12.9.08

Google က စိတ်ချရတယ်ဆိုတာ ဟုတ်လို့လား

မိမိ ဘလော့တင်လာတဲ့ တစ်နှစ်ပတ်လုံး အပင်ပန်းခံ စုဆောင်းထားတဲ့ ဆော့ဝဲလ်များကို Google Pages ကနေ Uplaod တင်ပြီး မိမိရဲ့ ဘလော့မှာ ဖော်ပြပေးခဲ့ပါတယ်။ အခုတော့ဗျာ ... Google Pages က Band လိုက်ပြီ။ ကျွန်တော် ဖော်ပြထားတဲ့ ဆော့ဝဲလ်တွေ၊ စုဆောင်းထားတဲ့ ဆော့ဝဲလ်တွေ တခဏထဲမှာ ကုန်ပြီဗျာ။ စာဖတ်သူ များကို ကျွန်တော် ရှေ့ဆက် ဘယ်လို ရေးသားဖော်ပြရမယ် ဆိုတာ မသိတော့ဘူး။ ကျွန်တော်ရဲ့ ဘလော့ အနာဂတ် ပျောက်သလို ခံစားရတယ်။ ကဲဗျာ Google က ကောင်းတယ်၊ Google က စိတ်ချရတယ် ဆိုတာ ဟုတ်ရဲ့ လားဗျာ။ ဟိုတစ်လောက ကွန်ပျူတာ ဂျာနယ်မှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးကို သွားသတိရမိတယ်။ Google က စိတ်ချရပြီဆိုတာ ဟုတ်ရဲ့လား ဆိုတဲ့ ဆောင်းပါးပါ။ Free တွေချည်း အမြဲပေးနေတဲ့ Google က ဘယ်အချိန် ဖျက်သိမ်းမယ်၊ ဖြုတ်ချမယ်ဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်တို့လို Free User တွေအတွက်တော့ စိတ်သောက ရောက်ရတာ ပေါ့ဗျာ။ ပိုက်ဆံမရှိလို့ အားကိုးမိပါတယ်။ သွားပါပြီဗျာ။ ကဲ စာဖတ်သူ တွေကို ဘယ်လို Upload တင်ပြီး ဘယ်လို ဖော်ပြရမှာလဲ ။ Free Upload ဖြစ်ပြီး အမြဲသုံးလို့ရတဲ့ Website လေးများ ရှိရင်။ သိရင် ကူညီကြပါအုံး။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

how about www.multiply.com