24.7.09

ရှုပ်အုံးဟဲ့ Window Messenger

စက်ပစ္စည်းတွေ တစ်ခုချင်း ဆင်ဖို့ တပ်ဖို့ ပျင်းလို့ ကွန်ပျူတာကို ဆိုင်က အပြီးအစီး ၀ယ်မိပါတယ် ... ပြဿနာက စတာပဲ။ နှစ်ရက်လောက် သုံးရသေးတယ်။ Window Activate လုပ်ပါဆိုပြီး Window Login နားမှာ လာရပ်နေတယ်။ Activate လုပ်မလား မလုပ်ဘူးလားတဲ့။ လုပ်ပြီးမှ Desktop ပေါ်မယ်။ ၀င်းဒိုး တက်မယ်တဲ့။ မေးပုံကိုက။ ဆိုင်ကိုလဲ ဒေါသထွက်မိတယ်။ ဒီလောက်လွယ်တဲ့ ၀င်းဒိုးတောင် ကောင်းကောင်း မတင်တတ်ဘူး။

မထူးပါဘူး ဆိုပြီး ကိုယ်ဟာကိုယ်ပဲ ၀င်းဒိုး ပြန်တင်လိုက်တယ်။ တင်ပြီးတော့ အင်တာနက် ဘာညာ သုံးနေတုန်း စိတ်ရှုပ်စရာကောင်းတဲ့ MSN က တက်လာတယ်။ မထူးဘူးဆိုပြီး ရှင်းပစ်လိုက်တယ်။ MSN ရှင်းရင်းနဲ့ စာဖတ်သူများကို သတိရမိတယ်။ အင်း စာဖတ်သူထဲမှာလဲ ဒီ MSN ပြဿနာ ရှိနိုင်တယ်။ မသိတဲ့သူအတွက် ရေးအုံးမှ ဆိုပြီး ရေးလိုက်မိခြင်းပါ။

အကယ်၍ MSN က မိမိတို့ရဲ့ ကွန်ပျူတာမှ ရှုပ်နေတယ်ဆိုရင်တော့ အောက်ပါအတိုင်းသာ လုပ်လိုက်ပါတော့။

နည်းလမ်း(၁)

၁) Start မှ Control Penal ကို သွားပါ။
၂) Add or Remove Programs ကို ဖွင့်ပါ။
၃) ဘယ်ဘက်မှ Add/Remove Windows Components ကို နှိပ်လိုက်ပါ။


၎) Windows Components Wizard Box ပေါ်လာပါလိမ့်မည်။ Window Messenger ကို ရှာပါ။
၅) တွေ့ပါက အမှန်ခြစ်လေးကို ဖြုတ်ပြီး Next ကို နှိပ်ပါ။ ဒါဆိုရင် Uninstall လုပ်သွားပါလိမ့်မည်။

နည်းလမ်း(၂)

၁) Start မှ Run ကို ရွေးပါ။
၂) Run Box တွင် အောက်ပါစာသားကို ကူးထည့်လိုက်ပါ။

RunDll32 advpack.dll,LaunchINFSection %windir%\inf\msmsgs.inf,BLC.Remove

၃) ဒါဆိုရင် Auto Uninstall လုပ်သွားပါလိမ့်မည်။ ပြီးရင် ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

တောင်ငူသား said...

ကျွန်တော်တော့ အစ်ကိုပေးထားတဲ့နည်းလမ်းအတိုင်း
ဆော်ထည့်လိုက်ပြီးအစ်ကိုရေ့.....start ဘားထဲ ကအနီရောင်ကောင်လေးတော့ ဒိုးသွားရှာပြီ.....
ကျေးဇူး.....