Thursday, April 2, 2009

စွန့်လွှတ်အချစ်

ချစ်ပါတယ်ဆိုတဲ့စကား
ပြောချင်ပေမယ့်
နှုတ်က ဆွံ့အနေတယ်။

တွေ့ရင် မပြောမိအောင်
ထိန်းချုပ်ရတာ
နှလုံးသားမှာ မောပန်းနေတယ်။

ငါ့အချစ်က ချိန်ကိုက်ဗုံးလို
တစ်ချိန်မှာ ပေါက်ကွဲမှာကို
ကြောက်ရွံ့နေမိတယ်။

မင်းအချစ်ကို ရဖို့ထက်
စွန့်လွှတ်ဖို့သာ
ကြိုးစားနေမိတော့
ပိုင်ဆိုင်ဖို့ဆိုတာ ဝေးနေတယ်။

မောင်စေတနာ

1 ယောက်က ဒီလိုမြင်တယ်:

Co2zenith said...

ဆရာ ...

စွန့် မယ် ဆိုတာကြည့် ပဲ၊၊
ကျွန်တော် သာကောင်မလေးဆို ရင် ဆရာတော့ မလွယ် ဘူးနော်၊၊
ဆရာ ရယ် စေတနာ အကျိုးပေးမှာ ပါဗျာ၊၊
မေတ္တာ ရောင်ပြန်ဟတ်တရ် လို့ ကြာဘူးတာပဲ၊၊
ဆရာ ဘာမှဖွင့် မပြောလို့ ကတော့ ဆရာ့ မဟေသီက
US ကမဟုတ်ရင် ဆရာ့ကို ကားတင်ပြေးမှာတော့ မဟုတ် ဘူးနော်၊၊
ဆရာ ရယ် သတ္တိလေးမွေးပြီး ကြိုးစားကြည့်ပါ့လား ဗျာ၊၊