30.9.09

ရိုးရှင်းသော စကားများ

မင်းကို ချစ်တယ်

ငါ့ရင်ထဲက ဆန္ဒ
ပြောချင်တယ်
တစ်နေ့ တစ်ကြိမ်။

မင်းကို ယုယမယ်

ငါ့ရင်ထဲက ဆန္ဒ
လုပ်ဆောင်မယ်
နေ့ရက်အချိန်တိုင်း။

မင်းပြောတာ နားထောင်မယ်

ငါ့ရင်ထဲက ဆန္ဒ
ဂရုစိုက်ကာ
နားထောင်မယ်။

မင်းလက်ကို ဆုပ်ကိုင်ထားမယ်

ငါ့ရင်ထဲက ဆန္ဒ
မလွတ်တမ်း
မြဲစွာ ဆုပ်ကိုင်ထားမယ်။

မင်းနဲ့ ငါရဲ့
ချစ်နှစ်ပတ်လည်နေ့
တစ်သက်မမေ့
အမှတ်ရပြီး
ချစ်နေမယ်။


မောင်စေတနာ

28.9.09

Battery Doubler Software


ထူးထူးဆန်းဆန်းလို့ ပြောရမလားပဲ။ မိမိအနေနဲ့ကတော့ ယုံသလိုလို မယုံသလိုလိုပါပဲ။ ဒီဆော့ဝဲလ်က ကောင်းမကောင်းတော့ သေချာမသိဘူး။ အကြောင်းကတော့ သူက laptop တွေမှာ သုံးတာဆိုတော့လေ။ ဒီဆော့ဝဲလ်ကို ညွှန်းထားတာတော့ Laptop ရဲ့ Battery ကို နှစ်ဆ တိုးစေတယ် ဆိုထားတယ်။

နာမည်ကိုလဲ ကြည့်လိုက်အုံးလေ။ Battery Doubler ဆိုပဲ။ ညွှန်းထားတာတွေကတော့ များသား။ ကဲပါလေ Laptop ကွန်ပျူတာ ရှိတဲ့ သူတွေအတွက် အသုံးဝင်နိုင် ကောင်းပါရဲ့။ စမ်းသုံးကြည့်ကြပေါ့။ ဆိုက်ကတော့ သေးငယ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

Pdf to Word Converter


PDF ကနေ Word ကို ပြောင်းလဲတဲ့ ဆော့ဝဲလ် လိုလို့ လိုက်ရှာနေတာ တစ်ခုမှ အဆင်ပြေပြေ မတွေ့ပါဘူး။ ဒီနေ့တော့ Pdf to Word ဆော့ဝဲလ်တစ်ခု ရခဲ့တယ်။ သုံးတော့ မကြည့်ရသေးဘူး။ အဆင်ပြေနိုင်ကောင်းပါရဲ့။ စာဖတ်သူတွေလဲ လိုအပ်မယ်ဆိုရင် Download ယူလိုက်ပါ။

ဖိုင်က Password ပေးထားပါတယ်။ အဲဒါကတော့ waz-warez.org ပါ။ Keygen file တော့ ထည့်ပေးထားပါတယ်။ အဲဒီဖိုင်ကို ဖွင့်မရခဲ့ရင် ဒီ 658812724157V7317176 ကို ယူသုံးလိုက်ပါ။ Email ဆိုတဲ့ အကွက်မှာတော့ မိမိတို့ နှစ်သက်ရာ မေးလ်တစ်ခုကို ဖြည့်လိုက်ပါ။ အဆင်ပြေပါစေ။


မောင်စေတနာ

စိတ်ကူးပုံရိပ် (၂)

"ဖေဖေ မနေ့က ပြောတာကို ဆက်ပြောပြ ..."

"ဟား ဟား မှတ်မိပါ့ ငါ့သမီးရယ် ... ဖေဖေက မေ့ချင်ယောင်ဆောင်နေတာ ... "

"သိသာ ဒါကြောင့် မေးတာ ... ပြောပြ ... မေမေ မရှိတုန်း"

"ဟုတ်လား .... သမီး အမေက ဘယ်သွားလို့လဲ ...."

"ဈေးသွားတယ် ... ဖေဖေ့ဖို့တောင် ငါးခေါင်းဝယ်ခဲ့ဖို့ သမီးက မှာလိုက်သေးတယ် ..."

"ဟား ဟား သိတတ်ပါ့ ငါ့သမီးရယ် ..... ကဲ ပါ ဖေဖေ ဆက်ပြောပြမယ် ...."

"အကျဉ်းပဲ ပြောမယ်နော် ... ဖေဖေလဲ သမီးအမေကို မသိစိတ်ကို သတိတွေ ရနေတတ်တယ် ... အင်း နေ့တိုင်း လိုလို ဆိုပါတော့ .... ဒါနဲ့ ဖေဖေက ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်တာပေါ့ ... ဘာလို့ အကြောင်းမဲ့ သတိရတာလဲပေါ့ .... အဲဒီလို သတိရတာ တစ်ရက်လဲ မဟုတ်ဘူး ... နှစ်ရက်လဲ မဟုတ်ဘူး ... နေ့တိုင်းနီးပါး သတိရနေတာလေ ... ပြီးတော့ ဖေဖေက မိန်းမဆို အဲတုန်းက စိတ်ဝင်စားတာ မဟုတ်ဘူး ... ဖေဖေသိတာက အလုပ်ရယ်၊ ဖေဖေ့ မိဘရယ်ပဲ သိတာ။ အဲဒါပဲ ဦးစားပေးခဲ့တာ။ ဖေဖေ့ကို တစ်ချို့ဆိုရင် အလုပ်ဂျပိုးလို့ နောက်ပြောင်ပြီး ခေါ်ကြတယ်။ ထားပါ ဒါတွေ။ "

အဲဒီလို သတိရလာတယ်။ နောက် ဖေဖေက သမီးမေမေကို ရံဖန်ရံခါဆိုသလို ခိုးကြည့်တတ်လာတယ်။ နောက် သမီးမေမေက အရယ်သန်တယ်။ သူရယ်ရင် ဖေဖေလဲ စိတ်ကြည်နူးမိတယ်။ အဲဒီလိုပေါ့ မသိစိတ်က ဖြစ်နေတာတွေ။ သမီးမေမေကို သတိရလာရင် ဖေဖေက ကဗျာတွေ ရေးတတ်တယ်။ စိတ်ခံစားမှုတစ်ခုဖြစ်တိုင်း စာတွေ ကဗျာတွေ ရေးတတ်တယ်။ ဖေဖေက ကဗျာဆို ရေးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် ခံစားချက်ရှိလာတော့ ခံစားချက်ကို ရေးရင်နဲ့ ကဗျာဆိုပြီး ရေးဖြစ်သွားတယ်။

"ခစ် ... ခစ် .. ခစ်"

"ဟော့ သမီးက ဖေဖေ့ကို ရယ်တယ်ပေါ့ ... ဟုတ်လား။"

"ဟုတ်ပါဘူး ဖေဖေရဲ့ ... ဖေဖေက စကားပြောကောင်းလို့ ရယ်တာ ..."

"ဟား ဟား ဟုတ်လား ... သမီးမေမေကလဲ ဖေဖေကို အဲလို ချီးကျူးဖူးတယ် ... ဟား ဟား"

"ခစ် ခစ် ခစ်"

နှစ်ယောက်သား သဘောအကျကြီးကျ၍ ရယ်မောလိုက်ကြသည်။ ထို့အချိန် မိမိ၏ အမေ ရောက်လာပြီး

"ဟင်း မပြောချင်ဘူး .... ဒါတွေ ပြန်ပြောရမယ်ဆိုရင် ပါးစပ်ကို မစိတော့ဘူး။ တော်တော် သဘောကျနေတယ်ပေါ့။ ဟုတ်လား။"

"ဟား ဟား မဟုတ်ပါဘူး အမေရယ် ... အမေမြှောက်ပေးထားလို့ အမေ့မြေးက မေးနေတာလေ ... အဲဒါကို ဖြေနေတာ ... ဟား ဟား"

"ဖေဖေ ဆက်ပြောလေ ... ဘွားဘွားနော် လာမရှုပ်နဲ့ ."

"အမလေးတော် ကောင်းပါပြီတဲ့ရှင် မရှုပ်တော့ပါဘူး ပြောကြပါ ပြောကြပါ "

"ခစ် ခစ် ခစ်"

"အယ် ဒါနဲ့ ဖေဖေက သမီးမေမေကို မအောင့်နိုင်တော့လို့ ချစ်ပါတယ်၊ ကြိုက်ပါတယ် ဆိုပြီး ရည်းစကား စပြောတာပေါ့။ သမီးမေမေက ဖေဖေကို ငြင်းတယ်။ ဖေဖေက အသည်းတွေကွဲပြီး စိတ်တွေ ညစ်တာပေါ့။ အဲဒီတုန်းက။ ဘာလုပ်ရမှန်းလဲ မသိဘူး။ ဖေဖေက အရက်ကလဲ မသောက်တတ်တော့ အရက်ပဲ ပြေးသောက်ရမလိုလို။ ဟိုလိုလို ဒီလိုလိုပေါ့ သမီးရယ်။ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေတာပေါ့။ "

"ဟင်း မျောက်မီးခဲကိုင်တယ်ဆိုတာ ဘာကိုပြောတာလဲဟင် ဖေဖေ "

"အယ် မျောက်မီးခဲကိုင်တယ်ဆိုတာ မီးခဲက ကိုင်မိရင် မပူဘူးလား "

"ပူတာပေါ့ ဖေဖေရဲ့"

"အဲဒါပေါ့ မျောက်က အစကတည်းက ပြာယာခတ်တဲ့ အကောင်လေ။ မီးခဲကိုင်မိတော့ ပိုပြာယာခတ် ယောက်ရက် ခတ်တာပေါ့။ အဲဒါကို ပြောတာ။"

"ခစ် ခစ် ခစ် ရယ်ရတယ် "

"ဟ ဟား ဟား ဟုတ်ပါ့ဗျာ .. . ရယ်ရပါ့။ "

"တော်တို့ သားအဖ ဘာတွေ ရယ်နေတာလဲ ... ။ ကျွန်မအကြောင့်တော့ မဟုတ်လောက်ဘူး ထင်တယ်နော်။ "

"အယ် သမီး မေမေလာပြီ။ တော်ပြီနော်။ နောက်မှပဲ ဆက်တော့မယ်။ ဖေဖေလဲ ရုံးသွားဖို့ ပြင်တော့မယ်။ သမီးလဲ ဘွားဘွားနဲ့ စာဖတ်တော့။ "

"ဟုတ်ကဲ့ ... ခစ် ခစ် ခစ်"

ဟော့ အလကားနေရင်း ရယ်သွားသေးသည်။

(ဆက်ပါအုံးမည်)


မောင်စေတနာ

27.9.09

Task Manager အလွယ်ဖွင့်နည်း


Virus ကိုက်လိုက်တဲ့အခါကျရင် Regedit ရော၊ Task Manager ရော Folder Option တွေရော ပိတ်ပစ်လိုက်တာ မထူးဆန်းတဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ မိမိ ဘလော့မှာ Regedit အလွယ်ဖွင့်နည်းကို ဖော်ပြပြီး ဖြစ်ပါတယ်။ နည်းပညာဘလော့တိုင်းမှာလဲ ဖော်ပြနေကြပါတယ်။ ဒါကြောင့် မိမိလဲ ဒါတွေကတော့ လူတိုင်း သိပြီးသားပါ မဖော်ပြတော့ပါဘူး နေခဲ့တာပါပဲ။ တကယ်တမ်း လိုအပ်သူတွေက မေးလာတော့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

Task Manager အလွယ်ဖွင့်နည်းပါ။ အောက်ကအတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ Start မှ Run box တွင် gpedit.msc လို့ရိုက်ပါ။
၂) Box ကျလာလျှင် User configuration အောက်ရှိ Administrative Templates ဆိုတာ ရှိပါတယ်။
၃) အဲဒါက ကလစ်ပြီး System ၊ ပြီးရင် Ctrl + Alt + Del option ကို ကလစ်ပါ။
၎) ညာဘက်တွင် Remove Task Manager ရှိပါတယ်။
၅) အဲဒါကို Double Click လုပ်လိုက်ပါ။
၆) Box တစ်ခုကျလာလျှင် Enable ကို ရွေးပါ။ ပြီးလျှင် Apply ။
၇) အကယ်၍ ဖွင့်မရသေးပါက Disable ကို ရွေးပြီး Apply ။
၈) Ok ။


မောင်စေတနာ

Happy 11 th Birthday Google

ဒီကနေ့ဟာ ကျွန်တော်တို့ အချစ်တော်ကြီး Google ရဲ့ သက်တမ်း ၁၁ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ၂၇.၉.၂၀၀၉ ရက်နေ့ ဖြစ်ပါတယ်။ Google ကို ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်မွေးဖွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Google.com ဆိုတဲ့ Domain ကို မှတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမယ့် လူသိများသော နေ့ရက်ကတော့ ၁၉၉၈ ခုနှစ် စက်တင်ဘာလပဲ ဖြစ်ပါတယ်။ အခမ်းအနား အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။



Google ဟာ သူရဲ့ မွေးနေ့မှာတော့ Logo ပုံစံကို ရိုးရိုးသာ ပြုလုပ်ထားပါတယ်။ ၁၀ နှစ်ပြည့် မွေးနေ့တုန်းက ပုံကတော့ အပေါ်က ပုံလေးပါ။ နှိုင်းယှဉ်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် Google ကြီး နှစ်ပေါင်းရာကျော် တည်တံ့စေဖို့ Happy Birthday လို့ ဆုတောင်းပေးလိုက်ပါတယ်။


မောင်စေတနာ

26.9.09

SuperRam Software


မိမိတို့ရဲ့ ကွန်ပျူတာ Memory တွေ မြန်ဆန်အောင် ဆောင်ရွက်ပေးမယ့် SuperRam လေး ဖော်ပြပေး လိုက်ပါတယ်။ မိမိ ကွန်ပျူတာ သုံးနေစဉ်အတွင်းမှာလဲ Memory ကို ဘယ်လောက် အသုံးပြုနေတယ် ဆိုတာတွေကို ဖော်ပြပေးနေပါတယ်။ Memory ရဲ့ စံကိုလဲ စမ်းသပ်လို့ ရပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။

မောင်စေတနာ

စိတ်ကူးပုံရိပ် (၁)

" ဖေဖေ ... "

သမီးငယ်၏ ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။ မိမိထံ အပြုံးလေးဖြင့် ပြေးလာနေသော သမီးငယ်လေး။

" ဟေ ... သမီး "

မိမိရင်ခွင်ဆီကို ပြေးလာသော သမီးငယ်ကို အနမ်းနှင့် ထွေးပွေ့လိုက်သည်။ သူ့အမေ မျက်နှာပေါက်နှင့် သမီးလေး။ ချစ်လိုက်ရတာ။ သမီးအသက်က အခုမှ ၄ နှစ်ခွဲကျော်ကျော်သာ ရှိသေးသည်။ စကားက တတ်သည်။ ဒီသမီးလေးကြောင့် မိမိ စိတ်ပင်ပန်းမှု ရှိတိုင်း ပြေပျောက်မြဲဖြစ်သည်။

" ဖေဖေ .... မေမေနဲ့ ဘယ်လို ညားလာတာလဲ ဟင် "
" ဟင် ... "

သမီးငယ်၏ အမေးကြောင့် အံ့သြသွားမိသည်။ တစ်ယောက်ယောက်က မြှောက်ပေးလိုက်ပြီး ထင်သည်။ သမီးငယ်လေးက ဒီလိုမျိုး လုပ်တတ်သည်။ စကားအရမ်းတတ်သည့်အတွက် မိဘဘိုးဘွားဆွေမျိုးများက ချစ်ကြသည်။ သမီးလေးက လူကြီးတွေ ပြောသည့် စကားများကို မှတ်သားထားပြီး ပြန်ပြောတတ်သည်။ ယခုလဲ တစ်ယောက်ယောက်က မြှောက်ပေးပြီး မေးခိုင်းလိုက်ခြင်း ဖြစ်မည်။

" သမီးက ဘာလို့ မေးရတာ ... ပြောစမ်း ဖေဖေ့ကို .... ဘယ်သူမေးခိုင်းလိုက်တာလဲ "

"ခစ် ခစ် ခစ်"

သမီးငယ်လေး ရယ်လေတော့သည်။

"ဘွားဘွား မေးခိုင်းတာ ခစ် ... ခစ် ... ခစ် "

ဖြစ်ရမယ်။ ဒီဘွားအေတော့။ ကလေးကို မကောင်းတာတွေ မေးခိုင်းနေတယ်။ မိမိ၏ အမေ သမီလေး၏ အဘွားက မိမိကို ဒီအကြောင်းနှင့် ပတ်သက်ပြီး အိမ်ထောင်မကျခင် ကတည်းက စနောက် နေကျ။ ယခုလဲ သမီးလေးနှင့် စပြန်ပြီ။

"သမီးက သိချင်လို့လား ... "

"ဟုတ် .... သိချင်ပါတယ် .... ဖေဖေက ရုပ်ချောပြီး မေမေက ရုပ်ဆိုးတယ်လေ .... ခစ် ... ခစ် ... ခစ် "

" ဟား ဟား ငါ့သမီးကတော့ လုပ်ပြီး "

" ကဲ ... ကဲ ... ဒါဆို သမီး မေမေ မရှိတုန်း ဖေဖေ အကျဉ်းချုပ် ပြောပြမယ်နော် ... သေချာနားထောင် "

" ဟုတ် .... ခစ် ခစ် ခစ် "

အရယ်သန်ပုံကတော့ သူ့အမေအတိုင်းပင်။ အလကားနေရင်း ရယ်နေသည်။

အဲဒီတုန်းက ဖေဖေက သမီးမေမေရဲ့ အထက်လူကြီးပေါ့။ ပြောရရင်း ဆရာပေါ့။ သမီးမေမေက ဖေဖေ လက်အောက်က ၀န်ထမ်း။ သမီး မေမေ အလုပ်စ၀င်လာတော့ မျက်နှာငယ်လေးနဲ့ပေါ့။ သမီးမေမေက သူ့အစ်ကို ရှိတဲ့ ဖေဖေတို့ ဌာနကို ၀င်လာတာ။ သူ့အစ်ကိုက ဖေဖေသူငယ်ချင်း။ အခု သမီးရဲ့ ဘကြီး။

သမီးမေမေကို ဖေဖေက သမီးရဲ့ ဘကြီးအိမ် လိုက်သွားရင်းနဲ့ တွေ့ကြတာ။ အဲဒီတုန်းက သမီးမေမေက သမီးပြောသလိုပဲ ရုပ်ဆိုးဆိုးပေါ့။ ဖေဖေက အဲဒီမှာ သမီးမေမေကို စတွေ့တာ။ အဲဒီတုန်းကတော့ ဖေဖေက သတိထားမိရုံပါပဲ။

နောက်တော့ သမီးဘကြီးတို့ အိမ်ကို သွားရင်းနဲ့ သမီးမေမေ ရှိနေတတ်တယ်။ ဖေဖေလာတာမြင်ရင် သမီးမေမေက အိပ်ခန်းထဲကို ၀င်ဝင်ပြေးတတ်တယ်။ ရုပ်ဆိုးတော့ ရှက်လို့ထင်ပါတယ်။

" ခစ် ... ခစ် ... ခစ် "

သမီးငယ်လေးက ရယ်လေသည်။ မိမိ၏ အပြောကို စိတ်ဝင်စားစွာ နားထောင်နေသည်။ ဒီအသက်အရွယ်လေးနှင့် မိဘများ၏ ချစ်ရေးချစ်ရာ ကိစ္စကို သိချင်နေသည်။

" အဲဒီမှာ အဖေက သတိထားမိလာတယ်။ အယ် စိတ်ဝင်စားမိလာတယ်ပေါ့ ... ဒါပေမယ့် ဖေဖေ့ စိတ်ထဲမှာ ဝေခွဲနေတုန်းပေါ့ ... စဉ်းစားနေတုန်းပဲပေါ့ ... ဖေဖေက ဘာအလုပ်ပဲ လုပ်လုပ် အရမ်းစဉ်းစားတာလေ ... အဲဒီအကျင့်အတိုင်း ဖေဖေလဲ စဉ်းစားတာပေါ့ .... သမီးရဲ့ မေကြီးကို စိတ်ဝင်စားတာလား ... ကြိုက်နေတာလား ... ချစ်နေတာလားပေါ့ ... "

အဲဒီတုန်းကတော့ သမီးမေကြီးလဲ မသိဘူး။ သူက တုံးတယ်လေ။ ဖေဖေက သရုပ်ဆောင်ကောင်းတယ်။ ရုပ်ရှင်မင်းသားတွေတောင် ဖေဖေကို လာလာတွေ့ပြီး ဆရာ ဆရာလို့ ခေါ်ကြတယ်။ ဖေဖေက သူတို့ထက် သရုပ်ဆောင် ကောင်းလို့လေ။

" ခစ် ခစ် ခစ် "

သမီးလေးသည် မိမိ၏ အပြောကို သဘောကျစွာ ရယ်မောလေတော့သည်။ သြော် သမီးလေးရယ်။

" ကဲ နောက်မှ ဆက်တော့မယ်နော်။ သမီးလေး အိပ်ချိန်ရောက်နေပြီ။ သွားအိပ်တော့ .... ဖေဖေ နောက်မှ ဆက်ပြောပြမယ်။ "

" ဟာ ဖေဖေကလဲ ကောင်းခန်းရောက်မှ လုပ်ပြီ ဖေဖေ လူဆိုး ... "

"ဟား ဟား ... ဖြစ်ရမယ် ငါ့သမီးရယ်"

တော်တော်ရယ်စရာကောင်းတဲ့ သမီးလေး ။ စကားကို တတ်တာမှ စုံလို့။ မိမိကို မကျေမနပ်ဖြင့် အိပ်ခန်းထဲ ၀င်သွားသည်။ သူ့အဘွား မိမိအမေက ပြုံး၍ ကြည့်နေသည်။

" အမေနော် ကလေးကို ကြပ်ကြပ်မြှောက်ပေး ... ကလေး ပျက်စီးရင် အမေကြောင့်ပဲနော် ... "

ဟု လှမ်းအော်လိုက်သေးသည်။

(ဆက်ပါအုံးမည်။)


မောင်စေတနာ

25.9.09

Photo Frame Show Software



ဓါတ်ပုံဘောင်လှလှလေးတွေထဲမှာ မိမိတို့ရဲ့ ပုံတွေ ထည့်ဖို့အတွက် ဆော့ဝဲလ်ကောင်းလေးကို ဖော်ပြပေး လိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်ရန် A Code ဖိုင်လေး ထည့်ပေးထားပါတယ်။

Install လုပ်ပြီးရင် အရင်ဦးစွာ C: ထဲက Program File ဆိုတာ ရှိပါတယ်။ အဲဒီမှာ FrameShow ဆိုတဲ့ ဖိုဒါရှိနေမှာပါ။ အဲဒီဖိုဒါထဲကို Crack File လေးကို Copy ယူပြီး ထည့်လိုက်ပါ။ ရောက်သွားရင် အဲဒီဖိုင်ကို Run လိုက်ပါ။ Activation Code ဖြည့်ရမှာ ဖြစ်ပါတယ်။ User Name ကိုတော့ မိမိတို့ နှစ်သက်ရာ ပေးပါ။ AC ကိုတော့ A Code natepad ဖိုင်လေးထဲမှာ ရှိပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ အဆင်ပြေပါစေ။


မောင်စေတနာ

လိပ်ပြာတွေ ပျံဝဲနေ

ဒီတစ်ခါတော့ ဘလော့ခေါင်းစဉ်တွေမှာ လိပ်ပြာလေးတွေ ပျံဝဲတဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်နည်းကို အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ Layout ရှိ Edit HTML ကို ဖွင့်ပါ။
၂) အောက်ပါ ကုဒ်တွေကို ရှာဖွေပါ။

/* Posts
----------------------------------------------- */
h2.date-header {
margin-top:0;
margin-$endSide:28px;
margin-bottom:0;
margin-$startSide:43px;
font-size:85%;
line-height:2em;
text-transform:uppercase;
letter-spacing:.2em;
color:$dateHeaderColor;
}
.post {
background:url("http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif") no-repeat 50px .5em;
margin:.3em 0 25px;
padding:0 13px;
border:1px dotted $borderColor;
border-width:1px 0;
}


၃) အပြာရောင်ပြထားသော လင့်လေးကို Copy ယူ၍ ပြထားသည့် နေရာတွင် past လုပ်ပါ။
၎) Save ။

ဒါဆိုရင် မိမိတို့ရဲ့ ဘလော့ခေါင်းစဉ်လေးတွေမှာ လိပ်ပြာလေးတွေ ပျံဝဲနေမှာပါ။ တစ်ခြားပုံတွေလဲ Upload တင်ပြီး လုပ်နိုင်ပါတယ်။ အဆင်ပြေပါစေ။


မောင်စေတနာ

23.9.09

ယုံကြည်ပါ

တစ်ဘ၀မှာ တစ်ခါသာ
ဆုံတွေ့ရပါတဲ့
ကိုယ်တို့ဘ၀တွေရယ်။

ဆုံတွေ့စဉ် တစ်ဘဝ
တစ်ခဏတောတွင်းမှာ
ကြာမြင့်စွာ ချစ်ကာဖြင့်။

အိုအောင်မင်းအောင်
ပေါင်းဖို့ရန်
ဆုတွေဖြင့် တောင်းဖို့ရာ။

မလိုပါ ဒီဆုများ
သက်ဆုံးတိုင် ချစ်ဖို့ရယ်
ယုံကြည်ပါ ဒီ မောင်ကို။

ချစ်ကာဖြင့် ချစ်နေမှာ
ကြာမြင့်စွာ မနားတမ်း
ချစ်နေမည့် မောင်။


မောင်စေတနာ

22.9.09

All Video to VCD DVD


လိုအပ်မည့်သူများအတွက် All Video to VCD SVCD DVD Creator & Burner 4.2 လေး ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်က ဘာတွေသုံးလို့ရလဲ ဆိုတာကတော့ မြင်တာနဲ့ သိသာပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

18.9.09

Signature Software


မိမိတို့ရဲ့ ကိုယ်ပိုင် Signature ပြုလုပ်ချင်သူများအတွက် Signature Software လေး ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးစွဲ၍ ရအောင်လဲ Patch ဖိုင်လေးပါ ထည့်သွင်းပေးထားပါတယ်။ ဆိုက်ကတော့ သေးပါတယ်။ 1 MB ကျော်ကျော်သာ ရှိပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

17.9.09

MS Word Password Remover


ဟိုတစ်နေ့ ကိုယ့်ဟာကိုယ် MS Word ကို Security အတွက် Password ပေးပြီး မေ့သွားလို့ ဒုက္ခရောက်ခဲ့ရတယ်။ ဒါနဲ့ အင်တာနက်မှာ Password ဖြုတ်တဲ့ ဆော့ဝဲလ်တွေ လိုက်ရှာဖြစ်တယ်။ တော်တော်နဲ့ မတွေ့ဘူး။ တွေ့တော့ သုံးကြည့်တာ ပျက်သွားတယ်။ တော်သေးတာပေါ့။ ၀ူး . .. သက်ပြင်းချမိတယ်။

ဒါနဲ့ စာဖတ်သူတွေလဲ ဒီပြဿနာမျိုးတွေ ကြုံတွေနိုင်တဲ့အတွက် MS Word Password Remover ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ Password = www.dl4all.com


မောင်စေတနာ

16.9.09

လွမ်းချင်း



လွမ်းစိတ်တွေဖြင့်
ချစ်နေမိသည်။

ချစ်စိတ်တွေဖြင့်
တမ်းတမိသည်။

တမ်းတရင်းဖြင့်
မျှော်နေမိသည်။

မျှော်နေရင်းဖြင့်
တွေ့ချင်မိသည်။

တွေ့ချင်စိတ်ဖြင့်
လွမ်းနေမိသည်။

လွမ်းလွန်းလွန်လို့
လွမ်းကာနေသည်။


မောင်စေတနာ

Remote Desktop Control


Remote Desktop Control ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် ကီးဖိုင်ပါ ထည့်ပေးထားပါတယ်။ အသုံးဝင်မည့်သူများအတွက် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

15.9.09

သဒ္ဓါစိတ်

လိုချင်နေခဲ့တာ ကြာပြီ။ အခုမှ ရတယ်။ အဲဒီစာသားနဲ့ အဓိပ္ပါယ်တွေကို အရမ်းသဘောကျခဲ့တာ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဖတ်ခဲ့ဖူးတာ။ အဲဒီတုန်းက အမှတ်တမဲ့နေခဲ့တာ။ အခုမှ ပြန်လိုချင်တာနဲ့ ရှာလိုက်တာ။ တွေ့ပါတယ်။ စာဖတ်သူများလဲ ဖတ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။


လူချင်းတူသော်လည်း × × × × × × × ဥာဏ်ချင်းမတူ
ဥာဏ်ချင်းတူသော်လည်း × × × × × × ပါရမီချင်းမတူ
ပါရမီချင်းတူသော်လည်း × × × × × × ၀ီရိယချင်းမတူ
ဝီရိယချင်းတူသော်လည်း × × × × × × သတိချင်းမတူ
သတိချင်းတူသော်လည်း × × × × × × ပဌာန်းဆက်ချင်းမတူ
ပဌာန်းဆက်ချင်းတူသော်လည်း × × × ဆုတောင်းချင်း မတူ
ဆုတောင်းချင်းတူသော်လည်း × × × × သဒ္ဓါချင်းမတူ

ဒါကြောင့် အကျိုးပေးဘုန်းကံမြင့်မားစေရန်အတွက် မဆုတ်မနစ်သော သဒ္ဓါတရားဖြင့် လှူ၊ ကျင့်ရာ၏


မောင်စေတနာ

13.9.09

IDM 5.18 Version


အားလုံးရဲ့ အသည်းကျော်ကြီး IDM 5.18 Version ကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးလို့ရတဲ့ Patch file ပါ ထည့်သွင်းပေးထားပါတယ်။ ဒီမှာ Download လုပ်ယူပါ။ အားလုံးအဆင်ပြေပါစေ။


မောင်စေတနာ

DVD Styler Software (Portable)


Video ကားတွေကို DVD ပြုလုပ်ချင်သူများ၊ DVD ပုံစံဖြင့် သွင်းချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ DVD Styler လေးပါ။ ဒီဆော့ဝဲလ်က မိမိတို့ရဲ့ စက်ထဲကို Install လုပ်စရာ မလိုပါဘူး။ Portable Software လေး ဖြစ်လို့ပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

9.9.09

USB Antivirus


USB Security Tool ကို ဒီမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ USB Security ရှိခြင်းဟာ မိမိတို့ ကွန်ပျူတာတိုင်းမှာ ဗိုင်းရပ်စ် အန္တရာယ်အတွက် အင်မတန် လုံခြုံစိတ်ချရပါတယ်။ ယခု ထပ်မံ ဖော်ပြပေးလို့တာကလဲ USB Security အတွက်ပဲ ဖြစ်ပါတယ်။

ယခု ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ စက်တွေမှာ Install လုပ်ထားရင် USB Stick ထိုးလိုက်တာနဲ့ Stick ထဲမှာ ပါတဲ့ ဗိုင်းရပ်စ်ကို သတ်ပေးသွားမှာ ဖြစ်ပါတယ်။ မဖြစ်မနေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါ။ ဒီမှာ Download လုပ်ယူပါ။

၁) name = user
၂)regesiter code = 393E3f4C529A9bBC9dB0b2D5eeEC10a17618b1C11d11F722b25827
f2BB2e32DC3133463843B93fc43Es75736572

မောင်စေတနာ

Myanmar Bogger Survey 2009

ယခင်ဩဂုတ်လ တစ်လလုံး ကောက်ယူခဲ့သော Myanmar Blogger Survey မှာ လူပေါင်း ၂၄၀ သာ ရှိသေးကြောင်း၊ မြန်မာ့ဘလော့များ ထပ်မံရှိနေသေးပြီး ဖြည့်စွက်ပေးကြရန်အတွက် စက်တင်ဘာလ တစ်လကို ထပ်မံ ပိုက်ဆံပေးပြီး Myanmar Blogger Survey ကို Extend လုပ်ထားကြောင်း။

ဒီစစ်တမ်းကို ပညာရှင်များ၊ နိုင်ငံတကာမှ မီဒီယာများလည်း စိတ်ဝင်စားမှုရှိကြတဲ့အတွက် ပိုမိုတိကျတဲ့ Result ရဖို့ရာ မြန်မာဘလော့ လူငါးရာခန့် Myanmar Blogger Survey မှာ ပါဝင်ဖြည့်စွက်ဖို့ လိုအပ်နေကြောင်း ကိုညီလင်းဆက် ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာ့ဘလော့ဂါ အပေါင်းတို့မှ ပါဝင်ဖြည့်စွက်ခြင်းဖြင့် ကူညီပေးကြပါရန် မိမိမှ တစ်ဆင့် ထပ်မံ တိုက်တွန်းကြေညာအပ်ပါသည်။

မောင်စေတနာ

8.9.09

အဝေးတစ်နေရာ

ဖွင့်ပြောဖို့ ကြံစည်ကာပင်
နှုတ်က ဆွံ့အ မိပြီ။

တည်ငြိမ်စွာ ငြင်းပယ်မှာဖြင့်
စိုးလှပါပြီ။

ချစ်ရိပ်ပင် မမြင်ရသေးခင်
မုန်းရိပ်တွေ လာနေပြီ။

အမုန်းတွေ မလိုချင်ပြီမို့
ရင်ခွင်တံခါးကို ပိတ်ထားကာရယ်
အဝေးတစ်နေရာကသာ
မျှော်ကာနေတော့မည်။


မောင်စေတနာ

6.9.09

All Media Converter


Cbox မှာ လာရောက် တောင်းဆိုထားတဲ့ ကိုဝက်ကြီးရေ။ ယခုဖော်ပြတဲ့ ဆိုက်မှာ Format Factory ဆိုတဲ့ ဆော့ဝဲလ်လေး ရှိပါတယ်။ ဒီဆော့ဝဲလ်လေးက ကြိုက်တဲ့ Media ဖိုင်တွေ လာပါ။ အားလုံးကို မိမိပြောင်းချင်တဲ့ Format ကို ပြောင်းလဲလို့ ရပါတယ်။ Free Software လေးလဲ ဖြစ်ပါတယ်။ http://www.formatoz.com/ မှာ သွားယူလိုက်ပါ။ အဆင်ပြေပါစေ။


မောင်စေတနာ

Disk Cleanup Scheduled လုပ်နည်း

မိမိတို့ရဲ့ စက်တွေကို လေးလံစေတယ်ဆိုတဲ့ အချက်တွေထဲမှာ Temp file တွေက တစ်စိတ်တစ်ပိုင်း ပါဝင်တယ်ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု အဲဒီ Temp File တွေကို Schedule လုပ်ပြီး နေ့စဉ် ရှင်းထုတ်တဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။ မဖြစ်မနေ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တဲ့အတွက် လုပ်စေချင်ပါတယ်။


အဆင့်(၁)

၁) Start မှ Run တွင် cleanmgr /sageset:50 ရိုက်ထည့်ပါ။
၂) Box ပေါ်လာလျှင် အားလုံးကို အမှတ်ခြစ်ပေးလိုက်ပါ။
၃) OK ။

အဆင့်(၂)

၁) Control Panel က Scheduled Tasks ဆိုတာကို ဖွင့်ပါ။
၂) Double Click လုပ်ပြီး ဖွင့်ပါက Wizard Box ပေါ်လာလိမ့်မယ်။


၃) Next လုပ်ပါ။
၎) Disk Cleanup ဆိုတာကို ရှာပါ။ Next ။


၅) နေ့စဉ် ဖျက်/ရှင်းတာ ကောင်းတဲ့အတွက် Daily သာ ရွေးပါ။ Next ။


၆) စပြီး လုပ်ချင်တဲ့ အချိန်ကို ထည့်ပါ။ မိမိအနေနဲ့ကတော့ နံနက် ၁၀ နာရီကို လုပ်ပါတယ်။ Next ။



၇) Next ။



၈) Check Box ကို အမှန်ခြစ်ပေးပြီး Finish ။


၉) Finish လုပ်လိုက်ပါက အောက်က Box ကျလာလျှင် Ok ။



၁၀) နောက်တစ်ခု ထပ်ကျလာလိမ့်မယ်။ အဲဒီမှာ Run : အကွက်ရဲ့ နောက်ဆုံးမှာ /sagerun:50 ဆိုတာကို ရိုက်ထည့်ပါ။


၁၁) Apply လုပ်လိုက်ပါက Password များ တောင်းပါလိမ့်မည်။ အပေါ်တွင် ပေးခဲ့ပါက ဖြည့်ပါ။ မပေးခဲ့ပါက မဖြည့်ပါနှင့်။


ဒါဆိုရင် နေ့စဉ် မိမိတို့ သတ်မှတ်တဲ့ အချိန်ရောက်တိုင်း စက်က အော်တို ဖျက်/ရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အချိန်တွေ၊ ဦးနှောက်တွေ မလိုတော့ပါဘူး။ မေ့စရာလဲ မလိုတော့ဘူးပေါ့။

အထက်ပါ နည်းလမ်းအတိုင်း Disk Defragmenter လဲ လုပ်၍ ရပါတယ်။ လုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တဲ့အတွက် လုပ်ဆောင်ကြည့်ကြပါ။ အဆင်ပြေပါစေ။


မောင်စေတနာ

5.9.09

Window Lock Shortcut လုပ်နည်း

မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။

ပထမအဆင့်

၁) Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂) Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။

%windir%\System32\rundll32.exe user32.dll,LockWorkStation

၃) ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။

ဒုတိယအဆင့်

၁) အဲဒီ Shortcut ရဲ့ Icon ကို ပြောင်းလဲမှာ ဖြစ်တဲ့အတွက် Icon ပေါ်ကို Right Click လုပ်။ Properties ကို ရွေး။
၂) ပြီးရင် Change Icon ကို ကလစ်လုပ်။
၃) look for icons in this file ဆိုတဲ့ အကွက်မှာ %SystemRoot%\system32\SHELL32.dll ရိုက်လိုက်။



၎) ပုံတွေပေါ်လာရင် Lock ပုံလေးရွေးပါ။ ပြီးရင် Ok ။

ဒါဆိုရင် မိမိတို့ရဲ့ Desktop ပေါ်မှာ Lock Shortcut လေး ရှိနေတော့မယ်။ ၀င်းဒိုးကို အလွယ်တကူ Lock ချခဲ့လို့ရမယ်။ ဒီထက် လွယ်ချင်ရင်တော့ Window Key + L Key ကိုသာ နှိပ်လိုက်ပါ။ ပိုမြန်ပါတယ်။


မောင်စေတနာ

3.9.09

Driver Detetctive Software


Driver တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ့် Driver Detective ဆော့ဝဲလ်ကို ဖော်ပြပေးလိုက်ပါတယ်။ ဘာကောင်းမှန်းတော့ မသိပါဘူး။ မိမိရဲ့စက်လဲ ဆော့ဝဲလ်များစွာကို တင်လိုက်၊ ဖြုတ်ချလိုက်နဲ့ဆိုတော့ ရေရှည်မှာ မကောင်းနိုင်တာနဲ့ စမ်းသပ် မသုံးကြည့်မိပါဘူး။ စိတ်ဝင်စားသူများ၊ လိုချင်သူများအတွက် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

အပျော်

မနေ့ညက အပျော်
ဒီနေ့ထိ ပျော်နေမိတယ်။

မနေ့ညက ကြည်နူးမှု
ဒီနေ့ထိ ကြည်နူးမိတယ်။

ဒီအပျော်နဲ့ ကြည်နူးမှု
ပျောက်ကွယ်မှာကို
စိုးရိမ်မိလို့ ရင်ဝယ်အမြဲ
မဖြစ်မနေ ထိန်းချုပ်ရင်းနဲ့
သိမ်းထားတယ်လေး ...... ။

မောင်စေတနာ

1.9.09

Daemon Tool Software


Cbox က တောင်းဆိုထားတဲ့ မောင်ဗညားရေ။ လိုချင်တာကို ဖော်ပြပေးလိုက်ပြီနော်။ Daemon Tool လေး ဖြစ်ပါတယ်။ တစ်ခြား သုံးစွဲချင်သူများလဲ ဒီဆော့ဝဲလ်လေးအကြောင်းကို အနည်းငယ်ရှင်းလင်းပါ့မယ်။

CD/DVD burn တဲ့နေရာတို့ Safe Disc, SeuRom, Laserlock, RMPS စတာတွေပါ အသုံးပြုလို့ ရပါတယ်။ စိတ်ဝင်စားသူများပါ ဒေါင်းယူနိုင်အောင် ဒီမှာ Download လုပ်ယူလိုက်ပါ။

မောင်စေတနာ