Saturday, October 31, 2009

မာမာအေးသီချင်းများ


မာမာအေး ပေါ်တုန်းက မိမိပင် မမွေးသေးပါဘူး။ မာမာအေး သီချင်းနှင့် အသံကို စွဲလမ်းနှစ်သက်ခဲ့တာတော့ ၂၀၀၆ ခုနှစ် မေလလောက်က ဖြစ်နိုင်ပါတယ်။ နားထောင်ပါ များတော့ တော်တော်ကို နှစ်သက်လာပါတယ်။ အဆွဲအငင် အဖြတ်အတောက် သေသပ် ပိုင်နိုင်မှုကို လေးစားမိပါတယ်။ နားထောင်ပြီးရင် နားထောင်ချင်အောင် စွဲဆောင်မှု အပြည့်ရှိပါတယ်။ အသံနေ အသံထားက။ စိတ်ဝင်စားသူများ ဒေါင်းယူနိုင်ပါပြီ။ ရှားပါးပြီး ရှာရခက်တဲ့ သီချင်းတွေဆိုတာတော့ ပြောလိုပါတယ်။



မောင်စေတနာ

(၂)နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခဲ့ပြီ။ ဘလော့ကို ကွန်နက်ရှင် ကောင်းတဲ့အခါ စိတ်ဓာတ်တက်ကြွစွာ ရေးလိုက်၊ ကွန်နက်ရှင် ကျတဲ့အခါ စိတ်ပျက်စွာ နားလိုက်နဲ့ အခုတော့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီ။ ဘလော့ကို ပြန်သုံးသပ်ကြည့်မိတယ်။ ဘာတွေများ စာဖတ်သူတွေအတွက် အကျိုးပြုနိုင်သလဲ။

နည်းပါ့။ ဆော့ဝဲလ်တွေက အသေးစားလေးတွေ။ မိမိသုံးမိတော့ ကြိုက်ရင် တင်မိတဲ့ အရာလေးတွေ။ စာပေတွေက ခံစားချက် ပေါ်တိုင်း ရေးတာတွေ။ နည်းလမ်းတွေက အကင်းလေးတွေ။ ကဗျာတွေက ကဗျာမပီ စာမမြည်လေးတွေ။ အင်း ကောင်းတာ တစ်ခုမှ မပါပါလား။

မှတ်ချက်တွေ ပြန်စစ်ကြည့်တယ်။ ပို့စ်ပေါင်း(၄၂၅)မှာ မှတ်ချက်က ငါးဆယ်ပင် မပြည့်။ စာဖတ်သူစာရင်းကို ကြည့်မိ၏။ တစ်နေ့ကို ခန့်မှန်းခြေ နှစ်ရာနီးပါး လာရောက် ဖတ်ရှုကြ၏။ Cbox တွင် လာလည်တယ်လို့ ပြောသလို မှတ်သွားတယ်၊ ကျေးဇူးတင်တယ်၊ နောက် စာတွေမရေးနဲ့၊ မင်းက ဘာကောင်လဲ စသဖြင့် ရေးသွားကြတယ်။ လူအမျိုးမျိုး၏ Feedback များ။

ဘာပဲပြောပြော ရေးသားလာခဲ့တာ (၂)နှစ်တော့ ပြည့်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်အချိန် ရပ်တန့်မလဲဆိုတာ မသိနိုင်ပါ။ အမြဲတမ်းတည်တံ့ဖို့ဆိုတာ ပြောရခက်တဲ့ လောကကြီးမို့ မိမိအနေဖြင့် ကြိုးစား၍ အပေါစာ စာပေများ ဆက်လက်ရေးသားနိုင်ရန် စိတ်ကူးရင်း . . . . .


မောင်စေတနာ

Dive Letter ကို ပြောင်းလဲခြင်း

drive letter ကို ပြောင်းလဲဖို့ လွယ်ကူပါတယ်။ Window XP မှာပေါ့။ တစ်ချို့က Window တင်ရင်နဲ့ မှားခဲ့တဲ့ အမှားလေးပါ။ C: D: E: တို့ စသည်တို့ကို အမည်ပြောင်းလဲချင်တယ်ဆို အောက်ကအတိုင်း လုပ်ရင် အဆင်ပြေမှာပါ။

၁) My Computer ကို Right Click လုပ်ပြီး Manage ကို ရွေးပါ။
၂) Computer Management အောက်က Disk Management ကို ဖွင့်ပါ။
၃) မိမိပြောင်းချင်တဲ့ Disk ကို Right Click လုပ်ပြီး Change Drive Letter and Paths ကို ရွေးပါ။ အောက်က ပုံကို ကြည့်ပါ။


၎) Box ကျလာပါက Change ကို Click ပါ။ Box တစ်ခု ထပ်ကျလာလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။


၅) Assign the following drive letter ဘေးတွင် မိမိရွေးချင်သည့် Disk Letter ကို ရွေးနိုင်သည်။
၆) OK ။

မှတ်ချက်။ ဒီနည်းလမ်းက System ဖြစ်တဲ့ C: Local Disk ကိုတော့ ပြောင်းလဲလို့ ရမှာ မဟုတ်ပါဘူး။ အဆင်ပြေပါစေ။


မောင်စေတနာ

Wednesday, October 28, 2009

RecoveryFix Software


Data တွေကို Recovery လုပ်ပေးတဲ့နေရာမှာ ကောင်းတယ် ဆိုတာပဲ။ သူရဲ့ အသုံးဝင်ပုံတွေ ဖတ်ကြည့်တဲ့အခါ။ အင်္ဂလိပ်လို ရေးထားတာ အများကြီးပဲ။ အမွှန်းတင်ထားတာ။ Quick Scan of FAT & NTFS, Extensive Scan easily, The Quick scan,The major reasons, Windows Data Recovery, Windows explorer, Recovers data lost, Recovers corrupt ။ အမွှန်းတင်ထားတာ များမှန်း မြင်ပြီ မဟုတ်လား။

စိတ်ဝင်စားရင် စမ်းသုံးကြည့်ပေါ့။ အမြဲတမ်းသုံးနိုင်အောင် လိုင်စင်ထည့်ပေးထားတယ်။ မိမိစက်ကတော့ ဆော့ဝဲလ်ပေါင်း များစွာနဲ့ ကြာရင် ပျက်တော့မယ်။ ဖြုတ်လိုက် ထည့်လိုက်ဆိုတော့။ အသုံးဝင်သူများ အတွက် ယူပေတော့ Download

မောင်စေတနာ

Monday, October 26, 2009

ချစ်ခွင့်

ဟာ ....

ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ အတန်ငယ် မင်သက်နေမိသည်။ ဒီမြင်ကွင်းကို မမျှော်လင့်ထားသည့်အတွက် အချိန်တော်တော်ကြာ ကျောက်ရုပ်တစ်ရုပ်လို မင်သက်နေမိသည်။

သူမဘေးတွင် ယောကျာင်္းလေး တစ်ယောက်။ သူမ စကားလာပြောသည့်တိုင် မိမိနှုတ်က စကားလုံးတစ်လုံး ထွက်ဖို့ တော်တော် ကြိုးစားရသည်။ ပြိုလဲကျချင်နေသော ခန္ဓာကိုယ်ကို ထိန်းမတ်၍ အတတ်နိုင်ဆုံး စကားပြန်ပြော ဖြစ်သည်။ အသံက ထွက်မလာ။ မျက်ရည်က ကျချင်လို့ မျက်ရည်က ၀ိုင်းနေပြီ။

သူငယ်ချင်းတွေနဲ့ လာတာလေ .. ။ သူမ က ပြောရှာသည်။ သူမအပေါ် မိမိ၏ ယုံကြည်မှုက အကြွင်းမဲ့ပါ။ ယခု ဖြစ်နေတာက မိမိ၏ သူမပေါ် ထားတဲ့ ချစ်စိတ်။ ယောကျာင်္းလေး တစ်ယောက်နားမှာပင် မရှိစေချင်တော့သော မိမိ၏ စိတ်။

ညက တော်တော်နှင့် မကုန်။ ရှည်လျားလိုက်တာ။ ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နှင့် အိပ်မပျော်။ မိမိမြင်တွေ့ခဲ့သော မြင်ကွင်းကို မျက်လုံးထဲက မထွက်။ ငုတ်တုတ် ထထိုင်လိုက်။ ပြန်လှဲလိုက်ဖြင့် မိုးလင်းခဲ့ပြီ။

တစ်နံနက်ခင်းလုံး အလုပ်လုပ်လို့ မရ။ မြင်တွေ့ခဲ့သော မြင်ကွင်းကို ကြိုးစား၍ ဖျောက်ပစ်သည်။ မရ။ အရှင်ဘုရား တပည့်တော်ကို ဒီမြင်ကွင်းမျိုးကို တွေ့အောင် ဘာလို့ ဖန်တီးပေးရတာလဲ .. တွေးရင်းနှင့် မျက်ရည် ကျမိသည်။ မိမိကိုယ် မိမိ ဒေါသဖြစ်မိသည်။ ငါ ယောကျာင်္းဖြစ်ရဲ့နဲ့ မျက်ရည်ကျစရာ။ ပြစ်တင်မိသည်။

သူမ အသံကြားရင်တော့ နဲနဲတော့ ခံနိုင်ရည် ရှိမှာပဲဟု တွေး၍ ဖုန်းဆက်လိုက်သည်။ သူမနှင့် ပြောနေရင်းပင် ၀မ်းနည်းလာသည်။ မျက်ရည်က ၀ိုင်းလာ၏။ မျက်ရည်ကျလာပြီ။ သူမ သိ၍ မဖြစ်။ ဖုန်းကို ချလိုက်မိသည်။ မျက်ရည်ကျရင်းနှင့်ပင် နှလုံးက အောင့်လာသည်။ အောင့်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။ တော်တော် အောင့်နေသည်။ သူမကို စချစ်ကတည်းက ဖြစ်နေသော နှလုံးအောင့်ခြင်းပါ။ နှလုံးရောဂါတော့ မရနိုင်သေးဘူး ထင်ပါ၏။ မိမိကိုယ် မိမိ ပိုသိလာသည်။ သူမကို အသည်းနင့်အောင် ချစ်နေသည်ကို .......


မောင်စေတနာ

Friday, October 23, 2009

ဝေဒနာ

သူ့ကို သတိမရဖို့
ငါ မတားဝံ့ပါဘူး။

သူ့ကို မလွမ်းဖို့
ပြောမထွက်ပါဘူး။

သူ့ကို မေ့ပျောက်ဖို့
ငါ မပြောရက်ပါဘူး။

ငါ့အတွက်
နာကျင်ခံစားစရာ
ဝေဒနာ တစ်ခုအဖြစ်
ဖြစ်တည်ပေမယ့်
မင်းခံစားမှု ဖြစ်စဉ်တွေကို
ချစ်လွန်လွန်းလို့
ငါ မတားရက်ပါဘူး။

မောင်စေတနာ

Thursday, October 22, 2009

Frame Photo Editor


Photo တွေအတွက် အလှဆင်ဖို့ Frame တွေ ရှာကြည့်တာ စိတ်တိုင်းကျကို မတွေ့သေးဘူး။ ရလာတော့လဲ ရက် ၃၀ ပဲသုံး။ အကြာကြီးမရဘူး။ Full Version ကို ရှာရတာ ကြာတော့ ငြီးငွေ့မိသလို ဖြစ်လာတယ်။ တော်တော်နဲ့ မရဘူး။ တစ်ချို့က Crack file တွေ။ တစ်ချို့က Patch ဖိုင်တွေ။ သုံးကြည့်တော့ အဆင်မပြေဘူး။ မိမိရဲ့ Window XP SP3 ကြောင့်။

ချားတူးကို လံနေတာပဲ။ Window XP SP3 က။ ဘာတင်တင် လက်မခံတာက များနေတယ်။ SP2 တုန်းက အဆင်ပြေတယ်။ Window ပဲ ပြန်ချရမလို ဖြစ်နေတယ်။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ Photo Frame Software ကောင်းလေး ရခဲ့တယ်။ လိုင်စင်နဲ့။ အပြည့်သုံးလို့ရတယ်။ လိုအပ်ရင် ယူပေါ့။ Download လုပ်ယူပေတော့။

မောင်စေတနာ

Saturday, October 17, 2009

Slideshow Studio Portable


ရှာလိုက်ရတာ။ တွေ့တော့လဲ ၀မ်းသာရတယ်။ ဓာတ်ပုံတွေကို သီချင်းနဲ့ အယ်ဘမ် လုပ်တဲ့အရာ။ လွယ်လဲလွယ်။ Install လုပ်စရာလဲ မလိုတော့ ပိုကြိုက်တာပေါ့။ Portable လေ။ အခုနောက်ပိုင်း Portable တွေ တော်တော် ခေတ်စားနေပုံရတယ်။

ဟိုဆိုက်မှာ တွေ့လဲ ဒါ။ ဒီဆိုက်တွေမှာလဲ ဒါ။ အခုလဲ မိမိက ရလာတော့ Portable။ အမှန်တော့ မိမိက Portable ကို နည်းနည်းတောင် မုန်းချင်တယ်။ သူရဲ့ အားနည်းချက်တွေကို မကြိုက်တာ။ ထားပါ။ ဆိုက်ကတော့ နည်းပါတယ်။ 21 MB ကျော်ကျော်ပဲ။ ဒီမှာ Download ယူ။

မောင်စေတနာ

Cartoon Network Game


Cartoon Network က နာမည်လဲ တော်တော်ကြီးသလို ကလေးလူကြီး ကြိုက်တဲ့ ရုပ်မြင်လိုင်းတစ်လိုင်း ဖြစ်ပါတယ်။ မိမိတောင် ကာတွန်းကားများနဲ့ လက်မလွှတ်သေးပါဘူး။ (ဟီး ကလေးစိတ် မကုန်သေးဘူးလို့ မပြောနဲ့နော်) အင်တာနက် သုံးရင်းနဲ့ ထူးထူးခြား ဂိမ်းလေး ရလာတယ်။ Cartoon Network Game တွေ။ ၅၁ မျိုးတောင် ပါတယ်။

ဂိမ်းတွေက Flash တွေဆိုတော့ Install လုပ်စရာ မလိုသလို တော်တော် ပေါ့ပါးတယ်။ ရှိလှ ဂိမ်းတစ်ခုကို 1 MB ပေါ့။ အပျင်းပြေ လျှောက်ဆော့ကြည့်တာ တစ်မျိုးတော့ ကောင်းတယ်။ ဆော့ရင်းနဲ့ အိပ်ပျော်သွားတယ်။ ဟီး။ နောက်တာ။ လိုချင်ရင် ယူစေဗျာ။ Download

မောင်စေတနာ

Friday, October 16, 2009

Verbs

English စာက လူတွေ တိုးတက်ဖို့ လမ်းကြောင်းမှာ နံပါတ်တစ်နေရာကို ယူထားပုံရတယ်။ ဒုတိယယက ကွန်ပျူတာတဲ့။ ပြောကြတာပဲလေ။ အဲဒါတွေ မတတ်ရင်ပဲ လူရာ မ၀င်သလိုလို။ လူတွေရဲ့ သတ်မှတ်ချက် တွေကတော့ အမျိုးမျိုးပါပဲ။ စိတ်လေစရာပဲ။

English စာနဲ့ ပတ်သက်တဲ့ Verb နဲ့ ပတ်သက်တဲ့ စာတွေနဲ့ ရုပ်ပုံတွေကို ဟိုတစ်နေ့က တွေ့မိတယ်။ ကြည့်လိုက်တော့လဲ ရိုးရှင်းပြီး မှတ်မိလွယ်တယ်လေ။ ဥပမာ Cry ကို ပြထားတာ


ဒီတော့ ရှင်းပြီး မှတ်မိလွယ်တာပေါ့။ ဆိုးတော့ မဆိုးပါဘူး။ အခြေခံကို လူတိုင်း လက်မလွှတ်သင့်တော့ ဒါတွေ လေ့လာရင်လဲ မမှားနိုင်ဘူးလေ။ ဆိုက်ကတော့ ဒီကနေသာ သွားကြည့်ပေတော့။ ဆရာတွေအတွက်လဲ ကောင်းနိုင်တယ်လေ။ ရုပ်ပုံနဲ့ စာသင်တာ နိုင်ငံတကာရဲ့ သင်္ကေတပဲလေ။

မောင်စေတနာ

Thursday, October 15, 2009

ချစ်သူသို့

ချစ်သူအား
အရိပ်တကြည့်ကြည့်ဖြင့်
ချစ်ပါသည်။

ပိုသည်ဟု ဆိုပါစေ
ဘ၀တစ်ခုလုံး ပေးအပ်ပြီး
ချစ်ပါသည်။

အရာအားလုံး
ပေးဆပ်မည်ဟု ခံယူ၍
ချစ်ပါသည်။

ကြိုက်သလောက်သာ
ဆိုးပါစေတော့ ကြည်ဖြူစွာဖြင့်
ချစ်ပြီးရင် ချစ်ပါသည်။

မောင်စေတနာ

Wednesday, October 14, 2009

Vista WinFlip


Window Vista ကို သုံးတုန်းက Winflip ကို တော်တော် သဘောကျခဲ့တယ်။ မအားလပ်တာနဲ့ ပြန်မရှာဖြစ်ဘူး။ ဒီနေ့တော့ ရလာပြီ။ သုံးကြည့်တော့လဲ အရင်လောက် စွဲစွဲလမ်းလမ်း မရှိတော့ပါဘူး။ ဒါပေမယ့် သုံးတော့ သုံးနေတယ်။ တစ်ခါတစ်လေတော့လဲ အနှောင့်အယှက် ဖြစ်သလိုပဲ။ ဟီး။ သုံးကြည့်ချင်တယ်ဆိုရင်တော့ သုံးကြည့်ပေါ့။ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

Window 7 Wallpaper


Window 7 သုံးချင်နေတာနဲ့ လိုက်ရှာတာ တွေ့တော့ တွေ့ပါရဲ့။ လင့်တွေက သေနေတယ်။ ဆိုးပါ့။ တွေ့ပါပြီ။ :) ရှာတာက တစ်မျိုး တွေ့တာက တစ်မျိုးပဲ။ Window 7 Wallpaper တွေ။ လှချက်ကတော့ လှပါတယ်။ ဘယ်တတ်နိုင်မလဲ ရတာကို အရင်ယူရမှာပေါ့။ ဟုတ်ဘူးလား။ ဟီး ။ Desktop ကတော့ တော်တော်ခန့်သွားတယ်။ လိုချင်မလားလို့ တင်ပေးလိုက်တယ်။ ဒီမှာ Download လုပ်ယူ။


မောင်စေတနာ

Tuesday, October 13, 2009

ဝတ်စုံများ


ဟိုအရင် ရက်ပိုင်းတွေက ရှာနေတာ။ လိုချင်ရင် ရှာလိုက မရတော့ဘူး။ နိုင်ငံခြား ၀တ်စုံကုဒ်တွေတော့ ရှိပါရဲ့။ ဒါပေမယ့် မြန်မာဝတ်စုံကို လိုချင်နေတာလေ။ လိုချင်နေတာကပဲ ရှားတာလား မသိတော့ဘူး။ ဟိုတစ်နေ့ ညီလေး တစ်ယောက်ရဲ့ ဘလော့မှာ တွေ့လိုက်တော့ ၀မ်းသာသွားတယ်။ အခု လိုရမယ်ရ ဆွဲယူထားတယ်။

မိမိရဲ့ စာဖတ်သူတွေထဲကလဲ လိုချင်သူ ရှိမှာပေါ့။ အယ်. . . တစ်ခါက မိမိရဲ့ ဂျီတော့မှာ လာမေးဘူးတယ်။ ဒါကြောင့် တင်ပေးလိုက်တယ်။ ၀တ်စုံတွေပါ။ Photoshop ဖိုင်ဆိုတော့ မိမိတို့ရဲ့ ပုံတွေနဲ့ ပေါင်းစပ်ပြီး လုပ်ချင်သလို လုပ်ကြပေါ့။ ဒီမှာသာ Download ပေတော့။


မောင်စေတနာ

သူမ

မိမိဟာ ကိုရီးယားဇာတ်လမ်းတွဲတွေကို အလွန်ကြိုက်နှစ်သက်မိသူပါ။ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး၊ မင်းသားများ၏ ချောမောလှပမှုကို သဘောကျ နှစ်ချိုက်ခဲ့မိပါ၏။ ၎င်းတို့ရဲ့ သရုပ်ဆောင်မှုတွေကို စွဲလမ်းနှစ်သက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံတွင်ပင် နေထိုင်ချင်စိတ် ဖြစ်မိခဲ့ပါ၏။

ယခုတော့ အဲဒီစိတ်တွေ မရှိတော့ပါ။ လုံးဝကို ပျောက်ကွယ်ခဲ့ပါပြီ။ ကိုရီးယားနိုင်ငံတွင်ပင် မွေးဖွေးခဲ့ပါက မိမိသည် ကံဆိုးသူတစ်ဦး ဖြစ်နိုင်သည်ကိုပါ သိမြင်လာခဲ့သည်။ မိမိအနေဖြင့် ကိုရီးယားမင်းသမီး၊ မင်းသားများကို စွဲလမ်းမှုမျိုး ပျောက်ကွယ်ခဲ့ပါပြီ။

အကြောင်းကတော့ သူမကြောင့်ပါ။ သူမရဲ့ ရိုးရှင်းသောလှပမှုက မိမိ၏ မှားယွင်းသော စွဲလမ်းမှုများကို ပပျောက်စေခဲ့ပြီ။ ကိုရီးယားမင်းသား၊ မင်းသမီးများ၏ လှပမှုများသည် ဟန်ဆောင်ဖုံးကွယ်မှုများ ဖြစ်လေသည်။ မလှသည့်နေရာကို ခွဲစိတ်ပြုပြင်ကြသည်။ မျက်ရစ်မရှိလျှင် ခွဲစိတ်၍ မျက်ရစ်ကို ဖော်သည်။ ပါးဖောင်းနေလျှင် ခွဲစိတ်၍ လိုသလို ပြင်သည်။ နှာခေါင်းမလှလျှင် ခွဲစိတ်၍ ချွန်အောင်၊ လှအောင် ပြုပြင်ယူကြသည်။ ခန္ဓာကိုယ် တစ်ခုလုံး လိုသလို ခွဲစိတ်ပြုပြင်၍ ရနိုင်သော နိုင်ငံတွင် ခွဲစိတ်ပြုပြင်ခြင်းသည် ထမင်းစား ရေသောက်ပင် ဖြစ်နေလေတော့သည်။

သူမသည် မိမိအတွက်တော့ ရိုးရှင်းသောလှပမှုနှင့် အယဉ်ဆုံး ဖြစ်နေလေသည်။ နှာခေါင်းလဲ မပြုပြင်ထားပါ။ ဖောင်းနေသော ပါးကိုလဲ ပိန်အောင် မပြုလုပ်။ အသားအရမ်း မဖြူခြင်းအတွက် ဖြူအောင် မိတ်ကပ်မလိမ်း။ မြင်လိုက်လျှင် ပါးပြင်တွင် သနပ်ခါးအပြည့်ဖြင့်။ ၀တ်စားမှုသည် မြန်မာဝတ်စုံ။ မြင်လိုက်ရသည့် အခါတိုင်း မိမိအတွက် ရင်ကို အေးစေသည်။

သူမသည် စကားပြောလျှင် အရယ်က အရင်။ လူတိုင်းအပေါ် စိတ်ပုတ်စိတ်ယုတ် မရှိ။ ကလေးလိုသာ နေတတ်သည်။ အရာရာတွင် အေးချမ်းစွာ နေထိုင်သည်။ ရန်လိုစိတ် မမွေး။ စကားနည်းကာ တည်ငြိမ်သည်။

သူမကြောင့် မိမိ အမြင်မှန်ရလာသည်မှာ ကိုရီးယား မင်းသား၊ မင်းသမီးများ၏ ချောမောလှပမှုအပေါ် စွဲလမ်းမှုပင်။ ၎င်းတို့၏ ဟန်ဆောင်အလှများ၊ ခွဲစိတ်ပြုပြင်အလှများသည် သူမ၏ ရိုးရှင်းသောအလှတွင် အားလုံး ပျောက်ကွယ်လေပြီ။ မိမိအနေဖြင့် ကိုရီးယားနိုင်ငံတွင်လည်း နေထိုင်ချင်စိတ် မဖြစ်ချင်တော့ပါ။ မင်းသား၊ မင်းသမီးများ အပေါ်တွင် စွဲလမ်းမှုသည်လည်း မရှိတော့ပါ။ ဇာတ်လမ်း၏ သင်ခန်းစာ ယူစရာများ ရှိပါက ယူနိုင်ရန်သာ ကြည့်ရှုမိလေတော့သည်။

ဟန်ဆောင်ဖုံးကွယ်၊ ခွဲစိတ်ပြုပြင်ထားသော အလှများကို တွေးမိပါက ရွံ့ရှာမှုဖြစ်မိပြီ ခွဲစိတ်ပြုပြင်မှု ကင်းသော၊ ဟန်ဆောင်မှု ကင်းသော သူမ၏ အလှများစွာဖြင့် . . . . ။


မောင်စေတနာ

Monday, October 12, 2009

Window 7 Theam


Window XP မှာ Window 7 Theam ပုံစံလေး ဖြစ်ဖို့အတွက် ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပေးနိုင်ပါတယ်။ Desktop ကစပြီး Folder ပုံစံလေးတွေပါ ပြောင်းလဲ ပေးတဲ့အတွက် စိတ်ဝင်စားသူများ Download လုပ်ယူပါ။


မောင်စေတနာ

Friday, October 9, 2009

ဆု

ဒီနေ့ မွေးနေ့မှာ
မိတ်ဆွေအားလုံး
ပျော်နေရဲ့လား
နှုတ်ဆက်ကြတယ်။

သက်ကျော်ရာကျော်
ရှည်ပါစေလို့
ဆုမွန်ကောင်းတွေ
ပေးကြတယ်လေ။

ကျန်းမာချမ်းသာ
ပျော်ရွှင်စေလို့
ဝိုင်းဝန်းဆုများ
ပေးကြတယ်လေ။

ဆုမွန်ကောင်းတွေ
ဘယ်လိုပေးပေး
လိုချင်တာက
တစ်ခုတည်းလေ။

ချစ်ပါတယ်ရှင့်
ချီးမြှင့်ဆုလေး
မင်းဆီမှာသာ ရှိလို့နေပြီး
မင်းပေးမှသာ ရမယ့်ဆုမို့
ဒီနေ့ချိန်ခါ ရက်မြတ်မှာပါ့
အပြင်းပြဆုံး ဆန္ဒဖြင့်
လိုချင်ပါ၏။


မောင်စေတနာ

Thursday, October 8, 2009

စောင့်မျှော်မှု

၈.၉.၂၀၀၉ ရက်နေ့မှာ
ခေါင်းလက်ခြေဖျား တုန်ရင်စွာဖြင့်
ချစ်ပါတယ်ဆိုတဲ့စကား
ဖွင့်ပြောခဲ့တယ်။

၈.၁၀.၂၀၀၉ ရက်နေ့မှာ
တစ်လတင်းတင်းပြည့်ခဲ့သော်လည်း
သူမဆီက တုံ့ပြန်မှုက
ဝေးနေသေးတယ်။

တစ်နေ့ တစ်ရက်ပင်
ကမ္ဘာတစ်ခုမျှ ကြာရှည်သည်ဟု
ထင်ရသော်လည်း
တစ်လတင်းတင်း ကြာခဲ့ပြီ။

ချစ်ပါတယ်ရှင့်
စကားသံလေး ကြားချင်မိလို့
လည်ပင်းရှည်စွာ
စောင့်မျှော်နေတယ်။ ။


မောင်စေတနာ

IDM 5.18 Build 2 Version


မိမိတို့ရဲ့ အချစ်တော်ကြီး IDM 5.18 Beta Version ကို ဒီမှာ ဖော်ပြပေးပြီး ဖြစ်ပါတယ်။ အခု IDM 5.18 Build 2 Version ကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Patch ဖိုင်လေး ထည့်သွင်းပေးထားပါတယ်။ ဒီမှာ Download လုပ်ယူကြပါ။


မောင်စေတနာ

Folder Lock Software


မိမိတို့ရဲ့ ဖိုင်တွေ၊ Folder တွေကို လုံခြုံစိတ်ချဖို့အတွက် Folder Lock ကို သုံးစွဲသင့်ပါတယ်။ အရင်က ဖော်ပြခဲ့ပေမယ့် အမြဲတမ်း မသုံးစွဲနိုင်တာရယ် ဒေါင်းတဲ့လင့်တွေ သေသွားတာရယ်ကြောင့် အခု ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Note File ထဲမှာ ကုဒ်တွေ ထည့်ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Folder Lock ဆော့ဝဲလ်ကို Install လုပ်ပြီးပါက User ID တွင် TEAM HERITAGE နှင့် Key Password တွင် 683071673 ကို ဖြည့်ပါ။ ဒါဆို အမြဲတမ်းသုံးနိုင်ပါပြီ။ ဆော့ဝဲလ်ဘောက် ပေါ်လာချိန်တွင် password သည် မိမိပေးချင်သည့် အရာကို ပေးပါ။ နှစ်ခါ ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Lock Folder ပေါ်လာပြီ မိမိတို့ သိမ်းချင်သည်များကို သိမ်းဆည်းနိုင်ပါပြီ။


မောင်စေတနာ

Tuesday, October 6, 2009

Print Folder Software


ရှာနေတာ တော်တော်ကြာပီ။ အခုမှ အမြဲတမ်းသုံးလို့ရတဲ့ ဆော့ဝဲလ်ကို ရတယ်။ ကောင်းတယ်။ Print Folder ဆော့ဝဲလ်လေ။ မိမိတို့ရဲ့ စက်တွေမှာ ရှိတဲ့ Folder Name တွေနဲ့ အဲဒီ Folder ထဲမှာ ရှိတဲ့ Name တွေကို အလွယ်တကူ ပရင့်ထုတ်နိုင်အောင် လုပ်ပေးတယ်။ စိတ်ဝင်စားရင် Download လုပ်ယူပါ။ Install လုပ်ပြီးရင် Crack ဖိုင်ကို C: ထဲက Program File ထဲက PrintFolder ဆိုတာ ရှိပါတယ်။ အဲဒီထဲ ထည့်ပြီး Crack File ကို ဖွင့်လိုက်ပါ။ အမြဲတမ်း သုံးနိုင်ပါပြီ။


မောင်စေတနာ

Monday, October 5, 2009

လေးနက်မှု(၂)

ချစ်တယ် စကားလုံး
အဆက်မပြတ် ပြောမိရင်
စကားလုံးများက
ဧ၀ရက်တောင်ထက် မြင့်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ရွတ်မိရင်
စကားလုံးများက
သမုဒ္ဒရာထက် ကျယ်သွားမလား။

ချစ်တယ် စကားလုံး
အဆက်မပြတ် ဖွင့်ဟမိရင်
စကားလုံးများက
စင်္ကြာဝဠာထက် ကြီးမားသွားမလား။

မည်သို့ပင်ဆိုစေ
ချစ်တယ် . . . ။

မောင်စေတနာ

Sunday, October 4, 2009

တစ်ချိန်က မိတ်ဆွေများ

သီတင်းကျွတ်ည


အသည်းနင့်အောင် ချစ်ရတဲ့ ချစ်သူဆီ အချိန်မီ ရောက်ဖို့ ဆိုင်ကယ်ရှိရာကို အပြေးကလေး ထွက်ခဲ့သည်။ ကောင်းကင်ကို အမှတ်တမဲ့ မော့ကြည့်လိုက်မိ၏။ သီတင်းကျွတ် လပြည့်ညဆိုပေမယ့် တိမ်ဖုံးနေလို့ လကို မမြင်ရဘူး။ ကြယ်ဆိုတာက ဝေးရောပဲ။

ဆိုင်ကယ်ကို မောင်းနေပေမယ့် စိတ်က သူမဆီသို့ ရောက်နေလေ၏။ ဦးနှောက်နှင့် နှလုံးသား ပေါင်းစပ်ပြီး ကဗျာတွေ ရေးစပ်နေမိသည်။

တစ်နေ့မှာ ပစ်သွားမလား
စိုးထိတ်မှုတွေနဲ့ ချစ်ပါတယ်။

ရင်ခွင်မှာ အက်ကွဲနေလဲ
နာကျင်မှုတွေနဲ့ ချစ်ပါတယ်။

အေးစက်စွာ ဆက်ဆံလဲ
နွေးထွေးမှုတွေနဲ့ ချစ်ပါတယ်။

အေးမြတဲ့ လေနုအေးက မျက်နှာပြင်ကို ၀င်ရောက် တိုက်ခတ်မှုကြောင့် ကဗျာစပ်နေသော အတွေး လွှင့်ပျယ်သွားသည်။ ချမ်းလိုက်တာဟု စိတ်က ညဉ်းတွားမိ၏။

သူမဆီရောက်တော့ သူမ၏ အပြုံးဖြင့် ဆီးကြိုမှုကြောင့် ရင်ထဲ မသိမသာ ကျေနပ်မိသည်။ စိတ်ထဲက မင်းအပြုံးတွေက ကိုယ့်ကို ခွန်အားတွေ ဖြစ်စေတယ်ဆိုတာ သိရဲ့လားဟု ပြောနေမိသည်။ သူမကတော့ သိမည်မထင်။

သူမနှင့် စကားများ ပြောနေရင်းမှ မိမိရင်ခွင်မှ ထိန်းချုပ်ထားသော စကားလုံး တစ်လုံး လွတ်ကျသွားသည်။

မင်း ကိုယ့်ကို ပစ်သွားမှာ စိုးတယ်။

ဘာလဲ သေနတ်နဲ့လား ခစ် . . . ခစ် . . . ခစ်


တုံ့ပြန်မှုက သိပ်မကောင်း။ စိတ်ထဲက မထိန်းနိုင်၍ ပြောလိုက်သည့် စကားကိုပင် သူမက ရွှန်းနောက်နောက် ပြောလိုက်သေးသည်။ သူမကို ချစ်တဲ့စိတ်ကြောင့် ခွင့်လွှတ်ပါသည်။ အရာရာကို စိတ်ထဲမှာ ထားတာပဲ ကောင်းမည်လားဟု တွေးနေမိသည်။ လေးနက်မှုများ ပျောက်ကွယ်သွားမည်ကို စိုး၍ဖြစ်သည်။ စကားလုံး တိုင်းကို မပြောဘဲ ရင်ထဲတွင် သိမ်းဆည်းထားရရင် ကောင်းမလား။

မိမိ၏ အလွဲများကဖြင့် ပြောလျှင် ရယ်စရာများသာ ဖြစ်တော့မည်။ သီတင်းကျွတ် လပြည့်ညမျိုးမှာတောင် မိုးရွာပြီး တိမ်ဖုံးမှုကြောင့် ကောင်းကင်တွင် လမသာ ကြယ်မရှိ ဖြစ်ရသေးသည်။ မိမိ၏ ဖြေသိမ့်စရာသည် မိမိ၏ မွေးဖွားရာနေ့ လမသာသော ဒီလပြည့်ည . . .


မောင်စေတနာ

Desktop ကို အလှဆင်


Desktop မြင်ကွင်းကို တစ်မူထူးခြားပြီ လှပတဲ့ Real Desktop Software ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို Run ထားတဲ့အချိန်မှာ အပေါ်က မြင်ကွင်းလေးလို့ ဖြစ်နေမှာပါ။ Start ဘားတန်းပေါ်က Icon ကို ပိတ်လိုက်တဲ့အခါမှာတော့ နဂို မိမိတို့ရဲ့ Desktop ကို ပြန်ပေါ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။ Patch ဖိုင်ထည့်ပေးထားပါတယ်။ Install လုပ်ပြီရင် Start bar မှာ ပေါ်နေတဲ့ R Icon လေးကို ပိတ်ပြီး Patch ဖိုင်ကို Run လိုက်ပါ။ ဒါဆို အမြဲတမ်း သုံးနိုင်ပါပြီ။


မောင်စေတနာ

Friday, October 2, 2009

လေးနက်မှု

ရင်ခွင်က
တဒိတ်ဒိတ်နဲ့
စကားလုံး တစ်စုံကြောင့်
နှလုံးသားက
ခုန်နေတယ်။

မျက်ဝန်းက
ပြာလဲ့လဲ့
စကားလုံး တစ်စုံကြောင့်
မျက်ဝန်းက
လင်းလက်နေတယ်။

ပါးစပ်ဖျားက
တလှုပ်လှုပ်
စကားလုံး တစ်စုံကြောင့်
ဖွင့်ဟဖို့
ကြိုးစားနေတယ်။

ကဲ
ပြောလိုက်ပြီ
စကားလုံး တစ်စုံ။

ငါ မင်းကို
တစ်ဘ၀လုံးအတွက်
ချစ်တယ်။


မောင်စေတနာ

Thursday, October 1, 2009

မြန်မာတို့အတွက်


ဒီဆိုက်က ပြုလုပ်နေတာ တော်တော်ကြာပြီ။ အခုဆိုရင် တော်တော် ပြည့်စုံနေပါပြီ။ အားလုံး အသုံးဝင်မယ့် ကဏ္ဍကို ဖော်ဆောင်ပေးတာ ကိုပီကေလို့ သိရပါတယ်။ တကယ်ကို ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။ လေးစားမိပါတယ်။ အားလုံးအတွက် ဖော်ဆောင်ပေးထားတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုအပ်ရင် အသုံးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း


မောင်စေတနာ