26.2.09

Zaxwerks ProAnimator


ProAnimator Software လေး ဖော်ပြပေးလိုက်ပါတယ်။ စာလုံးများ 3D လုပ်လို့ရတဲ့အပြင် နောက်ခံမြင်ကွင်းများပါ ဖန်တီးလို့ရပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

အပြုံး

မင်းရဲ့ အပြုံးက
မြို့တစ်မြို့ကို ပြိုလဲစေတာ။

မင်းရဲ့ အပြုံးက
နိုင်ငံတစ်နိုင်ငံကို ပြိုလဲစေတာ။

မင်းရဲ့ အပြုံးကြောင့်
ငါကိုယ်တိုင်လဲ ပြိုလဲနေပြီ။

မောင်စေတနာ

25.2.09

Mobile Phone English-Myanmar Dictionary


Cbox မှာ လာရောက်တောင်းဆိုသော မချောရေ . . .။ လိုချင်တဲ့ mobile phone english-myanmar dictionary ဆော့ဝဲလ်ကတော့ ရှိပါတယ်။ ဒါပေမယ့် ပိုက်ဆံပေးရတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေလုပ်ထားတာ ဆိုတော့ ပိုက်ဆံနဲ့ ရောင်းပါတယ်။ ဒါကို ဖရီးရအောင်တော့ အနော်လဲ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဟီး .. .။ စမ်းသုံးချင်တယ်ဆိုရင်တော့ (၃)ရက်တော့ ဖရီးသုံးခွင့် ပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ သွားရောက်လေ့လာပါ။ မည်သည့်နေရာတွင် ၀ယ်ရမည်ဆိုတာပါ ဖော်ပြပေးထားပါတယ်။

(၃)ရက်လောက် စမ်းသုံးကြည့်ချင်တယ်ဆိုရင် အဲဒီဝက်ဆိုက်ရဲ့ Download ဆိုတာလေးကို နှိပ်ပါ။ Defined:Mobile (3 days trial) ဆိုတဲ့ စာတန်းအောက်မှာ Download ဆိုတာ ရှိပါတယ်။ Download ယူပြီး စမ်းသုံးကြည့် နိုင်ပါတယ်။

အဲ english-myanmar ဆော့ဝဲလ်ကို မပေးနိုင်ပေမယ့် english-english dictionary ဖိုင်လေးတော့ လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။ အဆင်ပြေစေချင်တဲ့ . . .


မောင်စေတနာ

Gtalk အင်္ဂလိပ်-မြန်မာအဘိဓာန်


http://www.mmgeeks.org/forum/ က ပြုလုပ်ထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးကို ဖော်ပြချင်ပါတယ်။ ဒီအဘိဓာန်လေးကတော့ အားလုံးကြိုက်ကြမှာပါ။ လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ Gtalk မှာ တစ်ဖက်က အင်္ဂလိပ်လို ရိုက်လာတဲ့ စာသားလေးတွေကို မဖတ်တတ်၊ ဘာသာမပြန်တတ်ရင် ချက်ချင်း Gtalk မှာပဲ ဘာသာပြန် ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ Gtalk သုံးစွဲသူများ အကြိုက်တွေ့စေမယ့် ဆော့ဝဲလ်လေးပါ။

နည်းလမ်းကတော့ မခက်ပါဘူး။ en2mm2@mmgeeks.org ကို မိမိတို့ gtalk အကောင့်မှာ add လိုက်ပါ။ ပြီးရင် မိမိသိလိုတဲ့ စာသားကို ရိုက်ပြီး မေးနိုင်ပါပြီ။ ဥပမာ-( book, welcome, bat စသဖြင့် ) ။ မြန်မာလို ရှင်းလင်းချက်များ ကျလာပါလိမ့်မယ်။ ပျော်ရွှင်နိုင်ကြပါစေ။


မောင်စေတနာ

24.2.09

လူမည်းတို့ ဂုဏ်ယူဖွယ်


ဒီကနေ့ အင်တာနက်ကြည့်ရင်း အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားကို မြင်တွေ့မိတာနဲ့ စဉ်းစားမိပါတယ်။ သြော် လူမည်းတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သမ္မတပဲ ဖြစ်မှာပါလားလို့။ ထူးခြားစွာ ဖြစ်ပေါ်လာတဲ့ သမ္မတပါပဲ။ အင်း ထူးခြားတယ်သာ ပြောရပေမယ့် အိုဘားမားအနေနဲ့ ဒီသမ္မတဖြစ်ဖို့အတွက် ဘယ်လောက် တောင် ရင်းနှီးပေးဆပ် ခဲ့တယ်ဆိုတာ မိမိတို့လည်း မသိနိုင်ပါဘူး။ ပေးဆပ်မှုများစွာနဲ့ မဖြစ်နိုင်တဲ့ ရလဒ်တစ်ခုကို ကမ္ဘာ့လူလောက အသိုင်းအ၀ိုင်းမှာ ဖော်ထုတ်ခဲ့တဲ့ သမ္မတ အိုဘားမားကို မိမိအနေနဲ့ လေးစားမိပါတယ်။

သူဟာ ကမ္ဘာ့လူသားများ ကောင်းကျိုးကို လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ။ လူဖြူများကိုသာ ဦးစားပေးတဲ့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်အောင် လုပ်နိုင်တာနဲ့တင် လေးစားမိပါတယ်။ ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များထဲမှာ ပါဝင်လာသည့်အတွက် ချီးကျူးမိပါတယ်။ ဒါကြောင့် လေးစားတဲ့အနေနဲ့ မိမိရဲ့ပညာကို သုံးပြီး သရုပ်ဖော် ဂုဏ်ပြုမိပါတယ်။


မောင်စေတနာ

gif movie gear



GIF Movie Gear Software လေးပါ။ gif image များ ပြုလုပ်လို့ ရပါတယ်။ လွယ်ကူရှင်းလင်းပြီး လုပ်ရ အဆင်ပြေ စေပါတယ်။ အမြဲတမ်း အသုံးပြုနိုင်ရန် Keygen ဖိုင်ပါ ထည့်သွင်းပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

23.2.09

Speed Gear Software


Cbox မှာ လာရောက်တောင်းဆိုသော ကိုထိုက်ရေ. . .။ ကိုထိုက်လိုချင်တဲ့ Speed Gear ဆော့ဝဲလ်လေး ဖော်ပြပေး လိုက်ပါတယ်။ ခဲရာခဲဆစ် ရှာဖွေလိုက်ရတာပါ။ ဖရီးတွေကတော့ ပေါပါ့ဗျာ။ လိုင်စင်ကို ရှာနေရလို့ ခက်ခဲသွားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှာဖွေလို့ ရလာပါပြီ။ သုံးစွဲသူ စိတ်ချမ်းသာစေဖို့ ဟော့ဒီမှာ Download ယူပါ။

ကိုထိုက်လိုပဲ တစ်ခြားသူများလဲ သုံးစွဲနိုင်ရန် ဒီဆော့ဝဲလ်လေးရဲ့ ထူးခြား ချက်များကို ရှင်းလင်းပါ့မယ်။ ဒီဆော့ဝဲလ်ကို Install လုပ်ထားခြင်းအားဖြင့် မိမိကွန်ပျူတာကို အသုံးပြုစဉ်မှာ မြန်နှုန်းမြှင့်လို့ရတဲ့ ဆော့ဝဲလ်လေးပါ။ ဥပမာ- အင်တာနက် အသုံးပြုနေတယ်ဆိုရင် အင်တာနက်ကို အံသြလောက်အောင် မြန်ဆန်စေပါတယ်။ မြန်ချက်ကတော့ ပြောမယုံ လက်တွေ့သာ သုံးကြည့်ပါတော့ဗျာ။


မောင်စေတနာ

22.2.09

ISO Burner


Window ခွေများ၊ ဂိမ်းများ CD ထဲသို့ ကူးယူရာတွင် ISO Burner သည် အရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်ပါတယ်။ ဒီဆော့ဝဲလ်လေးကို Install လုပ်ထားမှ Window Software များနှင့် Game Software များကို ကူးယူနိုင်ပါတယ်။ ဒါကြောင့် မရှိမဖြစ်လို့ ဆိုရင် ရပါတယ်။ ဆိုက်ကလဲ သေးငယ်လှပါတယ်။ 867 KB ပဲ ရှိပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

Screen Saver Software


မိမိ Computer နဲ့ ဝေးကွာချိန်၊ ဒါမှမဟုတ် မသုံးတဲ့အချိန်မှာ Screen Saver အဖြစ် ပေါ်လာတာ ကွန်ပျူတာ သုံးစွဲသူတိုင်း သိကြပါတယ်။ မိမိရဲ့ စက်ထဲက သမရိုးကျ Screen Saver ကနေ ဆန်းပြားလှပတဲ့ ပုံစံများကို ပြောင်းလဲလို့ရပါတယ်။ ယခု ဖော်ပြတဲ့ ဆော့ဝဲလ်လေးကို Install လုပ်ထားရင် မိမိရဲ့ ကွန်ပျူတာထဲ ငါးကန်ပြုလုပ် ထားသလို ထင်ရအောင် ငါးများ ကူးလူးသွားလာ နေတာကို မြင်တွေ့ရမှာပါ။ ဒီတွင် Download လုပ်ယူနိုင်ပါတယ်။

မောင်စေတနာ

21.2.09

ကာတွန်းကြည့်ရင်း









ဂီတသမားများအတွက်


Slayer ဆိုတာကတော့ သတ်ဖြတ်သူပါ။ ဂီတမှာ ဘာနာမည်ကြီး လာပေးမှန်း မသိဘူး။ Slayer နာမည်ကြီး တွေ့ကတည်းက ဒီဆော့ဝဲလ်ကို အင်စတော မလုပ်တော့ဘူး။ တော်ကြာ သတ်ဖြတ်နေမှာ ဆိုးလို့။ ;) ။ ဟုတ်ပါတယ်။ ဂီတကို ခပ်ကြမ်းကြမ်း ကြိုက်သူများ စမ်းသပ် အသုံးပြုနိုင်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

20.2.09

Retouch Software


Retouch Software လေး ဖော်ပြပေးလိုက်ပါတယ်။ ဓါတ်ပုံများ တည်းဖြတ်ရာမှာ အသုံးဝင်ပါတယ်။ သဘာဝကျအောင် ပြုလုပ်နိုင်တဲ့အတွက် ကောင်းမွန်တဲ့ ဆော့ဝဲလ်လေးပါ။ အပေါ်ပုံလေးကို နမူနာ ကြည့်နိုင်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

18.2.09

Photodex Slide Show Software


ကောင်းမွန်လှတဲ့ Photodex Slide Show Software လေး ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့ စနစ်တွေများစွာ ပါဝင်တဲ့အတွက် သုံးစွဲသူများကို အကြိုက်တွေ့စေမှာပါ။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

16.2.09

E Soft Media Audio Capture


Audio တွေ ဖမ်းဖို့ အကောင်းဆုံး ဆော့ဝဲလ်လေးပါ။ လုပ်နည်းကိုင်နည်းကို သေချာတော့ မသိသေးပါ။ မိမိကိုယ်တိုင် မသုံးကြည့်ရသေးသည့်အတွက် ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒေါင်းယူပြီး စမ်းသုံးနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

15.2.09

AVG Software


လာပါပြီ AVG ။ ညီလေး ကောင်းကင်ပြာ ကောင်းမှုနဲ့ AVG ကို လိုင်စင်နဲ့ သုံးနိုင်နေပါပြီ။ ကဲ စာဖတ်သူများကို ပြန်လည်မျှဝေပေးဖို့လဲ ညီလေး ကောင်းကင်ပြာဆီက ခွင့်ပြုချက်ကို ရရှိထားပါတယ်။ လိုင်စင်က 2018 မှ ကုန်မှာနော်။ အမုန်းသုံးလို့ရတယ်။ အင်တာနက်မှ Update သာ လုပ်ပေး။ ကဲ ပြောနေကြာတယ်။ ဒီတွင် Download ယူလိုက်ပါ။

မောင်စေတနာ

12.2.09

TuneUp Utilities 2009 Software


System Components, Programs, Structural defects, Desktop and Quick Launch bar, Start Menu, History lists, Temporary files, Degree of fragmentation စတဲ့ ပြဿနာမျိုးစုံကို ဖြေရှင်းပေးတဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာ သုံးစွဲသူတိုင်းရဲ့ စက်ထဲတွင် Install လုပ်ပြီး သုံးစွဲသင့်တဲ့ ဆော့ဝဲလ်လေး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ အမြဲသုံးစွဲနေပါတယ်။



စက်ရဲ့ ပြဿနာကို မိမိမမြင်နိုင်ပေမယ့် ဒီဆော့ဝဲလ်လေးက မြင်နိုင်စွမ်းရှိပြီး ဖြေရှင်းပေးလို့ အကြိုက်တွေ့မိပါတယ်။ စာဖတ်သူများလည်း ကြိုက်လိမ့်မည်ဟု မျှော်လင့်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

6.2.09

Zoner Photo Studio Software


ဓါတ်ပုံဆရာများ၊ ဓါတ်ပုံဝါသနာပါသူများအတွက် အသုံးဝင် အဆင်ပြေစေမည့် ဆော့ဝဲလ်လေး ဖြစ်သောကြောင့် ဖော်ပြပေး လိုက်ပါတယ်။ လုပ်နည်း ကိုင်နည်းများကို မိမိ သေချာ မသုံးရသေးသည့်အတွက် သေချာရှင်းပြရန် ခက်လှပါတယ်။ မအားလပ် ခြင်းကြောင့် ဖြစ်ပါတယ်။ နားလည် ခွင့်လွှတ် ပေးကြပါ။ သို့ကြောင့် အသုံးပြုသူများ လက်တွေ့ အသုံးပြုရင်း ရှာဖွေကြ စေလိုပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

4.2.09

Rocket Dock Software


မိမိရဲ့ Computer Desktop ပေါ်မှာ My Computer, My Music, My Document စတာတွေကို သမရိုးကျ မထားချင်ဘူး ဆိုရင် ယခု ဖော်ပြတဲ့ ဆော့ဝဲလ်လေး သုံးစွဲနိုင်ပါတယ်။ Desktop မြင်ကွင်း ပိုမို လှပလာမှာ ဖြစ်သလို သုံးစွဲသူ များလဲ စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

Pain Studio Software


Window မှာ ပါရှိနေတဲ့ Pain ထက် ကောင်းမွန်တဲ့ Pain Studio ကို ဖော်ပြပေး လိုက်ပါတယ်။ ထူးခြားချက် တွေကတော့ Animation များ၊ စာသားပွား ခြင်းများအပြင် ဖန်တီးစရာ လုပ်ကွက်များစွာ ပါဝင်ပါတယ်။ လုပ်နည်းများကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာ ပန်းချီကို စိတ်ဝင်စားသူများ၊ လေ့ကျင့်သူ များအတွက် ကောင်းမွန်တဲ့ ဆော့ဝဲလ်လေးပါ။ အမြဲတမ်း သုံးနိုင်ရန် Serial No ထည့်သွင်း ထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

မြန်မာလက်ကွက် ကျင့်ရအောင်


KMD က ကိုမြတ်ခိုင် ပြုလုပ်ထားတဲ့ မြန်မာလက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာ မြန်မာလက်ကွက် လေ့ကျင့်နေတဲ့ သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

1.2.09

Hello Mario Game


Mario Game ကလေးဘ၀ထဲက သည်းသည်းမဲမဲ ဆော့ကစားခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ယခု အသက်အရွယ် အရလဲ ဂိမ်းများကို ဆော့တဲ့အခါ red alert 2 ၊ warcraft တို့ ကစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ ကောင်းတုန်းဖြစ်တဲ့ Mario Game လေးကို ရံဖန်ရံခါ ကစားတတ်ပါတယ်။



မိမိလို ကစားချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်း(၂)မျိုး ထည့်သွင်း ထားပါတယ်။ အပေါ်မှာ ပြထားတဲ့ ဂိမ်းက မှိုပွင့်နဲ့ ပစ်မယ်ဆိုရင် Z Key ကို နှိပ်ရပြီး ခုန်ချင်တယ် ဆိုရင် A Key ကို နှိပ်ရပါတယ်။ အောက်ပုံက ကစားနည်းကတော့ သေနတ်နဲ့ ပစ်ရတာပါ။ Mouse Left Click နဲ့ ပစ်ခတ်ရပါတယ်။ (၂)မျိုးပေါင်းမှ ( 2 MB)ကျော်ပဲ ရှိပါတယ်။ ပေါ့လွန်းပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

မြန်မာဖောင့် (Win font)


Gtalk Chat ထဲက တောင်းဆိုခဲ့သော ညီလေး ပြည့်ဖြိုးရေ။ မြန်မာဖောင့်တွေဖြစ်တဲ့ Win Font တွေကို ဖော်ပြပေး လိုက်ပါတယ်။ ငါညီလို လိုအပ်သူများ ရှိရင်လဲ အသုံးပြု၍ ရအောင် ဘလော့ကတဆင့် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

နှင်းဖွဲနေတုန်း မင်းရဲ့ခေါ်သံများလား


ဆောင်းရာသီဆိုတော့ နေရာတိုင်းမှာ နှင်းတွေ ဝေနေမှာပေါ့။ နှင်းပွင့်လေးများကြောင့် မိမိအာရုံမှာ ဝေလင့်နေခဲ့တယ်။ မိမိအိမ်ခေါင်မိုးမှာလဲ နှင်းများ ဖုံးလွှမ်းနေတယ်။ ခြံထဲကြည့်တော့လဲ သစ်ပင်ရဲ့ စိမ်းစိုမှုကို ဖုံးလွှမ်းထားပြီး နှင်းပွင့်များက အနိုင်ယူထားတယ်။ နေရာတိုင်းကို လွှမ်းမိုးရုံမကဘူး မိမိရဲ့ ကွန်ပျူတာ Desktop ပေါ်တောင် နှင်းတွေ ဖုံးလာနေပြီ။ မိမိရဲ ကွန်ပျူတာ Screen ကို Refresh နဲ့ သုတ်လိုက်မိတယ်။ နှင်းများကြောင့် စာလုံးများတောင် သဲသဲကွဲကွဲ မမြင်တွေ့ရတော့ဘူး။ ဟီး .... ။ မှားကုန်ပြီး။ ဆော့ဝဲလ်ဖော်ပြရာကနေ။ ဟုတ်ပါတယ်။ မိမိကွန်ပျူတာ Desktop ပေါ်မှာ ဘာမှ မမြင်ရတဲ့အထိ နှင်းတွေနဲ့ ဖုံးလွှမ်းချင်တယ်ဆိုရင် ဒီဆော့ဝဲလ်လေးကို ဖွင့်လိုက်ရုံပါ။ ထွေထွေထူးထူး Install လုပ်စရာ မလိုပါဘူး။ ပျော်ရွှင်ပါစေ။

မောင်စေတနာ

သချာင်္ပုစ္ဆာ အဖြေရှာပါ


ခက်ခဲတဲ့ သချာင်္ပုစ္ဆာများကို ဖြေရှင်းပေးနိုင်သော ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ သချာင်္ပညာကို သင်ယူ နေသူများ၊ စိတ်ဝင်စားသူများ အတွက် ဖြစ်ပါတယ်။ သုံးနည်းကို သေချာမသိပါဘူး။ အကြောင်းကတော့ မိမိက သချာင်္ကို စိတ်မ၀င်စားသလို၊ လေ့လာနေခြင်းလဲ မရှိလို့ သေသေချာချာ မရှင်းပြနိုင်ခြင်း ဖြစ်ပါတယ်။ ဒါလေး တစ်ခုတော့ နားလည်ပေးလိမ့် မယ်ဟု ထင်ပါတယ်။ သချာင်္သမားများ လိုလေမလားဟု အတွေးကြောင့် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ