9.1.21

Nero Burning 2020

CD/DVD အတွက် Data ကူးကူး၊ Video ကူးကူး  Nero Burning က လွယ်ကူပြီး အထောက်အပံ့ ကောင်းကောင်း ပေးတာ အားလုံးအသိပါ။ အသုံးပြုချင်သူများ အရင်ဆုံး Download ယူပြီး ကွန်ပျူတာထဲမှာ Anti Virus အတွက် ဆော့ဝဲလ်တွေရှိရင် ပိတ်ထားပါ။ ဆော့ဝဲလ်ကို အင်စတောလုပ်ပြီးရင် ချက်ချင်းမဖွင့်ပါနဲ့။ Patch ဖိုင်လေးကို Copy ကူးပြီး C:\Program Files (x86)\Nero\Nero 2020\Nero Burning ROM ထဲ Past ချပါ။ တချို့ကွန်ပျူတာတွေက Program Files ပဲ ဖြစ်တတ်ပါတယ်။  Past လုပ်ပြီးလျှင် ဖိုင်ကို  Right Click လုပ်ပြီး Run as Administrator နဲ့ ဖွင့်ပါ။ 

Download


ခင်မင်စွာဖြင့်

မောင်စေတနာ

7.1.21

Ant Download Manager Pro 1.19.5 Build 74430


ကွန်ပျူတာ သုံးစွဲသူတွေ အင်တာနက်သုံးတဲ့အခါ မရှိမဖြစ်  သုံးရတဲ့ Ant Download Manager ကို ဖော်ပြပေးလိုက်ပါတယ်။ Internet Download Manager လိုပဲ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်လေးပါ။ သုံးချင်တယ်ဆိုရင် အရင်ဆုံး Download ယူပါ။ ပြီးလျှင် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ အရင်ဆုံး Internet နဲ့ Antivirus  တွေ ပိတ်ထားပါ။

၂။  Setup ဖိုင်ကို ဖွင့်ပါ။  "English", then click "OK" လုပ်။ "Next" , ပြီးရင်  "I accept the agreement", ပြီးရင် "Next" အင်စတော ပြီးတဲ့အထိ စောင့်ပါ။

၃။ အင်စတောလုပ်တာ ပြီးပြီးချင်း မဖွင့်ပါနဲ့။ Crack Folder ထဲက ဖိုင်ကို Copy ယူပြီး  "Ant Download Manager" Folder  ကို ရှာပါ။ (ဥပမာ -  C: \ Program Files (x86) \ Ant Download Manager) 

၄။ တွေ့ရင် Past လုပ်ပါ။ Replace / Ovewrite. ပေါ်လာရင် အိုကေလုပ်ပါ။

၅။ ပြီးရင် Internet ပြန်ဖွင့်ပြီး Ant Download Manager ကို ဖွင့် သုံးနိုင်ပါပြီ။


ခင်မင်စွာဖြင့်

မောင်စေတနာ

6.1.21

Facebook Messenger for Windows



 Desktop Computer နဲ့ Laptop Computer တွေမှာ Facebook Messenger ကို သုံးလို့ရပါပြီ။ ဖုန်းမှာ သုံးသလိုပဲ Call နဲ့ V Call တွေလဲ သုံးလို့ရပါတယ်။

ဒီလင့်မှာ ဒေါင်းလုပ်ယူပြီး သုံးနိုင်ပါပြီ။ 

14.12.18

Myanmar National Anthem


မြန်မာနိုင်ငံတော်သီချင်း ကမ္ဘာမကြေ တီးလုံးသံစဉ်ကို မြန်မာနိုင်ငံတော် အလံနောက်ခံဖြင့် ပြုလုပ်ထားပါတယ်။ လိုအပ်သူများ သုံးစွဲနိုင်ရန် ပြုလုပ်မျှဝေလိုက်ပါတယ်။ Download လုပ်ယူပါ။ 

24.2.17

Myanmar TV Channel

ပြည်ပရောက် မြန်မာတွေအတွက် မြန်မာနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ နာမည်ကြီး Channel အားလုံးကို စုစည်းပေးထားတဲ့ Website တစ်ခုကို ဖော်ပြပေးလိုက်ပါတယ် . . . .  သိပြီးသူများအတွက် မဟုတ်ပါ . . . 


 



ခင်မင်စွာဖြင့်

မောင်စေတနာ

20.1.17

Myanmar Unicode 2



မြန်မာယူနီကုတ်ဖောင့် (Myanmar 2) အတွက် လိုလိုမယ်မယ် ဖော်ပြပေးလိုက်ပါတယ်။ စာရိုက်ဖို့ရော ဖောင့်အတွက်ပါ ထည့်ပေးထားပါတယ်။


ခင်မင်စွာဖြင့်

မောင်စေတနာ

Zawgyi font for Window 8, 8.1 and 10


နောက်ပိုင်း ထွက်ရှိတဲ့ Window 8 , 8.1  and 10 တွေမှာ မြန်မာဖောင့် Auto ပါလာတော့ ဇော်ဂျီသုံးချင်တဲ့လူတွေ အခက်တွေ့ကြရပါတယ်။ အဲဒီအတွက် ဖောင့်(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခုချင်းစီ ဖွင့်၍ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ 


ခင်မင်စွာဖြင့်

မောင်စေတနာ

3.7.15

ကွန်ပျူတာမှာ Zapya သုံးမယ်

ပုံမှန်အားဖြင့်တော့ ဖုန်းတွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်တဲ့နေရာမှာ USB Cable တွေနဲ့ ချိတ်ကြတာပေါ့။ ဖုန်းထဲကို Data ထည့်ရင် ဖြစ်ဖြစ် ဖုန်းထဲက Data ကို ကွန်ပျူတာထဲ ထည့်ရင် ဖြစ်ဖြစ် ချိတ်ဆက်တတ်ကြတယ်။ 

ကြိုးနဲ့ မလုပ်ချင်ရင်တော့ ဖုန်းအချင်းချင်း ပို့ကြတဲ့ Zapya ကို သုံးဖို့ တိုက်တွန်းချင်တာပါ။ သုံးဖို့ဆိုရင်တော့ Laptop တွေနဲ့ Wireless ရတဲ့ Desktop တွေမှာ သုံးလို့ရပါတယ်။

သုံးနည်းကတော့ ကွန်ပျူတာက Zapya ကို ဖွင့်ထား။ ဖုန်းက Zapya ကနေ Search and Join ကို နှိပ်ပြီး ရှာမယ်။ ကွန်ပျူတာ နာမည်တွေ့ရင် နှိပ်ပြီး ပို့ချင်တာ ပို့နိုင်ပါပြီ။

Zapya ကို  Download ယူပါ။

မောင်စေတနာ

10.4.15

Huawei G730-U00 ကို Color OS တင်ခြင်း

Huawei G730-U00 ကို Color OS တင်တာ အောင်မြင်သွားပါပြီ။ တင်ချင်သူများအတွက် အပင်ပန်းခံ ရေးသားလိုက်ပါ၏
ဦးစွာ ပထမ ဒေါင်းယူကြပါကုန် . . .


၁။ ဒေါင်းလို့ ပြီးပါက CWM Zip ဖိုင်ကို ဖြေထားပါ . . .

၂။ Flash Tool ကို zip ဖြေပြီး ဖိုဒါထဲမှာ ပါသော flash_tool ဆိုတာကို ဖွင့်ပါ။

၃။ Download Agent အောက်တွင် အကွက်လွတ်ရှိပါတယ်။ Scatter-Loading File ဆိုတဲ့အကွက်အတွက် Scatter-loading ကို နှိပ်လိုက်ပါ။ zip ဖြေထားသော CWM ဖိုဒါထဲမှ Notepad ဖြင့် ရေးထားသော MT6582 ဆိုတာလေး ရွေးပြီး Open လိုက်ပါ။

၎။ အောက်ကွက်တွင် စာတန်းများ တန်းစီကျလာလိမ့်မယ်။ အဲဒီစာတန်းတွေထဲက recovery ဆိုတဲ့အကွက်ကို အမှန်ခြစ်ပေးပြီး Location အကွက်ကို double click လုပ်လိုက်ပါ။ Open File box ကျလာရင် CWM ဖိုဒါထဲက HUAWEI-G730-U00_131128__recovery_140118-103300 ကိုရွေးပြီး open လုပ်ပါ။

၅။ ပြီးပါက Flash Tool တွင်အပေါ်ဆုံးရှိ Download ကိုနှိပ်ပါ။

၆။ ဖုန်းကို ပိတ်လိုက်ပါ။ ပြီးလျှင် ဘထ္ထီရီကို ဖြုတ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပါ။ ဘထ္ထရီ ပြန်တပ်ပါ။ flash tool တွင် အလုပ်လုပ်နေလိမ့်မယ် ၁၀၀ ရာခိုင်နှုန်းပြည့်ပြီး အမှန်ခြစ်လေး ပေါ်လာပါက CWM အဆင့်ပြီး၏။

(မှတ်ချက် - ကွန်ပျူတာနှင့် မသိပါက ထိုသို့မဖြစ်နိုင်ပါ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်တဲ့အချိန် ကွန်ပျူတာတွင် Hisuite ပေါ်ပါက အင်စတောလုပ်ပါ။ )

ဒုတိယအဆင့်
--------------

၁။ SD Card ကို Format ချထားပါ။ ကတ်ထဲကို G730-U00 Color OS ကို zip မဖြေပဲ ထည့်လိုက်ပါ။

၂။ ဖုန်းကို ပိတ်ထားပါ။ Volume + နှင့် power ကို ပူးတွဲနှိပ်ပါ။ CWM ထဲရောက်ပါက Install zip from sdcard ကို ရွေး၍ ပါဝါခလုတ်ကို နှိပ်။ Choose zip from sdcard ကို ထပ်ရွေးနှိပ်။ အစောပိုင်းကော်ပီကူးထည့်ထားသော Color OS ကို တွေ့လိမ့်မယ်။


၃။ color os ကို ရွေးနှိပ်။ Yes ကို ထပ်နှိပ်။ သူ့အလုပ် သူလုပ်နေလိမ့်မယ် ခဏစောင့်ပါ။ complete ဖြစ်ပါက reboot now ကို ရွေးလိုက်ပါ။

၎။ ပြန်တက်လာတဲ့အချိန် Color OS လေးနဲ့တွေ့ရလိမ့်မယ်။

(မှတ်ချက် - မိနစ် ၂၀ နီးပါး စောင့်လို့ Color OS ကမတက် ပါက ဘထ္ထရီ ဖြုတ်ပြီး Volume + နှင့် power ကို နှိပ်၍ CWM ထဲဝင်ကာ Reset ချလိုက်ပါ။ အိုကေလိမ့်မယ်)

မြန်မာဖောင့်သွင်းရန်အတွက် SD Card ထဲကို UPDATE-SuperSU-v1.94 ထည့်ပြီ . . . CWM ထဲကနေ တင်လိုက်ပါ။ root ရပါက MMAIO Font Changer နဲ့ မြန်မာဖောင့်သွင်းပါ။

google app များတွက်လည်း အလားတူလုပ်ပါ။

MIUI တင်ချင်ရင်လဲ ထိုနည်းတူစွာပင်။ CWM တော့ ထပ်လုပ်စရာ မလိုပါ။
လင့်ကတော့ Download 
ခွန် ၀ီလျံ ထွန်း မှ ကူညီပြသပေးသွားခြင်း ဖြစ်ပါတယ်။





30.8.13

Myanmar Blogger Forum 7th Anniversary



တစ်နေ့သ၌ ကျွန်ုပ်သည် ရည်ညွှန်းစာကြည့်တိုက်ရှိ အင်တာနက် ဂျာနယ်ကို ဖတ်ရှုနေရင်း Myanmar Blogger Forum ကျင်းပမည့် အစီအစဉ်ကို သိရလေ၏။ အဆိုပါ အခမ်းအနားသို့ တက်ရောက်ချင်စိတ် တဖွားဖွား ဖြစ်မိလေသည်။ 

သြော် . . . ကျွန်ုပ်အနေဖြင့် ဘလော့လောကထဲကို ၂၃.၁၀.၂၀၀၇ ရက်နေ့တွင် ၀င်ရောက်သည်မှာ ယခုဆိုလျှင် ခြောက်နှစ်ပင် ပြည့်တော့မည်။ Myanmar Blogger သည်လည်း ယခုဆိုလျှင် ၇ နှစ်ပင် ပြည့်မြောက်ခဲ့သော်လည်း ဘလော့အခမ်းအနားများကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ 

ယခု ကျင်းပပြုလုပ်မည့် Myanmar Blogger Forum ကို တက်ရောက်ချင်မိ၏။ ကျင်းပမည့် ၃၁ ရက်တွင် ကျွန်ုပ်သည် ရန်ကုန်သို့ လာရာ လမ်းခရီးတွင်ပင် ရှိလိမ့်မည်။ အခမ်းအနားက ၂ ချက်ထိုးတွင် စတင်မည်။ ကျွန်ုပ်က ၃ ချက်ထိုးမှ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ရောက်ပေလိမ့်မည်။ တက်ရောက်ရမည့် နေ့ရက်တွင် ရန်ကုန်သို့ ရောက်ရှိသော်လည်း အချိန်မမီချေ။ 

လွန်ခဲ့ပြန်ပြီး Myanmar Blogger Society ရေ. . . . . 

မောင်စေတနာ

26.8.13

Retropatterns Launcher

Launcher ကို ဆန်းဆန်းပြားပြား သုံးချင်သူများအတွက် Retropatterns  Theme GO Launcher လေးကို ဖော်ပြလိုက်ပါတယ်။



လိုချင်သူများ Retropatterns-Theme-GO-Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

22.8.13

Launcher 8

နောက်ထပ် Launcher အလန်းလေးတစ်ခု ဖော်ပြလိုက်ပါတယ်။  Window 8 ပုံစံဖြင့် သုံးချင်သူများအတွက် Launcher 8 ကို သုံးကြည့်ပါ။


Launcher 8 ကို ဒေါင်းယူပါ။

မောင်စေတနာ

20.8.13

Atom Launcher

နောက်ထပ် Launcher အလန်းလေး ဖြစ်တဲ့ Atom-Launcher လေးကို ဖော်ပြလိုက်ပါတယ်။



လိုချင်သူများ Atom-Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

19.8.13

Smart Launcher

တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုဒ်တိုင်းတွင် ခေတ်စားနေသည့် ဖုန်းဆော့ဝဲလ်ဖြစ်သော Android ဆော့ဝဲလ်များကို မြင်တွေ့နေရသော်လည်း ကျွန်ုပ်၏ မှတ်စုအလိုငှာ့ ကျွန်ုပ်၏ ဆိုဒ်တွင် ဖော်ပြရပေသည်။ Launcher အလန်းလေးများ လိုချင်သူများအတွက် Smart Launcher ကို ဖော်ပြလိုက်ပါ၏။



လိုချင်သူများ Smart Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

16.8.13

Espier Launcher

i phone အပြင်အဆင်လေးလိုချင်သူများအတွက် Espier Launcher လေး ဖော်ပြပေးလိုက်ပါတယ်။


Espier-Launcher လေး ဒေါင်းယူပါ။

မောင်စေတနာ

15.8.13

Android Launcher

တစ်နေ့သ၌ ကျွန်ုပ်သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မောင်စေတနာ ဘလော့ကို လှည့်မကြည့်ဖြစ်ရာ စာဖတ်သူများ၏ Comment နှင့် တောင်းဆိုချက်များစွာကို တွေ့ရလေ၏။  သို့သော် ကျွန်ုပ်လည်း မတတ်တာ မသိတာတွေ များနေတော့ ဒီအတိုင်းသာ ထားရလေသည်။

ကျွန်ုပ်၏ မိတ်ဆွေ မောင်စိုင်း  လိုချင်နေသော Smart Phone များတွင် အသုံးပြုရန် Android Apk လေး တစ်ခုကို ဖော်ပြပေးလိုပါ၏။ Android ဖုန်းများတွင် ပါသော Launcher များ မနှစ်သက်လျှင် Launcher အမျိုးမျိုး ပြောင်းသုံးနိုင်သည်။ 


အသွင်သစ်နဲ့ လန်းချင်သူများ Claystone Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

27.2.13

Web Page ကို ပုံထုတ်ယူမယ်

Firefox ရဲ့ add-ons ထဲမှာ ကောင်းမွန်ပြီး အသုံးဝင်တဲ့ Add on တစ်ခုကို ဖော်ပြလိုက်ပါတယ်။ Fire shot ဖြစ်ပါတယ်။ လိုချင်တဲ့ Website ရဲ့ မျက်နှာပြင်တစ်ခုလုံးကို လိုချင်တယ်ဆိုရင် ဒီ Add On လေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။

သုံးချင်တယ်ဆိုရင် အောက်က အတိုင်းလေး လုပ်လိုက်ပါ။

(၁) ဒီလင့်လေးကို သွားလိုက်ပါ။
(၂) ပြီးရင် Add on Firefox ကို နှိပ်လိုက်ပါ။
(၃) ဘယ်ဘက်ဒေါင့်အပေါ်တွင် Add on downloading လုပ်နေပါလိမ့်မည်။ ခဏစောင့်ပါ။
(၄) ပြီးပါက Box တစ်ခုကျလာလိမ့်မည်။ Install လုပ်ပါ။ restart ပေါ်လာလိမ့်မည်။ လုပ်ပါ။
(၅) Firefox ပြန်တက်လာပါ ညာဘက်ဒေါင့်တွင် S ပုံလေး ပေါ်နေလိမ့်မည်။ 
(၆) Website မျက်နှာပြင်ကို လိုချင်ပါက S ပုံသာ နှိပ်လိုက်ပါ။ 
(၇) မိမိတို့ လိုချင်သလို ဆက်လုပ်နိုင်ပါသည်။

မောင်စေတနာ

4.2.13

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း

Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။



အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။


မောင်စေတနာ

1.2.13

Window 7 Genuine ပြဿနာ


အင်တာနက် ကွန်နက်ရှင်းက ဒီလထဲမှာ တော်တော်လေးပါတယ်။ ဘလော့ရေးဖို့လဲ ခက်ခဲတယ်။ ဒါပေမယ့် မေးမြန်းထားတဲ့ စာဖတ်သူများအတွက် ကြိုးစားပြီး ဖော်ပြလိုက်ပါတယ်။
Window 7 မှာ Genuine ပြဿနာ ဒါမှမဟုတ် ၀င်းဒိုးအတုလို့ ပြောတဲ့ ပြဿနာကို ဖြေရှင်းရန်အတွက် Window Loader လေးကို ဒေါင်းယူပါ။

ပြီးရင် Window Loader Rar ဖိုင်ကို ဖြည့်လိုက်ပြီး ဆော့ဝဲလ်လေးကို C: ထဲကို Past ချပြီး Run လိုက်ပါ။ ခဏနေပါက Box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီအခါ Install ကို နှိပ်ပြီး မိနစ်ပိုင်းမျှ စောင့်နေပါတယ်။ 

ခဏနေပါက Restart ချရန် မေးပါလိမ့်မယ်။ ချလိုက်ပါ။ window ပြန်တက်လာပါက OK သွားပါလိမ့်မယ်။


မောင်စေတနာ

16.1.13

Zawgyi Font For Window 7 64 bit


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။

ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ 

သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။

အဆင့်(၁) 

စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။

အဆင့်(၂)

ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။ 

Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။



မောင်စေတနာ