Monday, October 26, 2009

ချစ်ခွင့်

ဟာ ....

ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ အတန်ငယ် မင်သက်နေမိသည်။ ဒီမြင်ကွင်းကို မမျှော်လင့်ထားသည့်အတွက် အချိန်တော်တော်ကြာ ကျောက်ရုပ်တစ်ရုပ်လို မင်သက်နေမိသည်။

သူမဘေးတွင် ယောကျာင်္းလေး တစ်ယောက်။ သူမ စကားလာပြောသည့်တိုင် မိမိနှုတ်က စကားလုံးတစ်လုံး ထွက်ဖို့ တော်တော် ကြိုးစားရသည်။ ပြိုလဲကျချင်နေသော ခန္ဓာကိုယ်ကို ထိန်းမတ်၍ အတတ်နိုင်ဆုံး စကားပြန်ပြော ဖြစ်သည်။ အသံက ထွက်မလာ။ မျက်ရည်က ကျချင်လို့ မျက်ရည်က ၀ိုင်းနေပြီ။

သူငယ်ချင်းတွေနဲ့ လာတာလေ .. ။ သူမ က ပြောရှာသည်။ သူမအပေါ် မိမိ၏ ယုံကြည်မှုက အကြွင်းမဲ့ပါ။ ယခု ဖြစ်နေတာက မိမိ၏ သူမပေါ် ထားတဲ့ ချစ်စိတ်။ ယောကျာင်္းလေး တစ်ယောက်နားမှာပင် မရှိစေချင်တော့သော မိမိ၏ စိတ်။

ညက တော်တော်နှင့် မကုန်။ ရှည်လျားလိုက်တာ။ ကုတင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နှင့် အိပ်မပျော်။ မိမိမြင်တွေ့ခဲ့သော မြင်ကွင်းကို မျက်လုံးထဲက မထွက်။ ငုတ်တုတ် ထထိုင်လိုက်။ ပြန်လှဲလိုက်ဖြင့် မိုးလင်းခဲ့ပြီ။

တစ်နံနက်ခင်းလုံး အလုပ်လုပ်လို့ မရ။ မြင်တွေ့ခဲ့သော မြင်ကွင်းကို ကြိုးစား၍ ဖျောက်ပစ်သည်။ မရ။ အရှင်ဘုရား တပည့်တော်ကို ဒီမြင်ကွင်းမျိုးကို တွေ့အောင် ဘာလို့ ဖန်တီးပေးရတာလဲ .. တွေးရင်းနှင့် မျက်ရည် ကျမိသည်။ မိမိကိုယ် မိမိ ဒေါသဖြစ်မိသည်။ ငါ ယောကျာင်္းဖြစ်ရဲ့နဲ့ မျက်ရည်ကျစရာ။ ပြစ်တင်မိသည်။

သူမ အသံကြားရင်တော့ နဲနဲတော့ ခံနိုင်ရည် ရှိမှာပဲဟု တွေး၍ ဖုန်းဆက်လိုက်သည်။ သူမနှင့် ပြောနေရင်းပင် ၀မ်းနည်းလာသည်။ မျက်ရည်က ၀ိုင်းလာ၏။ မျက်ရည်ကျလာပြီ။ သူမ သိ၍ မဖြစ်။ ဖုန်းကို ချလိုက်မိသည်။ မျက်ရည်ကျရင်းနှင့်ပင် နှလုံးက အောင့်လာသည်။ အောင့်နေသော ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။ တော်တော် အောင့်နေသည်။ သူမကို စချစ်ကတည်းက ဖြစ်နေသော နှလုံးအောင့်ခြင်းပါ။ နှလုံးရောဂါတော့ မရနိုင်သေးဘူး ထင်ပါ၏။ မိမိကိုယ် မိမိ ပိုသိလာသည်။ သူမကို အသည်းနင့်အောင် ချစ်နေသည်ကို .......


မောင်စေတနာ

2 ယောက်က ဒီလိုမြင်တယ်:

မောင်ဘကြိုင် said...

ကျွန်တော်လဲဖတ်ပြီးကိုယ်ချင်းစားမိတယ်
ကျွန်တော့်ရင်ဘတ်ကြီးလဲအောင့်သွားတယ်ဗျာ
တကယ်ကိုယ်ချင်းစာမိပါတယ်အစ်ကို
ချစ်လွန်းတော့လဲဗျာ

kokoseinygn said...

“ကိုယ်ကချစ်ရင်ပင်ပန်းတယ်”
ဆိုတဲ.စကားလေးတစ်ခုရှိတယ်
တကယ်ချစ်ရင်ခံစားမှုတွေက တားမရဘူး