25.12.08

အသုံးဝင်သော TeamViewer

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ဆက်သွယ်ရေးလို့ခေါ်တဲ့ Communication ကို အရမ်းကို အလေးထား ကြပါတယ်။ အလေးထားတဲ့ အတိုင်းလဲ လုပ်ဆောင်လာကြတာ အင်တာနက် ဆိုသောအရာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ တီထွင်တဲ့ နည်းပညာများဟာလဲ Communication ကိုသာ ဦးစားပေး နေပါတယ်။

ကိုရီးယားနိုင်ငံမှာဆိုရင် ရုံးကနေ အိမ်မှာရှိတဲ့ ပန်းပင်တွေကို ရေလောင်းနေပါပြီ။ ဒီလောက်ထိ တိုးတက်နေတဲ့ ခေတ်ကြီးထဲကို အမှီလိုက်နိုင်ဖို့ တော်တော်ကို ခက်ခဲနေပါပြီ။ တစ်နေရာ ရောက်နေလို့ လုပ်လို့မရဘူးဆိုတဲ့ ဆင်ခြေပေးလို့ မရတော့ပါဘူး။

တစ်နေ့က သူငယ်ချင်း တစ်ယောက်ရဲ့ စက်ကို Team Viewer ဆော့ဝဲလ်ကို သုံးပြီး Remote Desktop နဲ့ System ပိုင်းဆိုင်ရာတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ ကွန်ယက်နဲ့ စက်ပြင်ခဲ့ခြင်းပါ။ Team Viewer ဆော့ဝဲလ်လေးက အလွယ်ဆုံး သုံးနိုင်ပါတယ်။ ဖိုင်တွေ Transfer လုပ်တဲ့နေရာမှာ အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်လှပါတယ်။ တစ်ဖက်စက်ရဲ့ Desktop ကို မြင်နိုင်ကြည့်နိုင်ပါတယ်။

ဘာမှ မသုံးရင်တောင် File Transfer သုံးတဲ့နေရာမှာ မြန်ဆန်တဲ့အတွက် သုံးသင့်ပါတယ်။ ရပ်ဝေး တစ်နေရာမှ တစ်နေရာကို ဆက်သွယ် အလုပ်လုပ်တဲ့ သူများအတွက် သိပ်ကိုကောင်းမွန်တဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။ သုံးနည်းလေးကတော့

၁) မိမိကွန်ပျူတာ၊ မိမိနှင့် ဆက်သွယ်ချင်သည့် ကွန်ပျူတာတို့တွင် TeamViewer ကို Install လုပ်ပါ။
၂) အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။



၃) ဘယ်ဘက်တွင် ပေါ်နေသော ID နဲ့ Password သည် မိမိ စက်အတွက် ဖြစ်ပါတယ်။
၎) ညာဘက် အကွက်လွတ်တွင် မိမိဆက်သွယ်မည့် စက်၏ ID ကို ရိုက်ထည့်ရမည် ဖြစ်သည်။

စက်နှစ်လုံး install လုပ်ပြီးပါက တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ရန် ID နှင့် Password များကို ပြောပြရမှာ ဖြစ်ပါတယ်။ တစ်ယောက် ID နဲ့ Password တွေ ရပြီးဆိုရင် ဆက်သွယ်နိုင်ပါပြီ။

(မှတ်ချက်။ Password သည် တစ်ခါ ဖွင့်သုံးတိုင်း ပြောင်းနေတတ်ပါတယ်။ မိမိ Password က အမြဲတမ်း တစ်မျိုးတည်း ဖြစ်ချင်ပါက Extras မှ Options ရှိ Startup တွင် သွားရောက် ပေးထားနိုင်ပါတယ်။)


မောင်စေတနာ

6 ယောက် မှတ်ချက်ပြုသည်:

မင်းခစားရဲ့အကြောင်း.... said...

ကျေးဇူးအစ်ကို ကျွန်တော်ရထားတာကြာပြီဗျ သေချာမသုံးတတ်လို့ အစ်ကို့ဆီပြန်လာမှဘဲ မုန့်ကျွေးတော့မယ် အရင်လိုပိန်ပိန်လေးဘဲလား
ပုဂံသားမောင်ပါ အစ်ကို တစ်ချိန်ကတွယ်ရာမဲ့လေ

Anonymous said...

ဆရာ
ကျွန်တော့ PC ပျက်တုန်းက ဆရာကူညီပြင်ဆင်ပေးခဲ့သလို လုပ်ပေးဖို့ ကျွန်တော့မှာ knowledge of computer programming တွေဆရာလောက်မရှိတော့ စိတ်ထဲရှိသလောက် ကျွန်တော်အဖြေတောင်းထားချစ်သူရဲ့ PC ကိုမပြင်ပေးနိုင်ခဲ့ပေမဲ့၊
ဆရာ Gtalk ကနေ Send ပေးခဲ့တဲ့ ဒီဆော့ဝဲလ် လေးကြောင့် ရန်ကုန်က ချစ်သူလေးရဲ့ တိတ်တိတ်လေးသူ့  Gtalk ထဲမှာ သူပြောင်းထားတဲ့ ကျွန်တော့ Remame လေးကိုတွေ့ ခွင့်၇ခဲ့ပြီး သူ့ PC လေးကိုလည်း တတ်သလောက်မှတ်သလောက်လေးနဲ့ တော်တော်လေးကိုလုပ်ပေးနိုင်ခဲ့တယ်ဆရာ။

Anonymous said...

ဆရာ
ကျွန်တော့ PC ပျက်တုန်းက ဆရာကူညီပြင်ဆင်ပေးခဲ့သလို လုပ်ပေးဖို ကတော့ ကျွန်တော့မှာ knowledge of computer programming တွေဆရာလောက်မရှိတော့ စိတ်ထဲရှိသလောက် ကျွန်တော်အဖြေတောင်းထားချစ်သူရဲ့ PC ကိုမပြင်ပေးနိုင်ခဲ့ပေမဲ့၊
ဆရာ Gtalk ကနေ Send ပေးခဲ့တဲ့ ဒီဆော့ဝဲလ် လေးကြောင့် ရန်ကုန်က ချစ်သူလေးရဲ့ တိတ်တိတ်လေးသူ့  Gtalk ထဲမှာ သူပြောင်းထားတဲ့ ကျွန်တော့ Remame လေးကိုတွေ့ ခွင့်၇ခဲ့ပြီး သူ့ PC လေးကိုလည်း တတ်သလောက်မှတ်သလောက်လေးနဲ့ တော်တော်လေးကိုလုပ်ပေးနိုင်ခဲ့တယ်ဆရာ။

Anonymous said...

အင်းအဲဒီလိုဆော့ဝဲခပ်ဆင်ဆင်တူတာလေးမျှချင်လို့ ပါ
crossloop လို့ ခေါ်ပါတယ်။ www.download.com မှာအခမဲ့ရပါတယ်။ စမ်းသုံးကြည့်တာတော့မဆိုးပါဘူး

သူရဇော်(မှတ်စု) said...
This comment has been removed by the author.
သူရဇော်(မှတ်စု) said...

ကျွန်တော်လည်း ဒေါင်းသွားပြီဗျို့....ကျေးဇူးအရမ်းတင်ပါတယ်..