20.1.17

Myanmar Unicode 2



မြန်မာယူနီကုတ်ဖောင့် (Myanmar 2) အတွက် လိုလိုမယ်မယ် ဖော်ပြပေးလိုက်ပါတယ်။ စာရိုက်ဖို့ရော ဖောင့်အတွက်ပါ ထည့်ပေးထားပါတယ်။


ခင်မင်စွာဖြင့်

မောင်စေတနာ

Zawgyi font for Window 8, 8.1 and 10


နောက်ပိုင်း ထွက်ရှိတဲ့ Window 8 , 8.1  and 10 တွေမှာ မြန်မာဖောင့် Auto ပါလာတော့ ဇော်ဂျီသုံးချင်တဲ့လူတွေ အခက်တွေ့ကြရပါတယ်။ အဲဒီအတွက် ဖောင့်(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခုချင်းစီ ဖွင့်၍ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ 


ခင်မင်စွာဖြင့်

မောင်စေတနာ

3.7.15

ကွန်ပျူတာမှာ Zapya သုံးမယ်

ပုံမှန်အားဖြင့်တော့ ဖုန်းတွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်တဲ့နေရာမှာ USB Cable တွေနဲ့ ချိတ်ကြတာပေါ့။ ဖုန်းထဲကို Data ထည့်ရင် ဖြစ်ဖြစ် ဖုန်းထဲက Data ကို ကွန်ပျူတာထဲ ထည့်ရင် ဖြစ်ဖြစ် ချိတ်ဆက်တတ်ကြတယ်။ 

ကြိုးနဲ့ မလုပ်ချင်ရင်တော့ ဖုန်းအချင်းချင်း ပို့ကြတဲ့ Zapya ကို သုံးဖို့ တိုက်တွန်းချင်တာပါ။ သုံးဖို့ဆိုရင်တော့ Laptop တွေနဲ့ Wireless ရတဲ့ Desktop တွေမှာ သုံးလို့ရပါတယ်။

သုံးနည်းကတော့ ကွန်ပျူတာက Zapya ကို ဖွင့်ထား။ ဖုန်းက Zapya ကနေ Search and Join ကို နှိပ်ပြီး ရှာမယ်။ ကွန်ပျူတာ နာမည်တွေ့ရင် နှိပ်ပြီး ပို့ချင်တာ ပို့နိုင်ပါပြီ။

Zapya ကို  Download ယူပါ။

မောင်စေတနာ

10.4.15

Huawei G730-U00 ကို Color OS တင်ခြင်း

Huawei G730-U00 ကို Color OS တင်တာ အောင်မြင်သွားပါပြီ။ တင်ချင်သူများအတွက် အပင်ပန်းခံ ရေးသားလိုက်ပါ၏
ဦးစွာ ပထမ ဒေါင်းယူကြပါကုန် . . .


၁။ ဒေါင်းလို့ ပြီးပါက CWM Zip ဖိုင်ကို ဖြေထားပါ . . .

၂။ Flash Tool ကို zip ဖြေပြီး ဖိုဒါထဲမှာ ပါသော flash_tool ဆိုတာကို ဖွင့်ပါ။

၃။ Download Agent အောက်တွင် အကွက်လွတ်ရှိပါတယ်။ Scatter-Loading File ဆိုတဲ့အကွက်အတွက် Scatter-loading ကို နှိပ်လိုက်ပါ။ zip ဖြေထားသော CWM ဖိုဒါထဲမှ Notepad ဖြင့် ရေးထားသော MT6582 ဆိုတာလေး ရွေးပြီး Open လိုက်ပါ။

၎။ အောက်ကွက်တွင် စာတန်းများ တန်းစီကျလာလိမ့်မယ်။ အဲဒီစာတန်းတွေထဲက recovery ဆိုတဲ့အကွက်ကို အမှန်ခြစ်ပေးပြီး Location အကွက်ကို double click လုပ်လိုက်ပါ။ Open File box ကျလာရင် CWM ဖိုဒါထဲက HUAWEI-G730-U00_131128__recovery_140118-103300 ကိုရွေးပြီး open လုပ်ပါ။

၅။ ပြီးပါက Flash Tool တွင်အပေါ်ဆုံးရှိ Download ကိုနှိပ်ပါ။

၆။ ဖုန်းကို ပိတ်လိုက်ပါ။ ပြီးလျှင် ဘထ္ထီရီကို ဖြုတ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပါ။ ဘထ္ထရီ ပြန်တပ်ပါ။ flash tool တွင် အလုပ်လုပ်နေလိမ့်မယ် ၁၀၀ ရာခိုင်နှုန်းပြည့်ပြီး အမှန်ခြစ်လေး ပေါ်လာပါက CWM အဆင့်ပြီး၏။

(မှတ်ချက် - ကွန်ပျူတာနှင့် မသိပါက ထိုသို့မဖြစ်နိုင်ပါ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်တဲ့အချိန် ကွန်ပျူတာတွင် Hisuite ပေါ်ပါက အင်စတောလုပ်ပါ။ )

ဒုတိယအဆင့်
--------------

၁။ SD Card ကို Format ချထားပါ။ ကတ်ထဲကို G730-U00 Color OS ကို zip မဖြေပဲ ထည့်လိုက်ပါ။

၂။ ဖုန်းကို ပိတ်ထားပါ။ Volume + နှင့် power ကို ပူးတွဲနှိပ်ပါ။ CWM ထဲရောက်ပါက Install zip from sdcard ကို ရွေး၍ ပါဝါခလုတ်ကို နှိပ်။ Choose zip from sdcard ကို ထပ်ရွေးနှိပ်။ အစောပိုင်းကော်ပီကူးထည့်ထားသော Color OS ကို တွေ့လိမ့်မယ်။


၃။ color os ကို ရွေးနှိပ်။ Yes ကို ထပ်နှိပ်။ သူ့အလုပ် သူလုပ်နေလိမ့်မယ် ခဏစောင့်ပါ။ complete ဖြစ်ပါက reboot now ကို ရွေးလိုက်ပါ။

၎။ ပြန်တက်လာတဲ့အချိန် Color OS လေးနဲ့တွေ့ရလိမ့်မယ်။

(မှတ်ချက် - မိနစ် ၂၀ နီးပါး စောင့်လို့ Color OS ကမတက် ပါက ဘထ္ထရီ ဖြုတ်ပြီး Volume + နှင့် power ကို နှိပ်၍ CWM ထဲဝင်ကာ Reset ချလိုက်ပါ။ အိုကေလိမ့်မယ်)

မြန်မာဖောင့်သွင်းရန်အတွက် SD Card ထဲကို UPDATE-SuperSU-v1.94 ထည့်ပြီ . . . CWM ထဲကနေ တင်လိုက်ပါ။ root ရပါက MMAIO Font Changer နဲ့ မြန်မာဖောင့်သွင်းပါ။

google app များတွက်လည်း အလားတူလုပ်ပါ။

MIUI တင်ချင်ရင်လဲ ထိုနည်းတူစွာပင်။ CWM တော့ ထပ်လုပ်စရာ မလိုပါ။
လင့်ကတော့ Download 
ခွန် ၀ီလျံ ထွန်း မှ ကူညီပြသပေးသွားခြင်း ဖြစ်ပါတယ်။





30.8.13

Myanmar Blogger Forum 7th Anniversary



တစ်နေ့သ၌ ကျွန်ုပ်သည် ရည်ညွှန်းစာကြည့်တိုက်ရှိ အင်တာနက် ဂျာနယ်ကို ဖတ်ရှုနေရင်း Myanmar Blogger Forum ကျင်းပမည့် အစီအစဉ်ကို သိရလေ၏။ အဆိုပါ အခမ်းအနားသို့ တက်ရောက်ချင်စိတ် တဖွားဖွား ဖြစ်မိလေသည်။ 

သြော် . . . ကျွန်ုပ်အနေဖြင့် ဘလော့လောကထဲကို ၂၃.၁၀.၂၀၀၇ ရက်နေ့တွင် ၀င်ရောက်သည်မှာ ယခုဆိုလျှင် ခြောက်နှစ်ပင် ပြည့်တော့မည်။ Myanmar Blogger သည်လည်း ယခုဆိုလျှင် ၇ နှစ်ပင် ပြည့်မြောက်ခဲ့သော်လည်း ဘလော့အခမ်းအနားများကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ 

ယခု ကျင်းပပြုလုပ်မည့် Myanmar Blogger Forum ကို တက်ရောက်ချင်မိ၏။ ကျင်းပမည့် ၃၁ ရက်တွင် ကျွန်ုပ်သည် ရန်ကုန်သို့ လာရာ လမ်းခရီးတွင်ပင် ရှိလိမ့်မည်။ အခမ်းအနားက ၂ ချက်ထိုးတွင် စတင်မည်။ ကျွန်ုပ်က ၃ ချက်ထိုးမှ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ရောက်ပေလိမ့်မည်။ တက်ရောက်ရမည့် နေ့ရက်တွင် ရန်ကုန်သို့ ရောက်ရှိသော်လည်း အချိန်မမီချေ။ 

လွန်ခဲ့ပြန်ပြီး Myanmar Blogger Society ရေ. . . . . 

မောင်စေတနာ