20.7.12

Internet Download Manager သုံးပါ

တစ်နေ့သ၌ ကျွန်ုပ်သည် အလုပ်မအားလပ်သဖြင့် ဘလော့တွင် ပို့စ်များစွာ မတင်နိုင်သည့် သကာလ ဖြစ်နေသည်။ ပို့စ် အရေးနည်းသဖြင့် စာဖတ်သူများကိုလည်း အားနာလှ၏။ သို့ဖြစ်ရာ တင်သည့် ပို့စ်များသည်လည်း စာဖတ်သူများ၏ အကျိုးကို လိုလားသော ပို့စ်များကိုသာ ရေးတင်နိုင်ရန် စဉ်းစားလျက် ရှိ၏။


အင်တာနက် သုံးသည့်နှင့် မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုအကြောင်း ရေးသားဖော်ပြပါမည်။ Internet Download Manager ကို ကွန်ပျူတာထဲသို့ မည်သို့ မည်ပုံ ထည့်သွင်းရမည်ကို ရေးသားပေးခဲ့ဖူးပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရှင်းလင်းချက် ညံ့ဖျင်းမှုကြောင့် အားလုံးလိုလို နားမလည် ဖြစ်နေပုံရ၏။ ထို့ကြောင့် IDM အကြောင်းကို အစကနေ ထပ်မံရေးသားဖော်ပြအပ်ပေ၏။

၁) IDM ကို Download လုပ်ယူပါ။
၂) idman60b ကို Install လုပ်ပါ။ Restart တောင်းပါက ပေးလိုက်ပါ။ ပြီးပါက
၃) Start Bar ညာဘက် အောက်ခြေတွင် ပေါ်နေသော IDM သင်္ကေတ အလုံးလေးကို Right Click လုပ်ပြီး Exit ကို ရွေး၍ ပိတ်ပါ။
၎) Download လုပ်ယူထားသော ဖိုင်ထဲတွင် Patch ဖိုင်ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။

၅) ဖိုင်လမ်းကြောင်းတစ်ခု မေးလိမ့်မည်။ My Computer ရှိ Local Disk (C:) အောက်တွင် Program Files ကို သွားပါ။ Internet Download Manager ဖိုင်ကိုဖွင့်၍ IDMan အလုံးလေးကို ရွေးလိုက်ပါ။
၆) ဒါဆိုရင် Patch လုပ်တာ ပြီးသွားပါပြီး။
၇) Start မှ IDM ကို ပြန်ဖွင့်လိုက်ပါ။

ဒါဆိုရင် အမြဲတမ်း သုံးနိုင်ပါပြီး။ အထူးမှာကြားလိုသည်မှာ IDM update လုပ်မလား မေးသည့်အခါ No သာ ပေးရန် ဖြစ်ပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်လျက် . . .

မောင်စေတနာ

11 ယောက် မှတ်ချက်ပြုသည်:

နိုင်လေး said...

ဆရာလေးမောင်စေတနာရေ အားပေးပါတယ်နော်...
ညီလေးရဲ့စေတနာတွေ အတိုင်း ရောင်ပြန်ဟတ်ပါစေဗျာ...ကိုယ်စိတ်နှစ်ဖျာ
ကျန်းမာလို့လန်းဖြာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...

ကြည်မြန်မာ said...

internet download manager က fake key ကြောင့် အန္တရာယ်ပေးနေတာကြာပါပြီ..။ ဒီပို့စ်လေးကြောင့် ပြန်အဆင်ပြေသွားပါတယ်..။ ကျေးဇူးတင်ပါတယ်။

kohtwe said...

အကိုစေတနာ....စေတနာတွေပြည့်ဝလှပါတယ်.တကယ်ပါနော်...blog sliderတင်ပေးတဲ့ အတွက်ကျေးဇူး အများကြီးတင်ပါတယ်...အစဉ်အမြဲလေးစားလျှက်...

Unknown said...

ဆရာရေကျေးဇူးအများကြီးတင်ပါတယ်ဗျာ။တကယ်ပါကျွှန်တော်အရမ်းလိုချင်နေတဲ့download manager ကိုဆ၇ာကိုစေတနာရဲ့ကျေးဇူးကြောင့်သုံးခွင့်ရခဲ့တာပါဗျာ။

aungphyothu said...

IDM..တင်လို့မရတော့ဘူးဖြစ်နေတယ်...ဘယ်လိုလုပ်ရမလဲဗျ.....Update...တောင်းတာလုပ်လိုက်လို့ဗျ.....အခုတော့.....တင်လို့မရတော့ဘူး...ဖြေခြင်းပေးပါဦးနော်....ကျေးဇူးပါ...

zmm said...

Update လုပ်မိရင်လည်း path file ကိုသာ ပြန် run ပြီး အပေါ်က အဆင့်တွေ အတိုင်းသာ ပြန်လုပ်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ အကယ်၍ မရခဲ့ရင် ပြန်ဖျက်ပြီး အစကနေ ပြန်သွင်းပါ။


မောင်စေတနာ

ရွှေဘုန်း(စေတနာပန်းခင်း) said...

ဒေါင်းလော့မန်နေဂျာက full version လည်းဖြစ်ပါတယ်... ဒေါင်းလို့လည်း ရတယ်... ဒါပေမယ့် ပြဿနာက အမ်ပီသရီးဖိုင်တွေဆိုရင် ဒေါင်းပြီးရင် ဘယ်ပလေယာနဲ့ မဆို ပြန်ဖွင့်လို့ မရဘူးဖြစ်နေတယ်... ကူညီဖြေကြားပေးချေင်ပါတယ်...

ရွှေဘုန်း(စေတနာပန်းခင်း) said...

ဒေါင်းလော့ မန်နေဂျာက ယူကျူ့က ဖိုင်တွေမှာ MP4 နဲ့ M4A ဖိုင်တွေဆိုရင် ဖိုင်ပါလာပေမယ့် ပြန်ဖွင့်လို့ မရဖြစ်နေပါတယ်... အထက်က အမ်ပီသရီးဖိုင်ဆိုတာ အပြောမှားသွားတာပါ... အမှန်က MP4 နဲ့ M4A ဖိုင်တွေမှာ ဖွင့်မရဖြစ်တာပါ... ကျေးဇူးပါ..

Unknown said...

Idm က တခြားvideos site​တွေ​ရောချရပါသလား။ဘယ်​လိုချရလည်း။

မောင်စေတနာ said...

IDM ဒေါင်းချင်ရင်လဲ ရပါတယ်။ ဒါပေမယ့် Firefox တွေ update လုပ်တဲ့အခါ idm တွေလဲ update လုပ်သုံးရပါတယ်။ မလုပ်ရင် idm က အဆင်မပြေပါ။

Unknown said...

ဗာရှင်း 4.4.2 rootဖောက်နည်းလေးသိရင် ကျေးဇူပြု ပြီးတင်ပေးပါအုံး ။