19.4.09

အင်တာနက် ရေဒီယို

Cbox တွင် လာရောက်တောင်းဆိုထားတဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။ မိမိရဲ့ ဘလော့ကို ဖွင့်လိုက်တာနဲ့ သီချင်းသံ ကြားစေဖို့ အဖြူရောင်သံစဉ် ရေဒီယိုကို ထည့်သွင်းချင်ရင် Layout က Add a Gadget ကို ကလစ်ပြီး HTML/Java Script ကို ရွေးပြီး ဒီဖိုင်လေးထဲက ကုဒ်များကို ကူးပြီး ထည့်လိုက်ရင် အိုကေမှာပါ။

မောင်စေတနာ

16.4.09

Game Website


အွန်လိုင်းပေါ်မှာ ဆော့လို့ ကောင်းမယ့် ဂိမ်းဆိုက်လေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။ ကစားနည်းများစွာ ပါဝင်တဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်ရာကို ပျော်ရွှင်စွာ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒီဝက်ဆိုက်မှာ သွားရောက် ကစားနိုင်ပါတယ်။

မောင်စေတနာ

14.4.09

Gmail ၏ လျှို့ဝှက်ချက်များ

အီးမေးလ်နဲ့ တောင်းဆိုထားတဲ့ ကိုအောင်ကြည်ဖြူရေ . . ။ မေးထားတဲ့ မေးခွန်းကို ဖြေကြားပေးလိုက်ပါပြီ။ တစ်ဖက်က email ပို့လာတဲ့အခါ ကိုယ်ဘက်က လက်ခံရရှိကြောင်း၊ ဒါမှ မဟုတ် ကျေးဇူးတင်စကား ပြောကြားဖို့ Gmail မှာ လုပ်ထားလို့ရပါတယ်။ အောက်ပါ အဆင့်များ အတိုင်း လုပ်ပါ။

(၁) မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
(၂) ပုံတွင် ပြသထားသည့် setting ကို ကလစ်ပါ။


(၃) ပြီးလျှင် General Tab ကို ရွေးပါ။
(၄) Vacation responder on ကို ရွေးချယ်ပြီး မြင်နေရသည့် အကွက်တွင် မိမိရေးချင်သည့် စာသားများ ရေးပါ။ (ဥပမာ -ကျေးဇူးတင်စကား၊ အီးမေးရောက်ရှိကြောင်း စာသား)




(၅) ပြီးလျှင် save changes ကို ကလစ်ပါ။
(၆) မိမိ ရေးထားသည့် Subject သည် အောက်တွင် ပြသထားသည့် အတိုင်း ပေါ်နေလိမ့်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေးလ်များ ပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည် ဖြစ်သည်။



အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပါက သင့်ဆီပေးပို့နေသော အီးမေးလ်တိုင်းကို အီးမေးလ် ပြန်နေလိမ့်မည် ဖြစ်သည်။ အဆင်ပြေကြပါစေ။


မောင်စေတနာ

13.4.09

မြန်မာကို တိုက်ရိုက်ပြန်မယ်


အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။ ပြောချင်တာ ကြာပေမယ့် မအားလပ်တာကြောင့် နောက်ကျသွားတယ်။ ကြေငြာလိုက်ပြီနော်။


မောင်စေတနာ

4.4.09

လှူပါဗျို့


စစ်ကိုင်းမြို့ရှိ ဆရာတော် ဦးကောဝိဒသည် ပညာဒါနများ ဆောင်ရွက်နေပါသည်။ ကွန်ပျူတာသင်တန်းများ အခမဲ့ ဖွင့်လှစ်ပေး လျက်ရှိပါသည်။ အလှူရှင်များ သည်လည်း ပါဝင်လှူဒါန်းလျက် ရှိကြပါသည်။ ယခုအခါတွင် ကွန်ပျူတာ အခမဲ့ သင်တန်းတက်ရောက် နေသော သင်တန်းသားများအတွက် ကုဋီများ (အိမ်သာ) လိုအပ်လျက် ရှိပါသဖြင့် လှူဒါန်းနိုင်ပါရန် နှိုးဆော်အပ်ပါသည်။ အသေးစိတ်ကို ဒီတွင် ဖတ်ရှုနိုင်ပါသည်။


မောင်စေတနာ