21.12.08

အချစ်ဗေဒင်

ကမ္ဘာပေါ်မှာ လူတိုင်း စကားလေး တစ်ခွန်းကို ပြောဖူးကြတယ်။ အဲဒါဟာ ချစ်တယ်တဲ့။ သီချင်းစာသားပါ။ ဟုတ်ပါတယ်။ လူတိုင်း အချစ်နဲ့ မကင်းပါဘူး။ မိန်းကလေးတိုင်းလဲ ဗေဒင်နဲ့ မကင်းပါဘူး။ ဗေဒင်ထဲမှာမှ အချစ်ဗေဒင်ဆိုရင် ပိုစိတ်ဝင်စားကြပါတယ်။ အခု မေးချင်ရာ မေးဖို့ အချစ်ဗေဒင်ဆော့ဝဲလ်လေ ဖော်ပြပေးလိုက်ပါတယ်။

မိမိကွန်ပျူတာမှာ အင်စတောလုပ်ပြီး မေးမြန်းနိုင်ပါပြီ။ မိမိက ဘယ်လိုယောကျာင်္းမျိုးနဲ့ ရမှာလဲ။ ဘယ်လိုမိန်းမမျိုးနဲ့ အိုကေမလဲ။ ဘယ်တော့ နီးစပ်မလဲ ... စသဖြင့် မေးမြန်းနိုင်ပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ အားလုံး ပျှော်ရွှင်ချမ်းမြေ့ကြပါစေ။

မောင်စေတနာ

7 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

cannot download .

မောင်စေတနာ said...

ဒေါင်းလုပ်ယူလို့ မရခဲ့တာ တောင်းပန်ပါတယ်။ လင့်ပြန်ပြောင်းထားပါတယ်။ ဒေါင်းလုပ် ပြန်ယူပါ။

မောင်စေတနာ

Anonymous said...

အစ်ကို စေတနာရှင်ရေ။ ဒီနေရာမှာတော့ နည်းနည်းဖြည့်စွက်ဆွေးနွေးပါရစေ။ ကျွန်တော်က အစ်ကို့ဘလော့ဆီ အမြဲကို လာလည်ပညာယူနေကျ ဘော်ဒါတစ်ယောက်ပါ။ အစ်ကို့ကိုလည်း ကျေးဇူးတင်လေးစားမိပါတယ်။ ဒါပေမယ့်အခု ဒီပို့စ်ကိုတော့ ဒီဆော့ဝဲလ်ကိုတော့ နည်းနည်းဆန့်ကျင် ကန့်လန့်တိုက်ပါရစေ။ တစ်ချို့က အဟုတ်ထင် အသေမှတ်သွားမှာ စိုးလို့ပါ။ ကျွန်တော်သိသလောက် နက်ရှိုင်းတဲ့ ချစ်ခြင်းတရားအကြောင်းကို ဆော့ဝဲလ်ထဲထည့် အသေတွက်လို့ ရမယ် မထင်ပါဘူး။ ဗေဒင်ဆရာတွေတောင် ယောင်တောင်ပေါင်တောင်နဲ့ ခန့်မှန်းရုံလောက် ဟောနိုင်ကြတာပါ။ ရှားရှားပါးပါး ပညာရှင်တချို့ကလွဲရင် ဘယ်ဆရာမှ အချစ်အကြောင်း၊ ကိုယ့်ချစ်သူအကြောင်း ဟောနိုင်မယ်မထင်ပါဘူး။ ဆော့ဝဲလ်နဲ့တွက်မယ်ဆိုတော့....။

မောင်စေတနာ said...

ယနေ့ခေတ်ကြီးထဲမှာ ဗေဒင်ဆရာဟောရင်တောင် မယုံတာ ဆော့ဝဲလ်ထဲမှာ စာအုပ်က စာတွေကို ကူးပြီး နီးစပ်ရာ တွက်ထားတာ ဖြစ်တဲ့အတွက် ပိုမယုံနိုင်ပါဘူး။
ပျော်စေပျက်စေ ပရိုဂရမ်များ ရေးဆွဲထားတဲ့ အချစ်ဗေဒင် ဆော့ဝဲလ်လေးဖြစ်ပါတယ်။ တကယ်ထင်စရာ မရှိပါဘူး။
ကျနော်တို့ဆို ဒီဆော့ဝဲလ်လေးသွင်းပြီး သူငယ်ချင်းအချင်းချင်း နောက်ပြောင်နေကြတာ ပျော်စရာတောင် ဖြစ်နေပါတယ်။ ပျော်စေချင်တဲ့

မောင်စေတနာ

kyawkhaing said...

ကိုစေတနာေ၇ ဘယ်သူတွေဘာပြောပြော ကျနော်တော့ 
ကြိုက်တယ်ဗျာ
ဆ၇ာစေတနာ နောက်ထပ် အများကြီးထပ်ေ၇းနိုင်ပါစေ

top1 said...

အဲ ဒီsoftware မှာသုံးတဲ့font ကိုဘယ်ကရ နိင်ပါသလဲ

top1 said...

အခုအဆင်ပြေသွားပါပြီ ကျေးဇူးတင်ပါသည်