Tuesday, March 3, 2009

ငါ့အဖြစ်


မင်းပစ်ပယ်ထားခဲ့တဲ့ ငါ့အဖြစ်က
ကမ်းခြေမှာ ရပ်ကျန်နေတဲ့
ကလေးငယ်တစ်ယောက်လိုပဲ။

မင်းဥပက္ခာပြုခဲ့တဲ့ ငါ့အဖြစ်က
လေထဲမှာ ကြိုးပျက်သွားတဲ့
စွန်ငယ်လေးတစ်ခုလိုပဲ။

မင်းနင်းခြေခဲ့တဲ့ ငါ့အဖြစ်က
သစ်ပင်ထက်က ကြွေကျသွားတဲ့
သစ်သီးအိုလေးတစ်ခုလိုပဲ။

မင်းအချစ်မရခဲ့တဲ့ ငါ့အဖြစ်က
နေဆယ်စင်းအနား ရောက်နေတဲ့
လမင်းငယ်တစ်ခုလိုပဲ။

ငါ့အတွက်က ခုဘာပဲဖြစ်ဖြစ်
ရေးကြီးခွင်ကျယ် ပြဿနာမမည်
မင်းမမုန်းရေးသာ မျှော်လင့်မိတာ
ငါ့အဖြစ်ပါ။


မောင်စေတနာ

1 ယောက်က ဒီလိုမြင်တယ်:

Anonymous said...

ထပ်တူထပ်မျှ ...ခံစားရပါတယ်