Friday, October 9, 2009

ဆု

ဒီနေ့ မွေးနေ့မှာ
မိတ်ဆွေအားလုံး
ပျော်နေရဲ့လား
နှုတ်ဆက်ကြတယ်။

သက်ကျော်ရာကျော်
ရှည်ပါစေလို့
ဆုမွန်ကောင်းတွေ
ပေးကြတယ်လေ။

ကျန်းမာချမ်းသာ
ပျော်ရွှင်စေလို့
ဝိုင်းဝန်းဆုများ
ပေးကြတယ်လေ။

ဆုမွန်ကောင်းတွေ
ဘယ်လိုပေးပေး
လိုချင်တာက
တစ်ခုတည်းလေ။

ချစ်ပါတယ်ရှင့်
ချီးမြှင့်ဆုလေး
မင်းဆီမှာသာ ရှိလို့နေပြီး
မင်းပေးမှသာ ရမယ့်ဆုမို့
ဒီနေ့ချိန်ခါ ရက်မြတ်မှာပါ့
အပြင်းပြဆုံး ဆန္ဒဖြင့်
လိုချင်ပါ၏။


မောင်စေတနာ

2 ယောက်က ဒီလိုမြင်တယ်:

thiha said...

ချစ်သူလေးကတော့မသိဖူးအစ်ကို
ရင်ဘတ်ကြီးကတော့ဦးဦးဖျားဖျား
ခံစားသွားတယ်
မွေးနေ့မှာပျော်ရွင်ပါစေဗျာ
း)

Waing said...

Happy Birthday to u~~~