31.12.08

Happy New Year





29.12.08

၂၀၀၇ ခုနှစ် စာပေဆုပေးပွဲ

ဒီကနေ့ ၂၈-၁၂-၂၀၀၈ ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်မှာ ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် ဆုပေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေး ခန်းမကြီးတွင် ပြုလုပ်ခဲ့ပါသည်။

အမျိုးသားစာပေတစ်သက်တာဆု

ဆင်ဖြူကျွန်းအောင်သိန်း (အမည်ရင်း-ဦးကြည်အေး)

အမျိုးသားစာပေဆု

၁) ၀တ္တုရှည်ဆု
``တိမ်ယံအိပ်မက် မိုးထက်နရီ´´
ရေးသူ- ဆူးငှက် (အမည်ရင်း-ဦးကျော်ဆန်း)

၂) ၀တ္တုတိုဆု
``အိမ်ကလေး ၁၆ လုံး´´
ရေးသူ - နေ၀င်းမြင့် (အမည်ရင်း-ဦးဝင်းမြင့်)
၃) ကဗျာပေါင်းချုပ်ဆု
``အမေ့အလှ ပန်းအလှ´´
ရေးသူ-သန်းအောင်(အညာမြေ)
၎) စာပဒေသာဆု
``ဘွားဦးဇွန်း´´
ရေးသူ - တက္ကသိုလ်စိန်တင် (အမည်ရင်း - ဦးစိန်တင်)
၅) မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု
``နံရံပန်းချီမှ ပြောသောပုဂံခေတ်ပုံရိပ်များ´´
ရေးသူ - စန္ဒာခင် (အမည်ရင်း-ဒေါ်စန္ဒာခင်)
၆) ကလေးစာပေဆု
`` မင်္ဂလာနံနက်ခင်း ကလေးကဗျာများ´´
ရေးသူ - မောင်မြင့်ထွန်း (အမည်ရင်း-ဦးမြင့်ထွန်း)
၇) လူငယ်စာပေဆု
``ကြိုးကြာတောင်ပံခတ်သံ´´
ရေးသူ - လင်္ကာရည်ကျော် (အမည်ရင်း-ဒေါက်တာရဲမြင့်ကျော်)
၈) ဘာသာပြန်(သုတ)စာပေဆု
``လူ့ယဉ်ကျေးသမိုင်း အရှေ့တိုင်းက ရသောအမွေ´´
ဘာသာပြန်သူ - လှိုင်သင်း (အမည်ရင်း-ဗိုလ်မှူးချုပ်ဝင်းမြင့်)
၉) ဘာသာပြန်(ရသ)စာပေဆု
``အနက်ရောင်အိပ်မက် စိမ်းမြမေတ္တာ´´
ဘာသာပြန်သူ - တင်မောင်မြင့် (အမည်ရင်း - ဦးတင်မောင်မြင့်)
၁၀) သုတပဒေသာ(၀ိဇ္ဇာ)ဆု
``ရတနာဂီရိ နိဒါန်း´´
ရေးသူ- မောင်သန်းဆွေ (ထားဝယ်) (အမည်ရင်း-ဦးသန်းဆွေ)
၁၁) သုတပဒေသာ(အသုံးချသိပ္ပံ)ဆု
``ကျေးလက်စီးပွားပြည်သူ့အား´´
ရေးသူ - ဒေါက်တာချစ် (အမည်ရင်း- ဒေါက်တာချစ်)


စာပေဗိမာန်စာမူဆု

က) ၀တ္တုရှည်ဆု
(၁) ပထမဆု = မြမြစ်နဒီ ၊ ရေးသူ- သုသိဏ်
(၂) ဒုတိယဆု = ရင်မှာဖြစ်သည့်ချစ်ခြင်းတစ်သစ္စာ ၊ ရေးသူ - မင်းဗေဒါ(ပွင့်ဖြူ)
(၃) တတိယဆု = ချိုသောဘ၀ လှသောပင်လယ် ၊ ရေးသူ - မြေလတ်မင်းလွင်

ခ) ၀တ္တုတိုပေါင်းချုပ်
(၁) ပထမဆု = ပင်လယ်ခေါ်သံနှင့် အခြားဝတ္တုတိုများ ၊ ရေးသူ - သွဲ့ထားညို(သက္ကလ)
(၂) ဒုတိယဆု = အမေနှင့်နေခဲ့ရသည့် နေ့ရက်များ ၊ ရေးသူ - ခင်လပြည့်ဝန်း
(၃) တတိယဆု = ပင်လယ်ထက်က ရေချိုတစ်စက်နှင့် အခြားဝတ္တုတိုများ ၊ ရေးသူ - မြတ်နိုးအိမ်(ဇွဲကပင်)

ဂ) ကဗျာပေါင်းချုပ်
(၁) ပထမဆု = တံလျှပ်နယ်မှ တဒင်္ဂများစွာ ၊ ရေးသူ-အေးကြည်စိန်
(၂) ဒုတိယဆု = စုန်ရေဆန်ရေ စိမ့်စမ်းရေနှင့် အခြားကဗျာများ ၊ ရေးသူ - ကျော်ဇေယျာလှိုင် (စီးပွားရေးတက္ကသိုလ်)
(၃) တတိယဆု = အမေနေတဲ့ ရွာကလေးနှင့် အခြားကဗျာများ ၊ ရေးသူ - မောင်နီမှိုင်း (ကျောက်တန်း)


(ဃ) သုတပဒေသာ(၀ိဇ္ဇာပညာရပ်)
(၁) ပထမဆု = အောင်ဘာလေထီသမိုင်း ၊ ရေးသူ-ထင်လင်းကျော်
(၂) ဒုတိယဆု = ယောဓလေ့ ၊ ရေးသူ - စောကြူမောင် (ယောမြေ)
(၃) တတိယဆု = မြန်မာ့သမိုင်းဝင်ခံတပ်များနှင့် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၊ ရေးသူ - မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)


(င) သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ)
(၁) ပထမဆု = ပို့စ်ဟာဗက်-ဆွတ်ခူးပြီးနောက်ပိုင်းဝယ် ၊ ရေးသူ - အောင်စိုး (စိုက်ပျိုး ၁၀၇)
(၂) ဒုတိယဆု = သိကောင်းစရာ e-Commerce ၊ ရေးသူ - မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
(၃) တတိယဆု = မွေးမြူရေးခြံများကို ခြိမ်းခြောက်နေသော သက်ရှိသက်မဲ့နှင့် သဘာဝ ဘေးအန္တရာယ်များ ၊ ရေးသူ - ဂိုးလှမောင် (မြို့မ)

(စ) စာပဒေသာ
(၁) ပထမဆု = ဟေ၀န်ဟေမာသတ္တ၀ါတို့၏ နိမိတ်ပုံလွှာ ၊ ရေးသူ - အောင်စိုး (တိရစ္ဆာန်ဆေးကုဆရာဝန်)
(၂) ဒုတိယဆု = တစ်ခေတ်တစ်ချိန်က ချင်းရိုးမဆီရောက်ခဲ့စဉ်က ၊ ရေးသူ- သောင်းညွန့်သစ်
(၃) တတိယဆု = ကွယ်လွန်ထင်ရှား ဆရာ(၁၀၀)၏ အားမာန်များ ၊ ရေးသူ - အောင်မင်းမြင့်

(ဆ) မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ
(၁) ပထမဆု = မြန်မာ့သဘင်မှုအနုပညာနှင့်အသုံးတွင်စကားများ ၊ ရေးသူ - မအေးချမ်း (မြန်မာစာ)
(၂) ဒုတိယဆု = မြန်မာ့ဆိုင်း ၊ ရေးသူ- သိန်းသန်းဝင်း (မလှိုင်)
(၃) တတိယဆု= သုတေသနခရီးသွားဇေယျာပူရမှတ်တမ်းများ ၊ ရေးသူ - အောင်ငြိမ်းချမ်း (မန်းတက္ကသိုလ်)

(ဇ) ကလေးစာပေဆု
(၁) ပထမဆု = ဦးဦးလက်ဆောင် ကလေးကဗျာများ ၊ ရေးသူ-လူမွန်(ပခုက္ကူ)
(၂) ဒုတိယဆု = မင်္ဂလာ ချိုတေးသံကဗျာများ ၊ ရေးသူ- တက္ကသိုလ်တောသား
(၃) တတိယဆု = ယဉ်ကျေးလိမ္မာအနာဂတ်ရတနာနှင့် အခြားဝတ္တုတိုများ ၊ ရေးသူ - မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)

(ဈ) လူငယ်စာပေ
(၁) ပထမဆု = အောင်မြေစွန်း ရွှန်းသစ်စအလှနေခြည် ၊ ရေးသူ - မောင်ကြည်သန့်
(၂) ဒုတိယဆု = မြန်မာကမွေး မြန်မာသွေး စွေးစွေးနီ ၊ ရေးသူ - မောင်စိုးထိုက် (သုံးဆယ်)
(၃) တတိယဆု = အညတရ ဘ၀ရေဆန် ၊ ရေးသူ - အောင်ကျော်ဆန်း

(ည) ပြဇာတ်စာပေ
(၁) ဒုတိယဆု = ရင်ခွင်နွေး ၊ ရေးသူ - ဇင်မင်း(သမိန်ထော)
(၂) တတိယဆု = ပိုး ၊ ရေးသူ - မောင်ဆန္ဒ(လယ်ဝေး)

(ဋ) ဘာသာပြန်
(၁) ပထမဆု = အသိဥာဏ်ပစ္စည်းနှင့် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ချက်များ၊ ရိုးရာဓလေ့များ ၊ ဘာသာပြန်သူ - ဦးအောင်စိုးဦး


မောင်စေတနာ

28.12.08

အမျိုးသားစာပေဆုပေးပွဲ

ဒီကနေ့ ၂၈-၁၂-၂၀၀၈ ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်မှာ အမျိုးသား စာပေဆု ပေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေးခန်းမကြီးတွင် ပြုလုပ်ရန် ရှိကြောင်း သတင်းရရှိပါသည်။ မည်သည့် စာရေးဆရာများ ဆုရရှိသည်ကို အခမ်းအနားအပြီးတွင် ရေးသားဖော်ပြပါမည်။ မိမိတို့ နှစ်သက်သည့် စာရေးဆရာများ ဆုရရှိရေးကို ဆုတောင်းမျှော်လင့် နိုင်ပါရန် သတင်းပေး ရေးသားလိုက်ပါသည်။


မောင်စေတနာ

27.12.08

Tank Car နဲ့ စစ်တိုက်မယ်


ဂိမ်းတွေ စပေါ်တော့ နီပန်ဒိုဂိမ်းစက်တွေ ဖြစ်ပါတယ်။ နီပန်ဒိုဂိမ်းစက်မှာ ကစားနည်းတွေက မှိုကစားနည်း၊ မိမိစခန်းကို စောင့်ရှောက်တဲ့ တင့်ကား ကစားနည်း၊ အတုံးဆက်နည်း ... စသဖြင့် ဆော့ကစားခဲ့ကြရမှာပါ။ အဲဒီတုန်းက ကလေးတိုင်း ဆော့ကစားဖူးတဲ့ တင့်ကားဂိမ်းလေးကို ကွန်ပျူတာနဲ့ ဆော့လို့ရအောင် ပြုလုပ်ထားပါတယ်။ မိမိစကားကို အုတ်တွေနဲ့ ကာထားမယ်။ ဘယ်ညာကနေ ရန်သူတင့်ကားတွေ ထွက်လာမယ်။ မိမိက စခန်းချုပ်ကို စောင့်ရှောက်ပြီး ရန်သူတင့်ကားတွေကို တိုက်ခိုက်မယ်။ အဲဒီ ကစားနည်းလေးပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

Nero Burning ဆော့ဝဲလ်


Gtalk မှာ တောင်းဆိုချက်အရ Nero Burning ဆော့ဝဲလ်ကို တင်ပေးလိုက်ပါတယ်။ Serial No ဖိုင်ပါ တွဲ၍ ထည့်ပေးထားပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

Command Key စာအုပ်ဖြန့်ဝေခြင်း


ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

26.12.08

PDF Password ဖော်ထုတ်မယ်



PDF Password ပေးထားပြီး မေ့သွားတာများ၊ သူများဆီက ရပြီး Password မသိတာများအတွက် အသုံးပြုနိုင်ပါပြီ။ မိမိ Password ပေးထားသည့် ဖိုင်ကို Open ပြီး Start ကို နှိပ်ပါက ပေးထားသော Password ကို ကောင်းကောင်း ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Download ယူနိုင်ပါတယ်။

မောင်စေတနာ

25.12.08

အသုံးဝင်သော TeamViewer

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ ဆက်သွယ်ရေးလို့ခေါ်တဲ့ Communication ကို အရမ်းကို အလေးထား ကြပါတယ်။ အလေးထားတဲ့ အတိုင်းလဲ လုပ်ဆောင်လာကြတာ အင်တာနက် ဆိုသောအရာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ တီထွင်တဲ့ နည်းပညာများဟာလဲ Communication ကိုသာ ဦးစားပေး နေပါတယ်။

ကိုရီးယားနိုင်ငံမှာဆိုရင် ရုံးကနေ အိမ်မှာရှိတဲ့ ပန်းပင်တွေကို ရေလောင်းနေပါပြီ။ ဒီလောက်ထိ တိုးတက်နေတဲ့ ခေတ်ကြီးထဲကို အမှီလိုက်နိုင်ဖို့ တော်တော်ကို ခက်ခဲနေပါပြီ။ တစ်နေရာ ရောက်နေလို့ လုပ်လို့မရဘူးဆိုတဲ့ ဆင်ခြေပေးလို့ မရတော့ပါဘူး။

တစ်နေ့က သူငယ်ချင်း တစ်ယောက်ရဲ့ စက်ကို Team Viewer ဆော့ဝဲလ်ကို သုံးပြီး Remote Desktop နဲ့ System ပိုင်းဆိုင်ရာတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ ကွန်ယက်နဲ့ စက်ပြင်ခဲ့ခြင်းပါ။ Team Viewer ဆော့ဝဲလ်လေးက အလွယ်ဆုံး သုံးနိုင်ပါတယ်။ ဖိုင်တွေ Transfer လုပ်တဲ့နေရာမှာ အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်လှပါတယ်။ တစ်ဖက်စက်ရဲ့ Desktop ကို မြင်နိုင်ကြည့်နိုင်ပါတယ်။

ဘာမှ မသုံးရင်တောင် File Transfer သုံးတဲ့နေရာမှာ မြန်ဆန်တဲ့အတွက် သုံးသင့်ပါတယ်။ ရပ်ဝေး တစ်နေရာမှ တစ်နေရာကို ဆက်သွယ် အလုပ်လုပ်တဲ့ သူများအတွက် သိပ်ကိုကောင်းမွန်တဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။ သုံးနည်းလေးကတော့

၁) မိမိကွန်ပျူတာ၊ မိမိနှင့် ဆက်သွယ်ချင်သည့် ကွန်ပျူတာတို့တွင် TeamViewer ကို Install လုပ်ပါ။
၂) အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။



၃) ဘယ်ဘက်တွင် ပေါ်နေသော ID နဲ့ Password သည် မိမိ စက်အတွက် ဖြစ်ပါတယ်။
၎) ညာဘက် အကွက်လွတ်တွင် မိမိဆက်သွယ်မည့် စက်၏ ID ကို ရိုက်ထည့်ရမည် ဖြစ်သည်။

စက်နှစ်လုံး install လုပ်ပြီးပါက တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ရန် ID နှင့် Password များကို ပြောပြရမှာ ဖြစ်ပါတယ်။ တစ်ယောက် ID နဲ့ Password တွေ ရပြီးဆိုရင် ဆက်သွယ်နိုင်ပါပြီ။

(မှတ်ချက်။ Password သည် တစ်ခါ ဖွင့်သုံးတိုင်း ပြောင်းနေတတ်ပါတယ်။ မိမိ Password က အမြဲတမ်း တစ်မျိုးတည်း ဖြစ်ချင်ပါက Extras မှ Options ရှိ Startup တွင် သွားရောက် ပေးထားနိုင်ပါတယ်။)


မောင်စေတနာ

Merry Christmas



Merry Christmas !!!!!

21.12.08

အချစ်ဗေဒင်

ကမ္ဘာပေါ်မှာ လူတိုင်း စကားလေး တစ်ခွန်းကို ပြောဖူးကြတယ်။ အဲဒါဟာ ချစ်တယ်တဲ့။ သီချင်းစာသားပါ။ ဟုတ်ပါတယ်။ လူတိုင်း အချစ်နဲ့ မကင်းပါဘူး။ မိန်းကလေးတိုင်းလဲ ဗေဒင်နဲ့ မကင်းပါဘူး။ ဗေဒင်ထဲမှာမှ အချစ်ဗေဒင်ဆိုရင် ပိုစိတ်ဝင်စားကြပါတယ်။ အခု မေးချင်ရာ မေးဖို့ အချစ်ဗေဒင်ဆော့ဝဲလ်လေ ဖော်ပြပေးလိုက်ပါတယ်။

မိမိကွန်ပျူတာမှာ အင်စတောလုပ်ပြီး မေးမြန်းနိုင်ပါပြီ။ မိမိက ဘယ်လိုယောကျာင်္းမျိုးနဲ့ ရမှာလဲ။ ဘယ်လိုမိန်းမမျိုးနဲ့ အိုကေမလဲ။ ဘယ်တော့ နီးစပ်မလဲ ... စသဖြင့် မေးမြန်းနိုင်ပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ အားလုံး ပျှော်ရွှင်ချမ်းမြေ့ကြပါစေ။

မောင်စေတနာ

Photoshop လေ့လာခြင်း


ပုံတွေကို ပြုပြင်ချင်သူများ၊ Animation လုပ်ချင်သူများ၊ Photoshop ကို အခြေခံတောင် မသိလို့ သိချင်သူများ၊ လေ့လာသင့်ပါတယ်။ ဒီဝက်ဆိုက်မှာ အောက်ပါသင်ခန်းစာများကို လေ့လာနိုင်ပါတယ်။

1) Basic Concept

2) Applied

3) Special Effect

4) Text Effect

5) Animation

သင်ခန်းစာတိုင်းက ရှင်းလင်းစွာ ရေးသားထားပါတယ်။ နမူနာ ပုံများဖြင့် ရှင်းလင်းချက်က လေ့လာသူကို ကြိုက်နှစ် သက်စေမှာပါ။ သင်ခန်းစာ ရေးသားကြသည့် ဆရာတွေနဲ့ ဆက်သွယ်ချင်ရင်တော့

၁) ဟန်သစ်ငြိမ်, hanthitnyeim@gmail.com, www.hanthitnyeim.net
၂) သန်းနိုင်ဝင်း
၃) မျိုးဟိန်းဇော်, myohein@gmail.com, www.myoheinzaw.uni.cc
၎) ကျော်ဇင်ဦး , kzo135@gmail.com

ဆရာတွေက စေတနာအရင်းခံထားပြီး ရေးသားထားပါတယ်။ ဒီဆရာတွေကို ကူညီပံ့ပိုးတာကတော့

၁) Acad Training Centre
၂) Thein Tar Soe


ကဲ ... အပြောကို လျှော့ပြီး သင်ခန်းစာများကို လေ့လာမှတ်သားကြရအောင်။ ဂရပ်ဖစ်ဒီဇိုင်းနာများ ဖြစ်ကြစေသော် ....


မောင်စေတနာ

20.12.08

VCD သီချင်းများ ဒေါင်းလုပ်ယူမယ်



မြန်မာ ခေတ်ပေါ် ဗီစီဒီသီချင်းတွေကို အလွယ်တကူ ဒေါင်းလုပ် ယူနိုင်ပါတယ်။ နောက်ဆုံးထွက် အခွေများလည်း ရှိပါတယ်။ ဖော်ပြထားမှုမှာ များပြားစွာ မရှိပါ။ သို့ပေမယ့် မိမိတို့ စိတ်ကြိုက်တွေ့ပါက ဒေါင်းလုပ်ယူနိုင်ရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ MP3 သီချင်းများပါ ရနိုင်ပါတယ်။ MP3 သီချင်းများထဲတွင် ရှားပါးလှတဲ့ ၀င်းဦးသီချင်းများပါ ဖော်ပြပေးထားပါတယ်။ စိတ်ဝင်စားသူများ သွားရောက် ယူနိုင်ပါတယ်။


မောင်စေတနာ

Desktop ကို Log ချမယ်

ကွန်ပျူတာ သုံးနေစဉ် ဖုန်းလာရင်ပဲ ဖြစ်ဖြစ်၊ အပြင်ခဏ သွားချင်ရင်ပဲ ဖြစ်ဖြစ် မိမိစက်ကို တစ်ခြားသူများ မသုံးရလေအောင် Desktop ကို Log ချခဲ့လို့ ရပါတယ်။ အလွယ်ကူဆုံး နည်းဖြစ်တဲ့ Window Log ချချင်ရင်တော့ Software မသုံးပဲ လုပ်နိုင်ပါတယ်။ ကွန်ပျူတာကို Password ပေးထား။ Window Key + L Key ကို နှိပ်။ ပြန်ဖွင့်ချင်ရင် Password ပြန်ရိုက်ထည့်။ အိုကေပေါ့။

အခုဖော်ပြမှာကတော့ Software သုံးတဲ့ နည်းပါ။ အဆင့်နည်းနည်း မြင့်အောင် သုံးချင်သူများ အတွက်ပါ။ Desktop မြင်ကွင်းကို မြင်နေရပြီး ဘာမှ သုံးလို့မရအောင် Log ချခဲ့လို့ ရပါတယ်။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

19.12.08

အသုံးဝင်သော Video Converter

ဗီဒီယို ပြောင်းလဲချင်သူများ အဆင်ပြေစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်စတော လုပ်ပြီး သုံးစွဲကြည့်ပါ။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ အသုံးဝင် ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

18.12.08

လွမ်းမိတယ်

ဆောင်းညရဲ့ အေးမြမှုက ရင်ထဲထိ စိမ့်ဝင်လာသည်။ ဆောင်းလေက မိမိ ပါးပြင်ကို ထိခတ်လာသည်။ ကျောက်ခုံမှာ တစ်ယောက်ထဲ ထိုင်နေရင်း ဟိုတွေးဒီတွေး တွေးနေမိသည်။ ဒီလိုဆောင်းညမျိုးမှာ မိမိဘေးနားမှာ သူမသာ ရှိနေလျှင် ပျော်ရွှင်မိမှာ သေချာသည်။ အတူတူ ရှိနေသည့် အချိန်တွင် သူမ အေးနေပါက သူမ နွေးထွေးသွားအောင် ပွေ့ဖက်ထားချင်သည်။

အမှန်တော့ မိမိ၏ ဆန္ဒက သူမကို နွေးထွေးမှု တစ်ခုထဲသာ ပေးချင်သည် မဟုတ်ပါ။ ရေဆာနေလျှင် ရေရှာပေးမည်။ လမ်းလျှောက်၍ ညောင်းက ကုန်းပိုးခေါ်မည်။ စိတ်ညစ်နေပါက ပျော်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ မကျန်းမာလျှင် ပြုစုစောင့်ရှောက် ချင်သည်။ သူမ အားငယ်နေလျှင် နှစ်သိမ့်ပေးမည်။ သူမ ငိုနေလျှင် ရယ်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ လိုအပ်သည့် အချိန်တိုင်း အရာတိုင်း ဖြည့်ဆည်းပေးနေချင်တာပါ။

အင်း ... အတွေးများစွာနဲ့ သက်ပြင်းရှည်ကြီး ချရပြန်သည်။ ဒီညမျိုးမှာ မိမိ ထိုင်နေကျ ကျောက်ခုံလေးမှာ သူမနဲ့ အတူထိုင်ပြီး စကားများစွာ ပြောချင်သည်။ သူမ မျက်နှာကို စေ့စေ့ကြည့်ပြီး ချစ်လိုက်ရတာ ချစ်သူရယ် လို့ ပြောချင်မိသည်။ ဆောင်းရာသီအအေးဒဏ်ကို အံတုပြီး လွမ်းတယ်ဗျို့ ဟုသာ အော်လိုက် မိတော့သည်။

မောင်စေတနာ

14.12.08

ပုံများကို ပြုပြင်မယ်

ဓါတ်ပုံတွေကို မှုန်ဝါးအောင် လုပ်ခြင်း၊ လေးကွက်စိတ်လုပ်ခြင်း၊ ခဲခြစ်ရာ ပန်းချီပုံစံမျိုး ပြုလုပ်ခြင်း စသဖြင့် ပြုလုပ်နိုင်တဲ့ ဆော့ဝဲလ် ဖြစ်ပါ တယ်။


အပေါ်ပုံကို နမူနာကြည့်နိုင်ပါတယ်။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။ အဆင်ပြေကြပါစေ။

မောင်စေတနာ

13.12.08

ဆောင်းညရဲ့ တစ်ညတာ

ဆောင်းညလေး တစ်ညမှာ သူမနဲ့ အတူတူ အိမ်ပြန်လမ်းကို လိုက်ပါမိတယ်။ ဆောင်းညရဲ့ အအေးဒဏ်က သိသာ ဆိုးရွားစွာ အေးမြနေတယ်။ သူမကို ကြည့်လိုက်တော့ ဆွယ်တာပါးလေးသာ ၀တ်ဆင်ထားတယ်။ မိမိ အနွေးထည်က ထူပြီးနွေးနေတယ်။ သူမ မျက်နှာကို ကြည့်လိုက်မိတယ်။ ဆောင်းညရဲ့ အအေးဒဏ်ကို ခံနေရသော မျက်နှာဝိုင်းလေးကို မြင်နေရတယ်။

နွေးထွေးသွားအောင် သူမ လက်ကလေးကို ကိုင်ထားပေးချင်ပေမယ့် မဖြစ်နိုင်။ ဒါနဲ့ မိမိရဲ့ အနွေးကို ချွတ်လိုက်မိတယ်။ သူမကို ကမ်းပေးလိုက်တယ်။ သူမက ငြင်းတယ်။ မိမိလဲ မရမက ပေးလိုက်တယ်။ နောက်ဆုံး သူမ လက်ခံခဲ့တယ်။ သူမလဲ အအေးဒဏ်ကို ခံနေရပြီလေ။ မိမိရဲ့ အနွေးထည်ကို ချွတ်လိုက်ရင်ပဲ အအေးဒဏ်က အသွေးအသားထဲ စိမ့်ခနဲ ဖြစ်သွားတယ်။

သူမကို ကြည့်မိတယ်။ အတော်အတန် နွေးထွေးသွားပုံ ရတယ်။ ၀မ်းသာမိတယ်။ မိမိရဲ့ ခန္ဓာကိုယ်က အေးနေပေမယ့် မိမိရင်ထဲမှာတော့ အပျော်များနဲ့ နွေးထွေးနေတယ်။ မိမိ ခန္ဓာကိုယ် တစ်ခုလုံးမှာ သူမကို ချစ်တဲ့ စိတ်တွေ စီးဝင် ပျံ့နှံ့နေတယ်။ သိပ်ချစ်လွန်းလို့ ရင်တွေ တစ်အားခုန်ပြီး မိမိနှလုံးသားက နွေးထွေးသွားပုံ ရတယ်။ သူမ မျက်နှာကို နောက်တစ်ကြိမ် ကြည့်မိပြီး ချစ်လိုက်တာကွာ လို့ စိတ်ထဲတွင် ရေရွတ်နေမိတယ်။

ဒီလို ဆောင်းညမျိုးမှာ သူမနဲ့သာ အတူတူ ရှိနေရင် ဆောင်းညရဲ့ အအေးဒဏ်ကြောင့် မိမိ ခန္ဓာကိုယ်ကြီး တစ်ခုလုံး အေးခဲသွားပါစေ လို့ ဆုတောင်းမိတယ်။

မောင်စေတနာ

ဖိုက်တာဂိမ်း

မိမိက တစ်ယောက်ထဲ လူဆိုးများက ဆယ်ယောက်မက ချရမယ့် ဂိမ်းလေးပါ။ ယခုဂိမ်းကို အင်စတောလုပ်စရာ မလိုပါ။ ဂိမ်းပြုလုပ်ထားပုံကလဲ ရိုးရှင်းလှပါတယ်။ စက်ထဲမှာ ပေါ့ပေါ့ပါးပါး ထည့်ထားနိုင်ပြီး အပျင်းပြေ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒေါင်းယူလိုက်ပါ။


မောင်စေတနာ

12.12.08

အမေ့ရုပ်ရည်

အမေ့ပါးပြင် သနပ်ခါးမရှိပေမယ့်
သားအပေါ်ထား မေတ္တာစွမ်းကြောင့်
ချောမောနေဆဲ။

အမေ့ခန္ဓာ ၀ဖြိုးပေမယ့်
သမီးအပေါ်ထား စေတနာစွမ်းကြောင့်
ကြည့်ကောင်းနေဆဲ။

အမေ့လက်ဖျား ကြမ်းတမ်းပေမယ့်
မြေးအပေါ်ထား စိတ်ထားစွမ်းကြောင့်
နူးအိနေဆဲ။

အမေ့ခြေဖ၀ါး ကွဲအပ်ပေမယ့်
သားသမီးပေါ်ထား သတ္တိစွမ်းကြောင့်
လျှောက်လှမ်းနေဆဲ။

အလုပ်များစွာ သားမြေးများကြောင့်
လုပ်နေရလဲ တစ်ချက်မညည်း
ပင်ပန်းကြီးလဲ လုပ်နေဆဲပါ
လုပ်လျက်ပဲမို့ အမေရုပ်ရည်
ကြမ်းတမ်းနေလဲ သားတို့တွက်တော့
ကြည့်ကောင်းပါ၏


မောင်စေတနာ

8.12.08

စက်ရှိန် မြှင့်ကြစို့

ဒီရက်ပိုင်းအတွင်း ကွန်ပျူတာ မြန်ဆန်ရေး ဆော့ဝဲလ်များသာ ရှာဖွေနေမိတယ်။ တွေ့ပါတယ်။ များပြားလိုက်တဲ့ ဆော့ဝဲလ်တွေ။ သုံးကြည့်တယ်။ ကြိုက်တယ်။ ဒါကြောင့် စာဖတ်သူများကို ပြန်လည် ဝေငှလိုက်ပါတယ်။ full Version တွေပါ။ ကျွန်တော်က သုံးရင် Full ပဲ သုံးပါတယ်။ တွေ့ထားတာ ရထားတာ များနေပါတယ်။ နည်းနည်းချင်း ဖော်ပြပေးသွားပါမယ်။ ဒါကြောင့် အားလုံးလဲ စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီမှာ ယူပေတော့။ Software Download


မောင်စေတနာ

7.12.08

အင်တာနက် ရေဒီယို




ကိုကိုတို့ မမတို့ နားထောင်အားပေးနေတဲ့ အဖြူရောင်သံစဉ်က တစ်မျိုးထူးလို့ ဆန်းသစ်ခဲ့ပါပြီ။ ကိုကိုတို့ မမတို့ အဖြူရောင်သံစဉ် ရေဒီယိုကို နားထောင်ချင်ရင် အဖြူရောင်သံစဉ် ၀က်ဆိုက်ကို ဖွင့်ပြီး နားထောင်ရပါတယ်။ အခုဆိုရင် အဖြူရောင်သံစဉ်ရဲ့ Toolbar လေးကို အင်စတောလုပ်ထားရုံနဲ့ ၀က်ဆိုက်ကို ဖွင့်စရာ မလိုပဲ နားထောင်လို့ရပါတယ်။

Internet Explorer ကို ဖွင့်စရာမလိုပဲ နားထောင်လို့ရပါတယ်။ ဥပမာ - My Computer ဖွင့်ထားရင်ပဲ နားထောင်ရပါတယ်။ My Computer -View - Toolbars မှာ apytzlover toolbar ကို ဖွင့်ထားပြီး play ခလုပ်ကို နှိပ်ပြီး နားထောင်လို့ရပါတယ်။

Internet Explorer နဲ့ နားထောင်နိုင်သလို Mozilla FireFox မှာလဲ Installing လုပ်ပြီး နားထောင်နိုင်ပါတယ်။ Internet Explorer အတွက် ဆော့ဝဲလ်ကို ဒီမှာ ဒေါင်းလုပ်ယူပြီး နားထောင်နိုင်ပါတယ်။ Mozilla Firefox အတွက် ဒီမှာ ဒေါင်းလုပ်ယူပြီး အင်စတောလုပ်နိုင်ပါတယ်။ အားလုံးအဆင်ပြေပါစေ။


မောင်စေတနာ

6.12.08

ကိုယ်တိုင် Window တင်ပါ

ကိုယ်ပိုင်ကွန်ပျူတာတွေကို Window ပြန်တင်ချင်ရင် အခုဖော်ပြမယ့် စာအုပ်ကို ဖတ်ပြီး လုပ်နိုင်ပါတယ်။ လိုအပ်တာကတော့ Window တင်တဲ့ CD ရယ်၊ မိမိစက်ရဲ့ Motherboard CD ရယ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ကြေညက်အောင် ဖတ်ပြီး Window ပြန်လည်တင်နိုင်ပါတယ်။ ကဲ ပြောနေကြာတယ်။ စာအုပ်သာ ဖတ်ကြည့်ပေတော့။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ

4.12.08

PDF Creator ဆော့ဝဲလ်

Foxit PDF Creator ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ Word ဖိုင်ပဲဖြစ်ဖြစ်၊ Excel ဖိုင်ပဲ ဖြစ်ဖြစ် PDF ပြောင်းချင်ရင် သုံးရတာ အဆင်ပြေစေမယ့် ဆော့ဝဲလ်လေးပါ။ ကျွန်တော် အရင်တုန်းက Word ဖိုင်တွေကို PDF ပြောင်းဖို့အတွက် Adobe Acrobat 6.0 Professional ကို Install လုပ်ရပါတယ်။ အဲဒီဆော့ဝဲလ်ကို အင်စတော လုပ်မှ PDF Printer ပါတာကြောင့် ဖြစ်ပါတယ်။

အခု Foxit PDF ဆော့ဝဲလ်ကို တင်လိုက်ရုံနဲ့ မိမိရဲ့ Print out မှာ ပေါ်နေမှာ ဖြစ်ပါတယ်။ မိမိ ပြောင်းချင်တဲ့ ဖိုင်ကို Printer မှာ Foxit PDF ကို ရွေးပြီး Print ပေးလိုက်ရုံနဲ့ PDF ဖိုင်တွေကို ရယူနိုင်ပါပြီ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။


မောင်စေတနာ