31.7.08
Computer တိုင်းမှာ ရှိသင့်သော ဆော့ဝဲလ်
29.7.08
တောင်ငူခရီးစဉ် အမှတ်တရများ
ဒီနှစ်သည် ကျွန်တော့်အတွက် ခရီးသွားနှစ်များလာဟုပင် တွေးမိသည်။ ခရီးသွားရန် ရည်ရွယ်ချက် မရှိဘဲနှင့် ၁၁-၇-၂၀၀၈ ရက်နေ့ညက စ၍ စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် မန္တလေးမြို့သို့ သွားရောက် လည်ပတ်ခဲ့ပြီးပြီ။ ယခု စနေ၊ တနင်္ဂနွေနေ့(၂၆-၇-၂၀၀၈/၂၇-၇-၂၀၀၈)တွင်လည်း မျှော်လင့်မထား သော တောင်ငူခရီးစဉ်ကို ရောက်ခဲ့ပါသည်။
မိမိ၏ သူငယ်ချင်းဖြစ်သူသည် ပျဉ်းမနားသို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာပြီး မိမိတွင် တည်းခိုရာမှ တောင်ငူတွင် တာဝန်ကျနေသော ဖခင်ထံ သွားချင်ကြောင်း၊ ၎င်းနှင့် အဖော်လိုက်ရန် ခေါ်သည့်အတွက် တောင်ငူခရီးစဉ်ကို လိုက်ပါခဲ့ပါသည်။
စနေနေ့ နံနက်(၁၀း၃၀)တွင် ပျဉ်းမနား ဆင်ရုပ်ကားဂိတ်မှ ဟိုင်းလတ်ကားလေးများဖြင့် တောင်ငူသို့ ခရီးထွက်ခွာခဲ့ပါသည်။ တောင်ငူသို့ ရထားဖြင့်သွားပါက နှစ်နာရီသာ ကြာမြင့်ပါသည်။ မော်တော် ကားဖြင့် သွားပါက ပိုမိုမြန်လိမ့်မည်ဟု တွေးထင်ထားသည့်အတွက် မော်တော်ကားဖြင့် သွားခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် ထင်ထားသည့်ထက် နှစ်နာရီနောက်ကျပြီးမှ တောင်ငူသို့ ရောက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အချိန်ဖြင့် အသက်မွေးသော၊ စီးပွားရှာသော အလုပ်များ လုပ်ပါက ကျိန်းသေရှုံးမည်ဟု တွေးမိသည်။ (အချိန်နဲ့ ပတ်သက်ပြီးလည်း မလုပ်ကြပါ။ သို့ကြောင့် ရှုံးစရာလည်း မရှိပါ)။ နံနက်(၁၀း၃၀)ထဲက ကားစီးခဲ့ရာ တောင်ငူသို့ ညနေ(၃း၀၀)လောက်မှ ရောက်ပါသည်။ နံနက်စာ မစားရသေးသည့်အတွက် ဗိုက်ထဲရှိ ပိုးမျိုးရှစ်ဆယ်မှာလည်း ဆန္ဒပြနေလေသည်။ တောင်ငူမြို့ကို ခြေချမိသည်နှင့် ဆိုက်ကားသမားများသည် ``အစ်ကို ဘယ်သွားမလဲ .. ဆိုက်ကား ငှားမလား .. သွားပါ အစ်ကို ´´ ဖြင့် စိတ်ပျက်စရာကောင်းလောက်အောင် တရက်စပ် ပြောဆိုလိုက်ပါလာ တော့သည်။ မိမိတို့သည်လည်း ၎င်းတို့အား မသိကျိုးကျွံပြု၍ သွားရမည့် နေရာကိုသာ အာရုံစိုက်ရှာကြတော့သည်။ မိမိနှင့် သူငယ်ချင်းသည်လည်း တောင်ငူမြို့ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပါသည်။ ၎င်းဖခင်ရှိရာ နေရာကို ဟိုမေးဒီမေးဖြင့် သွားကြရာ အလွယ်တကူပင် ရှာတွေ့ပါသည်။ ရောက်ရောက်ခြင်း ထမင်းစားကြပါသည်။ ဟင်းမှာ ကြက်ဖင်ဆီဖူးဟင်း ဖြစ်ပါသည်။ ဗိုက်ဆာဆာဖြင့် နှစ်ယောက်သား ခေါင်းမဖော်ပဲ စားသောက်ကြပါသည်။ ထို့နောက် ထမင်းလုံးစီသည့်အနေဖြင့် နားကြသည်။ သူငယ်ချင်း၏ ဖခင်က ရုံးတွင် ရှိနေသော ကွန်ပျူတာသည် စီဒီရွမ် ဖွင့်မရသည့်အတွက် ကြည့်ပေးရန် ပြောဆိုသဖြင့် မိမိတတ်သလောက် ပညာဖြင့် ကွန်ပျူတာကို ပြုပြင်ကြည့်ပါသည်။ သို့သော် ကွန်ပျူတာပြဿနာကို မည်သို့မှ ရှာ၍ မရဖြစ်ခဲ့ပါသည်။ (တတ်မှ မတတ်တာ ပြဿနာကို ဘယ်တွေ့ပါမလဲ .. ဟီး) မိမိ အဖြေရှာသည်က စီဒီရွမ်ပြဿနာဖြစ်သော်လည်း တစ်ခြားပြဿနာများသာ တွေ့ရလေသည်။ ကွန်ပျူတာ COMS ဓါတ်ခဲ အားနည်းခြင်းနှင့် အိုင်ဒီအီးကေဘယ်ကြိုးမကောင်းခြင်း တို့သာ တွေ့ရ၍ လဲသင့်ကြောင်းပြောပြီး ၀ယ်ယူတပ်ဆင်ပေးခဲ့ပါသည်။ စီဒီရွမ်ကိုတော့ မိမိမပြင်တတ်သည့်အတွက် ရန်ကုန်ရှိ KMD ကို ပို့ရန် အကြံပေးခဲ့ပါသည်။ ဘာမဟုတ်သည့် ကွန်ပျူတာ ပြဿနာကို ရှာရင်းဖြင့် ညနေစောင်းထိ အချိန်ကုန်ခဲ့သည်။ ညပိုင်း (၇)နာရီလောက်တွင် သူငယ်ချင်း၏ ဖခင်က တောင်ငူရှိ ရွှေဆံတော်စေတီတော်ကို လိုက်လံပို့ဆောင် ပေးပါသည်။ ရွှေဆံတော်ဘုရား၏ သမိုင်းကို မေးကြည့်ရာ သိသူနည်းသဖြင့် သေချာမသိရှိခဲ့ပါ။ ရွှေဆံတော် စေတီတော်သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် မုဒ်ဦး လေးခုရှိပါသည်။ ရင်ပြင်တော်သည် အနည်းငယ် ကျယ်သည်။ ဘုရားဖူးပြီး အပြန်လမ်းတွင် လူအုံနေသော အကြော်ဆိုင် ကို တွေ့ရာ အကြော်ဝယ်ပါသည်။ ရရှိသော အကြော်များမှ ပြောင်းဖူးကျော်နှင့် ကြက်သွန်ကြော်များ ဖြစ်ပါသည်။ အကြော်ကို ဆီထမင်းဖြင့် တွဲရောင်းနေပါသည်။ ၎င်းတို့၏ အကြော်ကို စားရဖို့ တော်တော်ကို စောင့်ခဲ့ရပါသည်။ မိမိတို့တည်းခိုသည့် နေရာရောက်တော့ ကြက်သွေးခဲ၊ ပဲဟင်းနှင့် ရုံပတီးသီးကြော်ဟင်းတို့ဖြင့် ထမင်းစားကြပါသည်။ ထို့နောက် မြ၀တီရုပ်မြင်သံကြားမှ ပြသနေသော လူရွှင်တော်ဖလား ဗိုလ်လုပွဲကို ကြည့်ကြပါသည်။ လူရွှင်ဖလားမှာ ဗိုလ်လုပွဲဖြစ်သည့်အတွက် တော်တော်ရယ်စရာ ကောင်းလောက် အောင် ပြက်လုံးများ ထုတ်ကြလေသည်။ ထို့နောက် ခရီးပန်းလာသည့်အတွက် ည(၁၀)နာရီတွင် အနားယူ အိပ်စက်ခဲ့ကြပါသည်။ တနင်္ဂနွေနေ့ နံနက်(၈)နာရီမှ အိပ်ယာမှ နိုးပါသည်။ ရေချိုးပြီးသည်နှင့် သူငယ်ချင်း၏ ဖခင်က ၎င်း၏ ကားဖြင့် ဘုရားဖူး သွားရန် စီစဉ်လေသည်။ ကားမောင်းမည့်သူ သွားရောက်ခေါ်ပြီး ကောင်းမှုတော် စေတီတော်သို့ သွားရောက်ဖူးမျှော် ကြပါသည်။ ကောင်းမှုတော်စေတီတော်၏ သမိုင်းကြောင်းလည်း မေး၍ မရခဲ့ပါ။ ထိုနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဘေးလမ်းကြားမှ ၀င်၍ သွားရသော ဇီးဖြူပင်ဆရာတော် ဓမ္မရိပ်သာသို့ သွားရောက်ကြပါသည်။ ဇီးဖြူပင်ဆရာတော် ဓမ္မရိပ်သာ သည် မြို့ပင်ရှိ တောအုပ်ပတ်ဝန်းကျင်လေးတွင် ဘုန်းကြီးကျောင်းနှင့် ဓမ္မရိပ်သာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ဆရာတော် ကျောင်းသို့ ရောက်သည်နှင့် ဆရာတော်ကို ဖူးတွေ့ကြပါသည်။ မိမိတို့ ဆရာတော်ကြီး၏ ကျက်သရေ ကျောင်းဆောင်တော်သို့ ရောက်ရှိသည့်အချိန်တွင် ဆရာတော်ကြီး ဘေးတွင် သံဃာတော်ဆရာတော်နှစ်ပါးနှင့် လူကြီးတစ်ယောက်၊ ကလေးငယ် တစ်ယောက် တို့က ခြေဆုပ်လက်နှယ် ပြုလုပ်နေကြပါသည်။ ဆရာတော်ကြီးက ရယ်စရာ စကားများပင် မိန့်နေသေးသည်။ ဆရာတော်ကြီးသည် သက်တော် တော်တော်ကြီးမည်ဟု ခန့်မှန်း မိပါသည်။ အသားအရည်မှာ စင်ကြယ်သော အသားအရည်ကို မြင်တွေ့ခဲ့ရပါသည်။ ဆရာတော်ကြီးသည် တန်ဆောင်မုန်း လဆန်း(၈)ရက်နေ့တွင် သက်တော်(၁၀၀)တိတိ ပြည့်မှာ ဖြစ်ကြောင်းလည်း သိခဲ့ပါသည်။ ထို့နောက် ၀ိပဿနာတရားထိုင် အားထုတ်ရာ ဓမ္မာရုံအား ကြည့်ရှုခဲ့ပြီး ပြန်ခဲ့ကြပါသည်။ အပြန်လမ်းတွင် ဆရာတော်ကြီးသည် ရဟန္တာများ ဖြစ်လေမလားဟု တွေးတော မိသည်။ ထိုအတွေးဖြင့် ဆရာတော်ကြီးကို ကြည်ညိုနေမိသည်။ မိမိ၏ တွေးတောမှုကို မအောင့်နိုင်တော့ပဲ သူငယ်ချင်း၏ ဖခင်ကို မေးကြည့်မိရာ ဆရာတော်ကြီးကို ရဟန္တာဟု တောင်ငူမြို့သူမြို့သားများက သမုတ်ထားကြောင်း ပြောဆိုပါသည်။ ဆရာတော်ကြီးကို ခြေဆုပ်လက်နှယ်မပြုစုလိုက်ရသည့်အတွက် ၀မ်းနည်းသလို ခံစားရသည်။ သို့သော် ငါ ဒီတစ်သက် ရဟန္တာ သူမြတ်ကို ဖူးတွေ့ပြီးပြီဟု တွေးမိပြီး ပီတိဖြစ်မိသည်။ ဤခရီးစဉ်ကိုလည်း ကျေနပ်မိသည်။ ထို့နောက် ပျဉ်းမနားသို့ ရထားဖြင့် ပြန်ရန် ဘူတာသို့ ထွက်ခဲ့ကြပါသည်။ ရထားသည် ၁၁း၂၀ တွင် ဆိုက်ရောက်မည့် ရထားဖြစ်သော်လည်း ၁၂း၂၀ မှ ဆိုက်လေသည်။ အထက်က ပြောခဲ့သလိုပင် မြန်မာ နိုင်ငံ၏ အချိန်တိကျမှုသည် နှိုင်းစရာပင် မရှိပါ။ (နှိုင်းလို့လည်း မရပါ) အပြန်ခရီးတွင် မိမိ ဖူးတွေ့ခဲ့ရသော ရဟန္တာ ဆရာတော်ကြီးအား တွေးဖူးမျှော်ကြည်ညိုရင်း လိုက်ပါ ခဲ့ပါတော့သည်။ မောင်စေတနာ
28.7.08
IDM အမြဲတမ်း သုံးနိုင်ဖို့
အဆင့်(၁)။ ပထမဦးစွာ idman512.exe ကို Install လုပ်ပါ။
အဆင့်(၂)။ Install လုပ်ပြီးပါက Start ဘားတန်းထောင့်တွင် IDM သင်္ကေတ ပုံစံလေး ပေါ်နေပါလိမ့်မည်။
အဆိုပါ သင်္ကေတလေးအား Exit လုပ်၍ ပိတ်လိုက်ပါ။
အဆင့်(၃)။ Start မှ All programs မှ Internet Download Manager ကို Right Click နှိပ်၍ Properties ကို ရွေးလိုက်ပါ။ Properties Box ပေါ်လာပါက Find Target batton လေးကို နှိပ်လိုက်ပါ။ IDM Box ပေါ်လာပါလိမ့်မည်။ ထိုအထဲသို့ မိမိ ဒေါင်းလုပ်ယူထားသော IDM.Patch ဖိုဒါထဲမှ ဖိုင်(၄)ခုကို Copy ယူ၍ Past ချလိုက်ပါ။
အဆင့်(၄)။ ရောက်သွားပါက Patch.exe ဆိုသည့် ဖိုင်လေးကို ကလစ်လိုက်ပါ။ အောက်ပါ ပုံလေး ပေါ်လာပါ လိမ့်မည်။
Patch ခလုပ်လေးကို နှိပ်ပါ။ Patch Done ဖြစ်သွားပါက IDMan.exe ကို ကလစ်လုပ်ပါ။ အမြဲတမ်း အသုံးပြု၍ ရပါပြီ။ လိုအပ်ချက်များ ရှိပါက ကျွန်တော်၏ အီးမေးလ်သို့ မေးမြန်းနိုင်ပါတယ်။
21.7.08
Window XP SP3 ယူမလားဗျို့
20.7.08
17.7.08
Memory Stick Format ချလို့မရရင် ဒီလိုလုပ်ပါ
www.myanmaritpros.com
Folder လေးတွေကို အရောင်ပြောင်းမလား
15.7.08
မန်းမြေသို့ ရောက်ရှိခဲ့ခြင်း
“ သူငယ်ချင်း ... ငါပါ ... မင်း မန္တလေး လိုက်မှာလား ”
“ ဟ ကောင်းတာပေါ့ ... ငါလဲ မန္တလေး မရောက်ဖူးသေးဘူး ... မင်း ဘယ်တော့သွားမှာလဲ ... ”
“ ၁၁ ရက်နေ့လေ .. လိုက်မယ်ဆို လက်မှတ်ဖြတ်ထားလိုက်မယ်နော် ”
“ အေး ကောင်းတယ် သူငယ်ချင်း. ဖြတ်ထားလိုက် ”
မန္တလေး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို ဖူးချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ခရီးသွားခြင်းကို ၀ါသနာမထုံသော၊ ပျင်းသော ကျွန်တော့်အတွက် ရောက်အောင် လဲ မကြိုးစားသလို ရောက်ဖို့လဲ ကံမပါခဲ့သည့်အတွက် မန္တလေးတွင် ဦးလေးတစ်ယောက် ရှိသော်လည်း တစ်ကြိမ် တစ်ခါမှ မရောက်ခဲ့ပါ။ ယခုလဲ သူငယ်ချင်းက ဖုန်းနဲ့ လှမ်းမေး၍ ပြီပြီးရော ဆိုပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ၁၁ ရက်နေ့ ရောက်သော် ကျွန်တော် ဘ၀တွင် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ခရီးသွားခါနီးတွင် အလုပ်အမြဲပေါ်၊ အမြဲရှုပ်သော ဖြစ်စဉ် ဖြစ်ပေါ်လာခဲ့သည်။ မန္တလေး ရထားက ည ၁၀ နာရီထွက်မှာ။ ည ၈ နာရီအထိ အလုပ်က လုပ်နေရတုန်း။ ခရီးအစီအစဉ် ပျက်ပြီးလို့ကို ထင်ခဲ့သည်။
သို့သော် မဟာမြတ်မုနိဘုရားကြီးကို ဖူးဖို့ ကံပါလာ၍ ထင်သည်။ ည ၈ နာရီခွဲတွင် ဆိုင်ကယ်ဖြင့် ဘူတာရုံသို့ လိုက်ပို့သဖြင့် သူငယ်ချင်းဖြင့် တွေ့ပြီး မန္တလေးသို့ ရောက်ခဲ့လေသည်။ ကျွန်တော် ခရီးမသွားခြင်းရခြင်း အဓိက အကြောင်းရင်းက မြန်မာနိုင်ငံရှိ ရထားကိုစီးရသည့် အတွက်ကြောင့် ဖြစ်သည်။ အင်မတန် နှေးသည့်အပြင် ဘူတာတိုင်း ရပ်ခြင်း ဖြစ်သည်။ စိတ်ညစ်စရာ အရမ်းကောင်းသည်။ ခရီးမတွင် ။ အချိန်ကုန်သည့်အတွက် ရထားစီးရမည့် ခရီးဆိုလျှင် ရှောင်ခဲ့သည်။ ထိုနေ့ကလဲ ရထားက နှေး၊ ဘူတာတိုင်း ရပ် ဆိုတော့ စိတ်ကုန်နေသည့် စိတ်က ပိုစိတ်ကုန်ခဲ့သည်။
မန္တလေးဘူတာသို့ နံနက် ၇ နာရီကျော်တွင် ရောက်ရှိသည်။ သူငယ်ချင်းက အိမ်က ကားကို ခေါ်ထားသည့် အတွက် အဆင်ပြေသည်။ စနေနေ့နှင့် တနင်္ဂနွေ နှစ်ရက်စလုံးကို နေရာအနှံ့ ပို့ပေးမည်ဟု ဆိုသည်။ စနေနေ့ နံနက်တွင် မန္တလေးသို့ရောက်ပြီး အရင်ဦးစွာ မန္တလေးဘူတာတွင် နံနက်စာ စားကြသည်။ ဆိုင်တွင် ထမင်းသုတ် မှာစားရာ ပန်းကန်အကြီးကြီးဖြင့် ထမင်းသုတ်ကို လာချပေးသည်။ အရံအဖြင့် ငံပြာရည်၊ တိုစရာနှင့် မုန့်ဟင်းခါး ဟင်းရည် (ကျွန်တော်တို့အတွက်တော့ ရန်ကုန်မုန့်ဟင်းခါး ဟင်းရည်နှင့် တစ်ခြားစီပင်) လာချပေးသည် ။ ထူးထူး ဆန်းဆန်း ဆိုတော့ အံ့သြော်မိသည်။ ဒါနဲ့ စားသောက်ကြည့်သည်။ လက်ရာက ညံ့ထော်နေသည်။ သို့သော် ဗိုက်ဆာ နေ၍ တစ်ပန်းလုံး ကုန်သွားသည်။
မန္တလေးဘူတာမှ သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်က မန္တလေး ကျုံးကြီးရှေ့တွင်ဖြစ်သည်။ အိမ်ရောက်ပြီး မကြာပါ။ မန္တလေးမြို့ကို စတင် လည်ပတ်သည်။ အရင်ဦးစွာ ဦးပိန်တံတားသို့ ပို့ပေးသည်။ ဦးပိန်တံတားတွင် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြသည်။ ပြီးနောက် ကဏာန်း ကောင်ကြီးများသည် စားချင်စဖွယ် ဖြစ်နေသည့် အတွက် တစ်ကောင် ၃၀၀ ဖြင့် ၀ယ်စားကြည့်ရာ အဆင်မပြေပါ။ ထို့နောက် ရတနာပုံတက္ကသိုလ်ကို အပြင်မှ ကြည့်ခဲ့သည်။ ရတနာပုံတက္ကသိုလ်သည် ရန်ကုန်ရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်များထက် များစွာ သာလွန် ကောင်းမွန်ပါသည်။
အဲဒီနောက် မန္တလေး ကန်တော်ကြီးရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်ပြီး လေညင်းခံ အသုတ်များ ၀ယ်စားကြသည်။ အသုတ်များမှာ ခါကြက်ဥသုတ်၊ (ကျွန်တော်တို့ အတွက်တော့ ထူးဆန်းသော နာမည်ဖြစ်သည်၊ သုတ်ထားတာက မုံလာဥနီကို သုတ်ထားခြင်း ဖြစ်သည်။)၊ ခရမ်းချဉ်သီးသုတ်နှင့် ကျောက်ပွင့်သုတ် တို့ ဖြစ်သည်။ ညနေစောင်းချိန်တွင် မဟာမုနိဘုရားကြီးကို သွားရောက် ဖူးပါသည်။ နောက် အိမ်သို့ ပြန်နားခဲ့ကြသည်။
တနင်္ဂနွေနေ့မှာတော့ နံနက်ပိုင်း လဘ္ကက်ရည်သောက်ပြီး မန္တလေးကျုံးထဲရှိ မြနန်းစံကျော် နန်းတော်ကို ၀င်ရောက် ကြည့်ရှုကြသည်။ သိပ်ကို အံ့သြေ ခဲ့ရသည်။ ရှေးတုန်းက မြန်မာလက်ရာများ ကမ္ဘာ့အဆင့်မီမှန်း သိခဲ့ရသည်။ မင်းတုန်းမင်း ထိုင်ခဲ့သော ပလ္လင်၊ သီပေါမင်း ထိုင်ခဲ့သော ပလ္လင်၊ နန်းဆောင်များ၊ မျှော်စင်များ အသေးစိတ် ကြည့်ရှုခဲ့သည်။ ကင်မရာ မယူသွားခဲ့ခြင်းကြောင့် နောင်တရမိသည်။ နောက်တစ်ခေါက် ရောက်ဖို့ ဆိုတာ မလွယ်ကူပါ။
နေ့လည်ပိုင်းတွင် မန္တလေး တောင်ပေါ်သို့ တက်ခဲ့သည်။ မန္တလေးတောင်က နိမ့်သည်ဟု ထင်ရသော်လည်း တကယ်တမ်း တက်ကြည့်တော့ တော်တော် မြင့်သည်။ အပေါ်ရောက်တော့လဲ ရှုခင်းက တော်တော်လှသည်။ မန္တလေး တစ်မြို့လုံးကို မြင်ရသည်။ ဧရာဝတီမြစ်ကြီးနှင့် မန္တလေးမြို့၏ အလှသည် အင်မတန်မှ ရှုချင်စဖွယ် ဖြစ်နေသည်။
ညနေပိုင်းကျသော ၆ လပိုင်းထဲမှာ ဧရာဝတီမြစ်ထဲက တွေ့ရှိတဲ့ ပေါ်တော်မူ ဘုရားငါးဆူကို သွားရောက်ဖူးမျှော် ခွင့်ရခဲ့သည်။ ဤဘုရားများကို မိမိဘ၀တွင် ဖူးတွေ့ဖို့ဆိုသည်မှာ အင်မတန်မှ ခဲရင်းလှသည်။ ကြုံကြိုက်မှုသည် ဆန်းကြယ် လှပါသည်။ ဤခရီးစဉ်ကိုလည်း ကျေနပ်မိသည်။ လိုက်ပို့သော သူငယ်ချင်းကိုလဲ အင်မတန်မှ ကျေးဇူးတင်မိသည်။
ညပိုင်းရောက်တော့ ရွှေမန်းသူ ကားဖြင့် ပြန်လာခဲ့သည်။ နှစ်ရက်လုံး ပင်ပန်းခဲ့သည့်အတွက် ကားပေါ်တွင် မိမိ ကြုံခဲ့ရသော အတွေ့အကြုံလေးများကို စဉ်းစားရင်း လိုက်ပါလာတော့သည်။
9.7.08
Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း
8.7.08
Window Installing စာအုပ် ဖြန့်ဝေခြင်း
ကြက်ဖတိုက်ကြရအောင်
6.7.08
Google Desktop လုပ်ရအောင်
4.7.08
ရွှေတွင်းတူးရအောင်
စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း
စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း
3.7.08
ကျွန်တော်အကြိုက်ဆုံး ကာတွန်းရေးဆရာ၊ စာရေးဆရာ
ကျွန်တော်အတွက်တော့ ကြုံတိုင်းရွာလေးရယ်၊ တောထဲက သားရဲတိရိစ္ဆာလေး တွေရယ်၊ တောတွင်း သဘာဝ မြင်ကွင်း ရှုခင်းတွေက ကျွန်တော်ကို စွဲလမ်းစေခဲ့ပါတယ်။ ကျွန်တော် စွဲလမ်းခဲ့တဲ့ ကာတွန်းရေးဆရာက အခုတော့ ကွယ်လွန်ခဲ့ပါပြီ။ ကျွန်တော် အင်မတန်မှ နှမျှောမိပါတယ်။ တန်ဖိုးရှိလှတဲ့ ကာတွန်းရေးဆရာ၊ စာရေးဆရာ တစ်ယောက် အတွက်ပါ။
အခုလဲ ကာတွန်းဆရာ၊ စာရေးဆရာ ဆွေမင်း(ဓနုဖြူ)ရေးသားတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ဖတ်ချင်သူများအတွက်ပါ။ စာအုပ်လေးက ဘ၀တစ်ခု အမှတ်တရ စာအုပ်လေးပါ။

