေ့လျှင် ၎င်းအောက်တွင် ဒီဖိုင်လေးထဲမှ ကုဒ်များကို Copy ကူးပြီး ထည့်လိုက်ပါ။
၃) အဆိုပါ ကုဒ်ထဲတွင် your upload link ဆိုသည့် စာသားနေရာတွင် အဆင့်(၁)တုန်းက Upload တင်ခဲ့သော ဖိုင်လင့်ကို ထည့်လိုက်ပါ။
၎) ပြီးလျှင် Save ။

ဒါဆို Menu Tab ပြုလုပ်တာ ပြီးမြောက်ပြီ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြလိမ့်မည်ဟု မျှော်လင့်လျက် .... ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Waing said...

Menu tab လုပ်နည်းလေး အခုမှ အဆင်ပြေသွားတယ် ကိုစေတနာရေ ကျေးဇူးတင်ပါတယ်။ နောက်လည်း အမြဲတမ်းလာလည်ပါ့မယ်။
ခင်လျက်
ဝိုင်း