27.3.09

Data Recover


Cbox မှာ လာရောက် တောင်းဆိုထားသော ကိုနိုင်ရေ . . ။ မအားလပ်တာနဲ့ ဖော်ပြပေးတာ နောက်ကျ သွားပါတယ်။ နားလည်ပေးပါ။ အမှန်တော့ ကျနော် ဒီမှာ ဖော်ပြပေး ပြီးသား ဖြစ်သလို ဒီမှာလဲ ဖော်ပြပေး ခဲ့ပါတယ်။ ကဲ အခုလဲ အသစ်တစ်ခု ထပ်မံ ဖော်ပြပေး လိုက်ပါတယ်။ မိမိကွန်ပျူတာမှာ Shift + Delete ကြောင့်ပဲ ဖိုင်တွေကို ဖျက်မိဖျက်မိ၊ Formatting ကြောင့်ပဲ ဖျက်မိဖျက်မိ၊ အကြောင်းအမျိုးမျိုးကြောင့် ဖျက်မိတယ်ဆိုရင် ဒီဆော့ဝဲလ်လေးနဲ့ ပြန်ခေါ်ယူပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

20.3.09

Window Washer


လျှော်မယ် ဖွတ်မယ်ဗျို့။ မိမိတို့ ၀တ်ဆင်နေတဲ့ အ၀တ်အစားများ သန့်စင်အောင် လျှော်ကြ ဖွတ်ကြသလို မိမိတို့ရဲ့ ကွန်ပျူတာတွေကိုလဲ ရေလောင်းပြီး ပိုးသတ်ကြရအောင်။ ဟီး ... သေချာတယ် ပျက်မှာ။ ယခု ဖော်ပြမယ့် ဆော့ဝဲလ် အမည်လေးကတော့ Window Washer ပါ။ စက်တစ်ခုလုံး မြန်ဆန် သန့်စင်စေဖို့ သုံးစွဲသင့်ပါတယ်။ အီလန် ဆပ်ပြာမှုန့်ကို သုံးသလိုပေါ့။ Window ကို လျှော်ချင် ဖွတ်ချင်ရင် ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

13.3.09

မြန်မာ့ဖောင့်မျိုးစုံ


Cbox မှာ လာရောက်တောင်းဆိုထားတဲ့ မနှင်းရေ....။ မနှင်းလိုချင်တဲ့ မြန်မာ့ဖောင့် မျိုးစုံကို ဖော်ပြပေး လိုက်ပါတယ်။ ဖော်ပြပေးတဲ့ အချိန် နောက်ကျသွားတဲ့အတွက် နားလည်ပေးပါ။ ဒီတွင် Download လုပ်ယူပါ။

မောင်စေတနာ

8.3.09

dll as an app ပြဿနာ

Computer စဖွင့်လို့ တက်လာတာက

"Run a DLL as an App has encountered a problem and needs to close. We are sorry for the inconvenience."

ဆိုတဲ့ စာတန်းကြီးနဲ့ Box တစ်ခု ကျလာတယ်။ စိတ်က စနိုးစနောင့် ဖြစ်သွားတယ်။ ဘာလဲဟပေါ့။ ဒါနဲ့ အဲဒါကို ပိတ်လိုက်တယ်။ စက်က ပုံမှန်ပဲ။ ဘာမှမသိသာဘူး ဆိုတော့ စိတ်က နည်းနည်းတော့ ပေါ့သွားတယ်။ အဲ . . . ပြောလို့မှ မဆုံးသေးဘူး။ Desktop ပေါ် Right Click လုပ်ပြီး properties ကို နှိပ်ဖွင့်တာ အပေါ်က စာတန်းကြီးနဲ့ Box က ကျလာတော့တယ်။ properties က ကျမလာဘူး။ စိတ်ထဲ ညစ်သွားတယ်။ ဗိုင်းရပ်စများ ကိုက်သလားပေါ့။

သို့ပေမယ့် Google ကြီး ရှိနေတော့ စိတ်မပျက်ပဲ ပြဿနာကို ရှာလိုက် ဖွေလိုက်တာ တွေ့ပါတယ်။ သူပြောတဲ့ နည်းတွေ အတိုင်း လိုက်လုပ်လိုက်တယ်။ အိုကေသွားတယ်။ ကဲ စာဖတ်သူများလဲ အဲဒီပြဿနာများ ပေါ်လာခဲ့ရင် ဖြေရှင်းဖို့ မျှဝေပေးလိုက်ပါတယ်။ လုပ်နည်းကတော့ အောက်မှာပါ

၁) ပထမဦးစွာ Start မှ Run ကို ဖွင့်ပါ။
၂) ပြီးရင် services.msc ကို ရိုက်ပြီး 0k ။
၃) ညာဖက်တွင် System restore service ကို ရှာပါ။ တွေ့လျှင် Right Click ၊ Properties ကိုရွေးပါ။



၎) အောက်တွင်ပြထားသည့်အတိုင်း Disabled လုပ်ပြီး Apply ၊ Ok ။



၅) ပြီးလျှင် My Computer ကို Right Click ၊ Properties ရွေးပါ။
၆) System Restore tab ကို ရွေးပါ။ Turn off system Restore on all drive ဆိုတဲ့ စာတန်းကို အမှန်ခြစ် ဖြုတ်ပါ။
၇) Ok ပေါ့ဗျာ။

မောင်စေတနာ

Banner Maker


ဘလော့များတွင် အလှဆင် တပ်ဆင်ရန်အတွက် Banner ပြုလုပ်တဲ့ ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ Banner ပြုလုပ်ရာမှာ လွယ်ကူ ရှင်းလင်းပြီး Gif ဖိုင်များပါ ဖန်တီးလို့ ရပါတယ်။ စိတ်ဝင်စားသူများ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

6.3.09

Desktop မြင်ကွင်းဆန်းများ

Desktop မြင်ကွင်းဆန်းဆန်းတွေကို ပြုလုပ်ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်။ လှပတဲ့ မြင်ကွင်းဆန်းလေးတွေနဲ့ စိတ်ကြည်နူးစွာ အလုပ်လုပ်ချင်သူများ အောက်မှာသာ ယူပေတော့ဗျာ။



ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။





ဒီမှာ Download ယူပါ။




ဒီမှာ Download ယူပါ။


မောင်စေတနာ

4.3.09

Natural motion Endorphin


ကာတွန်းရုပ်တွေ ဖန်တီးချင်တယ်။ ဂရပ်ဖစ်တွေ ဖန်တီးချင်တယ်ဆိုရင် ဒီဆော့ဝဲလ်လေးက စိတ်ကျေနပ်မှုကို အပြည့်အ၀ ပေးမှာပါ။ ဘာမှ မတတ်သူအတွက်တော့ ဒီဆော့ဝဲလ်ကို သုံးရန် ခက်ခဲပါလိမ့်မယ်။ အသုံးပြုချင်သူများ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

3.3.09

WinRAR Software


Cbox တွင် လာရောက်တောင်းဆိုသော ကိုရန်သိမ်းထွန်းရေ . . .။ လိုချင်တဲ့ WinZip အစား WinRaR လေး ဖော်ပြပေးလိုက်ပါတယ်။ WinZip နဲ့ WinRaR က သုံးရတာချင်း အတူတူဖြစ်သလို ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် WinRaR ကို အမြဲတမ်းသုံးနိုင်ရန် Crack ဖိုင်လေး ထည့်သွင်းပေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Dowload လုပ်ယူပါ။


မောင်စေတနာ

2.3.09

လွမ်း


လွမ်းစိတ်ကိုပါ့
မထိန်းနိုင်ဘူး။

လွမ်းရက်ရှည်ကြာ
မျှော်ကာနေမိ။

လွမ်းဝေဒနာ
ကြိတ်ကာခံစား။

လွမ်းရသူဖို့
လွမ်းမောပါ၏
လွမ်းသာ လွမ်းတယ်
လွမ်း . . . . ။


မောင်စေတနာ

ကျွန်တော့အမေ

အမေက ကျွန်တော့်အတွက် ဆွယ်တာလေးပါ
အေးချမ်းလှ ဆောင်းရာသီမျိုးမှာ
နွေးထွေးစေတာ။

အမေက ကျွန်တော့်အတွက် ယပ်တောင်လေးပါ

ပူအိုက်လှတဲ့ နွေရာသီမျိုးမှာ
အေးမြစေတာ။


အမေက ကျွန်တော့်အတွက် သစ်ပင်လေးပါ

နားခိုစရာ မရှိတဲ့အခါမျိုးမှာ

အရိပ်ကလေး ဖြစ်စေတာ။

အမေက ကျွန်တော့်အတွက် မြက်ခင်းလေးပါ

အိပ်စက်အနားယူတဲ့အခါမျိုးမှာ

အိပ်ယာခင်းလေး ဖြစ်စေတာ။

အမေက ကျွန်တော့်အတွက် စမ်းရေလေးပါ

ရေဆာငတ်မွတ်နေတဲ့အခါမျိုးမှာ
ရေပေါက်တစ်စက် ဖြစ်စေတာ။

အမေက ကျွန်တော့်အတွက် လေပြေလေးပါ
ချွေးထွက်ပြီး မောပန်းနေတဲ့အခါမျိုးမှာ
မျက်နှာပြင်ကို အေးမြစေတာ။

အမေက ကျွန်တော့်အတွက် အားပေးဖော်ပါ
စိတ်ညစ် ၀မ်းနည်းပူဆွေးတဲ့အခါမျိုးမှာ
ထပ်တူပူဆွေး နှစ်သိမ့်စေတာ။

ကျွန်တော့်အတွက် အရာအားလုံးဟာ
အမေ့ပေါ်တွင် ဖြစ်တည်နေပြီး
သက်ရှင်ရပ်တည်နေနိုင်တာ။

မောင်စေတနာ

Mobile Dictionary


English-Myanmar Mobile Dictionary လာရောက်တောင်းဆိုထားသော မချောရေ ... ။ အခန့်တော့ သင့်ပြီဗျာ။ Mobile Dictionary ကို Free သုံးလို့ရအောင် Mystery Zillion ကနေ ပြုလုပ်လိုက်ပါပြီ။ ဖိုင်လေးကို ဒီမှာ Download လုပ်ယူပါ။ အသေးစိတ်ဖတ်ချင်ရင် ကိုထူးတေဇာဆီ သွားရောက် ဖတ်နိုင်ပါတယ်။ လာရောက် လက်တို့တဲ့ ကိုထူးတေဇာကိုလည်း ကျေးဇူးအထူးပါ။

ဖိုင်ကို ဖုန်းထဲထည့် Rename လုပ်တဲ့အခါ Extension ကို xxxx.jar လို့ပြင်ပြီး install လုပ်။ အကယ်၍ သူများကို ပေးချင်ရင် ဖိုင် extension လေးကို .jar ပြန်ဖြုတ်ဖို့မမေ့နဲ့နော်။ နို့မို့ရင် blue tooth နဲ့ ဝေလို့မရဘဲနေမယ်။

မောင်စေတနာ