သားအပေါ်ထား မေတ္တာစွမ်းကြောင့်
ချောမောနေဆဲ။
အမေ့ခန္ဓာ ၀ဖြိုးပေမယ့်
သမီးအပေါ်ထား စေတနာစွမ်းကြောင့်
ကြည့်ကောင်းနေဆဲ။
အမေ့လက်ဖျား ကြမ်းတမ်းပေမယ့်
မြေးအပေါ်ထား စိတ်ထားစွမ်းကြောင့်
နူးအိနေဆဲ။
အမေ့ခြေဖ၀ါး ကွဲအပ်ပေမယ့်
သားသမီးပေါ်ထား သတ္တိစွမ်းကြောင့်
လျှောက်လှမ်းနေဆဲ။
အလုပ်များစွာ သားမြေးများကြောင့်
လုပ်နေရလဲ တစ်ချက်မညည်း
ပင်ပန်းကြီးလဲ လုပ်နေဆဲပါ
လုပ်လျက်ပဲမို့ အမေရုပ်ရည်
ကြမ်းတမ်းနေလဲ သားတို့တွက်တော့
ကြည့်ကောင်းပါ၏
မောင်စေတနာ
3 ယောက် မှတ်ချက်ပြုသည်:
အကိုရေ အမေ့ရုပ်ရည်လေးလာဖတ်သွားပါတယ်အကို ရေးထားတာအရမ်းကောင်းတယ်ဗျအကို.... အကိုရေးမှာပဲအမေ့ကို ပိုပြီးတော့သတိရလာပြီအကိုရေ..........။
ဟဲလို..အစ်ကို..
အမေ့၇ုပ်၇ည်ကဗျာလေးဖတ်သွားပါတယ်..ခံစားပြီးအဝေးတစ်နေ၇ာမှအမေကိုပိုသတိ၇မိတယ်..တကယ်ပြောတာပါ..နောင်များမှာလဲဒီထက်ကောင်းသောအမေကဗျာများေ၇းသားပြီဖြန်ဝေပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်......
ကျေးဇူးတင်စွာဖြင့်.......
မိဘဆိုတာ မျှော်လင့်ချက်မထားတဲ့ ပေးဆပ်သူတွေပါ အကို..ကဗျာလေးဖတ်လိုက်မှ ပိုပြီးခံစားရတယ်
Post a Comment