20.12.08

Desktop ကို Log ချမယ်

ကွန်ပျူတာ သုံးနေစဉ် ဖုန်းလာရင်ပဲ ဖြစ်ဖြစ်၊ အပြင်ခဏ သွားချင်ရင်ပဲ ဖြစ်ဖြစ် မိမိစက်ကို တစ်ခြားသူများ မသုံးရလေအောင် Desktop ကို Log ချခဲ့လို့ ရပါတယ်။ အလွယ်ကူဆုံး နည်းဖြစ်တဲ့ Window Log ချချင်ရင်တော့ Software မသုံးပဲ လုပ်နိုင်ပါတယ်။ ကွန်ပျူတာကို Password ပေးထား။ Window Key + L Key ကို နှိပ်။ ပြန်ဖွင့်ချင်ရင် Password ပြန်ရိုက်ထည့်။ အိုကေပေါ့။

အခုဖော်ပြမှာကတော့ Software သုံးတဲ့ နည်းပါ။ အဆင့်နည်းနည်း မြင့်အောင် သုံးချင်သူများ အတွက်ပါ။ Desktop မြင်ကွင်းကို မြင်နေရပြီး ဘာမှ သုံးလို့မရအောင် Log ချခဲ့လို့ ရပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

လင်းဦး(စိတ်ပညာ) said...

ဒေါင်းလုပ် လုပ်သွားပါတယ်။ နောက် တစ်ခု တောင်းဆိုပါရစေ... ကျွန်တော် အခုတွေ့နေရတာတစ်ခုက Microsoft Excel ဖိုင်ထဲမှာ Game လို Flash တွေ ထည့်နေတာကို တွေ့ရပါတယ်။ အသုံးပြုပုံများရှိ၇င် မျှဝေပေးပါ ခင်ဗျာ...

ခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)

kothantzin said...

သုံးကြည့်ပါတယ်..ကိုယ်ပိုင် hotkey လုပ်ပြီးသုံးဖို့ ကြိုးစားတာ မရဘူးဖြစ်နေပါတယ်..setting ဘယ်မှာချိန်ရမလဲဆိုတာ ရှာလို့မရဖြစ်နေပါတယ်..စာတွေလည်းဖတ်ပါတယ်..အဂ်လိပ်စာကလည်းတော်ဆိုတော့ တော်တော်လေးကို အခက်တွေ့နေပါတယ် ကိုစေတနာရေ